သစ်ကြားသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 24, 2020 . 2 mins read
Share now

အညိုရောင် အခွံမာမာလေး အောက်က အဆီပြည့်ပြည့်လေးနဲ့ ဦးနှောက်နဲ့ ပုံသဏ္ဍာန်တူတဲ့ သစ်ကြားသီး စားရတာကို သဘောကျတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သစ်ကြားသီး စားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရရှိနေလဲ ဆိုတာကို သိဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

သစ်ကြားသီးမှာပါတဲ့ အာဟာရ

စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ သစ်ကြားသီးမှာ

သစ်ကြားသီးကပေးတဲ့ ကျန်းမာရေး

အရသာရှိတဲ့ သစ်ကြားသီးက

သွေးတွင်း ကိုလက်စထရော ကျဆင်းစေတယ်

သစ်ကြားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ polyphenol၊ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ ခေါ်တဲ့ အပင်ကနေရတဲ့ Omega-3 fatty acid တစ်မျိုး ပါဝင်နေတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံး ကျန်းမာစေပါတယ်။

လေ့လာမှု ရလဒ်တွေအရ သစ်ကြားသီး စားသုံးပေးတာက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်။ လို့ သိရပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေတယ်

သစ်ကြားသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။

ဒါတင်မကသေးပါဘူး။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်နိုင်တဲ့ အမျိုးအစား (၂) ဆီးချို၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

သစ်ကြားသီးမှာ အစာခြေစနစ် တလျှောက်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို အာဟာရ ဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် သင့်ကိုယ်ရော သင့် အစာခြေစနစ်က အကျိုးပြု ဘက်တီးရီးယားတွေကိုပါ ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးမှာပါ။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

သစ်ကြားသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အကြောင်းကတော့ သစ်ကြားသီးမှာ polyphenol ellagitannins ကြွယ်ဝတာကြောင့်ပါ။

သစ်ကြားသီး စားသုံးပေးတာက ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ရာရောက်ပါတယ်။

ဆီးချို ကာကွယ်ပေးတယ်

သစ်ကြားသီးက အမျိုးအစား (၂) ဆီးချို ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးကို နေ့စဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲလောက် စားသုံးပေးတာက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၄၇ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ပါတယ်။

ဆီးချိုရောဂါ ခံစားနေရသူတွေ အနေနဲ့လည်း သစ်ကြားသီး စားသုံးပေးမယ်ဆိုရင် ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။

သိမြင်မှု စွမ်းရည် တိုးစေတယ်

သစ်ကြားသီးမှာ micronutrients၊ phytosterols၊ linoleic acid နဲ့ polyphenolics တို့ ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးစေနိုင်ပါတယ်။ သစ်ကြားသီး ပုံမှန်စားသုံးပေးတာက လှုပ်ရှားနိုင်မှု စွမ်းရည်၊ မှတ်မိနိုင်စွမ်းနဲ့ သိမြင်မှု စွမ်းရည်တွေကိုပါ တိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်မှာ ခန္တာကိုယ်ယိုယွင်းလာမှုကြောင့် ကိုယ်အလေးချိန် ထိမ်းသိမ်းဖို့ ခက်ခဲလာပါတယ်။ ဒါပေမယ့် ရိုးရှင်းတဲ့နည်းလမ်းတွေသုံးပြုပြီး ထိမ်းညှိလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

စမတ်ဖုန်း ကျန်းမာရေး ဂိမ်းဆော့ တံတောင်ဆစ် ညနက် လူငယ် မျက်လုံး အမြင်အာရုံ ဇက်ကြော အရိုးအဆစ် မျက်လုံးခြောက် အလင်းတန်း မျက်စဉ်း ရေခဲဝတ် ညောင်းကိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

အိမ်မြှောင် ကျန်းမာရေး ကလေး လူကြီး နေအိမ် အင်းဆက်ပိုးမွှား သစ်သီးဝလံ ရေချိုးခန်း ကြမ်းပြင် နံရံ မစင် အညစ်အကြေး Salmonella ပိုးသတ်ဆေး ခြင်ဆေး စားစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

နေအိမ် အိမ်သန့်ရှင်းရေး အမှိုက် ဖုန်တက် လေ့ကျင့်ခန်း အိပ်ရာ မီးဖိုချောင် အိမ်သာ ရေချိုးခန်း ရောဂါပိုးမွှား ကိုဗစ် ကပ်ဘေး ဖျားနာ စိတ်ဖိစီး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read