အသားရမ်းစားချင်နေတာ ဒီအချက်တွေကြောင့်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဟဲလို……. အစားတလိုင်းလေးတို့ရေ အသားမှအသားစားချင်တယ်လို့များ ဖြစ်နေပြီလား…….. ဘာပဲစားစားအာသာမပြေဘူး။ အသားမှအသားပဲ စားချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီလိုပြောရတဲ့အကြောင်းက အသားစားချင်နေတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကို ပြနေတဲ့ အချက်တစ်ခုဖြစ်နေနိုင်တာကြောင့်ပါ။

ပရိုတင်းအရင်းအမြစ်တစ်ခုပါ

အသားက ခန္ဓာကိုယ်က ကြွက်သားတွေနဲ့အရိုးတွေ ကြံခိုင်သန်စွမ်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်ခုပါ။ ကိုယ်ခံအားကောင်းစေနိုင်သလို သွေးအားနည်းရောဂါတွေမဖြစ်အောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ ပရိုတင်းက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်ဆိုရင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင်စားသုံးမိဖို့လိုပါမယ်။

အသားမှအသား စားချင်နေတာ ဘာကြောင့်များလဲ………….

တစ်နေ့တာမှာ အသားမပါရင် မစားနိုင်ဘူး။ ဘာစားစား အသားစားရမှ အာသာပြေတယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်နော်။

အသားကိုကြိုက်လို့

ဘာစားစား အာသာမပြေဘူး။ အသားစားလိုက်ရမှာအာသာပြေတယ်ဆိုတာ သင်ဟာ ငယ်စဉ်ကတည်းက အသားကိုနှစ်နှစ်ခြိုက်ခြိုက်စားသုံးလာခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ အခြားဟင်းတွေထက်အသားဟင်းကိုမှ စားချင်နေတယ်ဆိုတာ သင်က တကယ့်ကို အသားကြိုက်သူမို့လို့ပါ။ ဒါကြောင့် အသီးအရွက်နဲ့ အသား၊ငါးကို မျှမျှတတစားသုံပေးဖို့ပြောပါရစေနော်။

ပရိုတင်းနည်းနေလို့

ပရိုတင်းဓာတ်နည်းတာက အလွယ်တကူသိရှိနိုင်ဖို့ခက်ပါတယ်။ ဒါပေမယ့် သိသာတဲ့ လက္ခဏာတစ်ခုက ခန္ဓာကိုယ်ထဲမှာ ပရိုတင်းနည်းလာတဲ့အခါ အရင်က အသားသိပ်မကြိုက်ရင်တောင်မှ အသားတွေအရမ်းစားချင်လာတာမျိုးဖြစ်နိုင်ပါတယ်။ နောက်ထပ်သိနိုင်တာတစ်ချက်ကတော့ ကိုယ်တွင်းမှာ ပရိုတင်းဓာတ်နည်းသူတွေဟာ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်နည်းနေနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အသားတွေအရမ်းစားချင်နေတာက ကိုယ်တွင်းမှာ ပရိုတင်းဓာတ်နည်းနေတာကြောင့်ပါနော်။

သွေးအားနည်းနေလို့

အနီရောင် အသားတွေကိုမှစားချင်စိတ် တဖွားဖွားပေါ်နေတာရဲ့ နောက်ထပ်ဖြစ်နိုင်ခြေတစ်ရပ်က ကိုယ်တွင်းမှာ သံဓာတ်အားနည်းပြီး သွေးအားနည်းနေတာကြောင့်ပါ။ သံဓာတ်အားနည်းတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သံဓာတ်ပြည့်ဝစေဖို့အတွက် အနီရောင်အသား၊ ကြက်သား၊ ပင်လယ်ငါးတွေစားပေးလို့ရပါတယ်။ ဇင့်ဓာတ်ချို့တဲ့တာကလည်း အသားစားချင်စိတ်ကိုဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ရှိနေလို့

ကိုယ်ဝန်ဆောင်မေမေတွေမှာလည်း ပုံမှန် အသားစားချင်စိတ်ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်ဘဲ အသားစားချင်စိတ်အရမ်းပြင်းပြနေမယ်၊ အိမ်ထောင်လည်းရှိမယ်ဆိုရင်တော့ ဆီးစစ်ကြည့်ပါ။ ဘေဘီလေးရှိနေတာလည်းဖြစ်နိုင်ပါ။

သရေစာတွေ စားချင်စိတ်များနေလို့

တစ်ခါတလေမှာ သင့်အနေနဲ့ အသားအရမ်းစားချင်နေတဲ့အကြောင်းက သရေစာတွေစားချင်နေလို့ပါ။ ချိစ်ဘာဂါ၊ ချိစ်ပီဇာနဲ့ အဆီတွေ၊ ပရိုတင်းတွေများတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့အစားအစာတွေကို စားချင်နေတဲ့အခါမျိုးမှာလည်း အသားစားချင်တဲ့စိတ်မျိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အသားစားချင်တာက သရေစာကို အငမ်းမရစားချင်နေတာရဲ့ လက္ခဏာတစ်ရပ်ဆိုတာ သတိရပါ။
ပင်ပန်းနေလို့

ခန္ဓာကိုယ်မှာ အားတွေကုန်နေတဲ့အခါမှာ၊ သံဓာတ်အားနည်းနေတဲ့အခါ။ ပင်ပန်းနေတဲ့အခါမျိုးတွေမှာလည်း အသားစားချင်စိတ်အရမ်းဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ အသားအပြင် ငါး နဲ့ သံဓာတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်၊ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ ဟင်းသီးဟင်းရွက်တွေက သင့်ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။

အသားမှအသား စားချင်နေတယ်ဆိုရင် စားသာစားလိုက်ပါ။ ဒါမှ ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရတွေပြည့်ဝပြီး ကျန်းမာစေနိုင်မှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ညဘက်မှာ အချဉ်စားလို့ရလား

အိပ်ယာဝင်၊ အချဉ်၊ အစာအိမ်၊ ယုံတမ်းစကား၊ အလေ့အထ၊ လန်းဆန်းကျန်းမာ၊ ညစာ၊ ဗီတာမင် C၊ သစ်သီးဝလံ၊ citric acid အချဉ်ပေါက်၊ ဗိုက်အောင့်၊ ဗိုက်နာ၊ ချောင်းဆိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ

ကလေး အာဟာရ ကျန်းမာဖွံ့ဖြိုးဖို့ သစ်သီး  ဗီတာမင် C ဗီတာမင် A ကိုယ်ခံအား အမျှင်ဓာတ် အမြင်အာရုံ ဒိန်ချဉ် အရိုး နဲ့ သွား ကယ်လ်ဆီယမ် အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဘေဘီလေးတို့ အိပ်ပျော်စေဖို့

ဘေဘီလေး အိပ်ပျော်စေမယ့်နည်းလမ်း မေမေ ဆည်းလည်းလေး အိပ်ရာဝင် အလေ့အထလေး အိပ်ရာဝင်ချိန် ခပ်ဖွဖွလေး နှိပ်ပေးပါ အုန်းဆီ မုန်ညှင်းဆီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဆေးဖက်ဝင်နဂါးမောက်သီးအကြောင်း

နဂါးမောက် နဂါးမောက်သီး အာဟာရတန်ဖိုး သွေးတိုးရောဂါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမျှင်ဓာတ် ဝမ်းချုပ်ခြင်း ကိုလက်စထရော နာတာရှည်ရောဂါ နှလုံးရောဂါဖြစ်နိုင်ခြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ပဲပိစပ် နဲ့ သတိပြုစရာများ

ပဲပိစပ် နဲ့ သတိပြုစရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 3 mins read
သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read
ဘေဘီလေးက ပိုချစ်လာအောင် ဖေဖေ လုပ်သင့်တဲ့ အချက် (၇) ချက်

ဘေဘီလေးက ပိုချစ်လာအောင် ဖေဖေ လုပ်သင့်တဲ့ အချက် (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read
တညင်းသီးက အာဟာရဖြစ်လို့လား။

တညင်းသီးက အာဟာရဖြစ်လို့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 8, 2020 . 2 mins read