backup og meta

အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး

    ရှောက်ဘီလူးက ကြည့်လိုက်ရင် အခွံမှာ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးပေမယ့်ဆေးဖက်ဝင်တာတော့ အမှန်ပါ။ အရုပ်ဆိုးတယ်ဆိုတဲ့ ရှောက်ဘီလူးသီးလေးက ဘယ်လို ဆေးဖက်ဝင်တာလဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်ကြမယ်လေ။

    ရှောက်ဘီလူး ဆိုတာ

    သံပုရာသီး အရွယ်အစားလောက်ပဲ ရှိပြီး အခွံကတော့ သံပုရာသီးလို လုံးချောလေး မဟုတ်ဘဲ ဖုတွေ ထစ်တွေနဲ့ပေါ့။ အချဉ် အရသာရှိပြီး အတွင်းကတော့ သံပုရာသီးနဲ့ ခပ်ဆင်ဆင်ပါ။ အခွံကိုလည်း ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးလို့ ရပါတယ်။ အထူးသဖြင့် ထိုင်းအစားအစာတွေထဲမှာ ထည့်သုံးကြတာ များပါတယ်။ မြန်မာလူမျိုးတွေ ခံတွင်းတွေ့ကြတဲ့ တုန်ယမ်း ဟင်းရည်ထဲမှာ အမွှေးအကြိုင်အတွက် ရှောက်ဘီလူးသီး အခွံကို ထည့်သုံးကြပါတယ်။

    ရှောက်ဘီလူးသီးကနေ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ

    ရှောက်ဘီလူးသီး စားသုံးမှုက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

    ခံတွင်းကျန်းမာစေနိုင်တယ်

    အသီးကို စားပေးရင်ဖြစ်ဖြစ် ထက်ခြမ်းခြမ်းပြီး သွားတွေ၊ သွားဖုံးတွေပေါ်မှာ ပွတ်တိုက်ပေးရင်ဖြစ်ဖြစ် ခံတွင်းကို ကျန်းမာစေပြီး သွားဖုံးနဲ့ သွားတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ သွားတိုက်ဆေးနဲ့အတူရောပြီးတော့လည်း သုံးပေးလို့ရပါတယ်။

    သွေးသန့်စေနိုင်တယ်

    သွေးနဲ့ပတ်သက်တဲ့ရောဂါတွေ။ နာတာရှည်သွေးရောဂါတွေခံစားနေရတဲ့ သူတွေနဲ့အထူးသင့်တော်ပါတယ်။သွေးထဲမှာရှိတဲ့pathogensတွေကိုဖယ်ရှားပေးပြီးသွေးသန့်စေနိုင်ပါတယ်။ အသည်းနဲ့ ခန္ဓာကိုယ်တွင်းထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေနိုင်တယ်

    ရှောက်ဘီလူးသီးမှာပါတဲ့ ဒြပ်ပေါင်းတွေကနာကျင်ရောင်ရမ်းမှုကိုလျော့ကျစေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာအစာမကြေတာ၊ အစာအိမ်အနာဖြစ်တာ၊ အူမကြီးကင်ဆာ လိပ်ခေါင်းရောဂါရှိသူတွေနဲ့ သင့်တော်ပါတယ်။

    အင်းဆက်တွေကို နှိမ်နှင်းနိုင်တယ်

    အင်းဆက်တွေကို နှိမ်နှင်းပေးနိုင်တ့ အာနိသင်ရှိပြီး အင်းဆက်တွေကြောင့်ဖြစ်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ အရေပြားမှာ အင်းဆက်ကိုက်ခံရတာတွေအတွက်လည်းရှောက်ဘီလူးသီးကို သုံးပေးလို့ရပါတယ်။

    အသားအရေအတွက် ကောင်းကျိုးပြုတယ်

    ရှောက်ဘီလူးသီး အရည်ကို အလှကုန်ပစ္စည်းတွေနဲ့ တွဲသုံးပေးတာက အသားအရေကို ကြည်လင်လှပစေနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်းပါဝင်နေတာကြောင့် ဆဲလ်တွေကို ပြုပြင်ပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်နိုင်ခြေကိုလျှော့ချပေးပါတယ်။ အရေပြားကို ကျန်းမာလှပစေမယ့် သဘာဝဆေးတစ်မျိုးပါ။

    နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တယ်

    စိတ်ဖိစီးမှုကို သက်သာစေနိုင်တယ်

    စိတ်ဖိစီးမှုနဲ့ အာရုံကြောပြဿနာ အမျိုးမျိုးအတွက်လည်း ရှောက်ဘီလူးသီးက အစွမ်းထက်ပါတယ်။ စိတ်ဖိစီးမှု များတဲ့အခါ ရှောက်ဘီလူးသီးကို ရှူပေးပါ။ စိတ်ပူပန်မှု သက်သာစေဖို့ အတွက်လည်း ရှောက်ဘီလူးသီးကို ရှူပေးလို့ ရပါတယ်။

    ကိုယ်ခံအား ကောင်းစေနိုင်တယ်

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကို တိုးတက်စေနိုင်ပါတယ်။ အသားအရေကနေစလို့ ကိုယ်တွင်း အင်္ဂါတွေအထိ ကျန်းမာစေနိုင်ပါတယ်။

    ဆံသား ကျန်းမာစေနိုင်တယ်

    ရှောက်ဘီလူးသီးရဲ့ အရည်ကရော အရွက်ကပါ ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ဦးရေပြားကို အစိုဓာတ် ထိန်းပေးနိုင်ပြီး ဗောက်မထအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားကို အရောင်တောက်စေနိုင်ပြီး လှပနေစေမှာပါ။

    အရုပ်ဆိုးပေမယ့် ဆေးဖက်ဝင်တဲ့ ရှောက်ဘီလူး လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement