ဆိတ်နို့သောက်ရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

နို့လို့ပြောလိုက်တယ်ဆိုရင် လူတော်တော်များများပြေးမြင်ကြတာက နွားနို့ကိုပါ။ ဒါပေမယ့်သောက်လို့ရတာက နွားနို့တစ်ခုတည်းမဟုတ်ပါဘူး။ ဆိတ်နို့၊ကျွဲနို့နဲ့မြင်းနို့တို့ကလည်းသောက်လို့ရပါတယ်။ ဆိတ်နို့ဆိုရင် နွားနို့ထက် ပိုမွှေးသလို ပိုလည်းဆိမ့်ပါတယ်။ ဒီတစ်ခေါက်တော့သောက်ရတာဆိမ့်ပြီး အရသာရှိလှတဲ့ ဆိတ်နို့အကြောင်းလေးနည်းနည်းလောက်ပြောပြပါရစေ။

ဆိတ်နို့အကြောင်း တစ်စေ့တစောင်း

ဆိတ်နို့က အရသာရှိသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းတော်တော်လေးများပါတယ်။ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်နဲ့ အာဟာရဓါတ်တွေစုံလင်စွာပါဝင်နေတဲ့အတွက်သောက်သုံးဖို့ သင့်တော်တဲ့နို့တစ်မျိုးပါ။ ဆိတ်နို့မှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ သကြားဓါတ်၊ ဆိုဒီယမ်တို့ပါဝင်နေသလို ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ဇင့်တို့လိုမျိုး သတ္တုဓါတ်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်တွေအနေနဲ့ကတော့ ဗီတာမင် A၊ ဗီတာမင် B နဲ့ ဗီတာမင် C တို့ပါဝင်နေပါတယ်။

ဆိတ်နို့ကနေရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေက

အရိုးတွေသန်မာစေနိုင်တယ် – ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်သလို အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဆိတ်နို့က နွားနို့ထက် ကယ်လ်ဆီယမ်ပါဝင်မှုများပြီးဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ အာဟာရပြည့်သောက်စရာပါ။

နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တယ် – ဆိတ်နို့က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလို အစာမကြေတာမျိုးဖြစ်မှာကိုလည်း မစိုးရိမ်ရပါဘူး။ အစာအိမ်ဝေဒနာရှိသူတွေအတွက်လည်းသောက်သုံးပေးလို့ရပါတယ်။

အာဟာရပြည့်ဝစေနိုင်တယ် – ဆိတ်နို့ရဲ့ အားသာချက်တစ်ခုက လူနို့တွေ၊ နွားနို့တွေထက် အာဟာရပါဝင်မှုများတာပါ။ အစာမကြေတာမျိုးမရှိဘဲ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးဖြည့်တင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေနိုင်တယ် – အာဟာရပြည့်ဝတဲ့ ဆိတ်နို့က ခန္ဓါကိုယ်မှာနေ့စဉ်လိုအပ်တဲ့ ဗီတာမင် B နဲ့ ကယ်လ်ဆီယမ်တို့ကို ၄၀ ရာခိုင်နှုန်းအထိဖြည့်တင်းပေးပါတယ်။ သံဓါတ်ြဖည့်တင်းပေးတာကြောင့်သွေးအားနည်းရောဂါနဲ့ သံဓါတ်ချို့တဲ့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ် – ဆိတ်နို့မှာပါတဲ့ Fatty Acids ကခန္ဓါကိယ်အတွက် အကျိုးပြုပြီး သွေးတွင်းကိုလက်စထရောပမာဏတိုးတာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာ နဲ့ အခြားသောနှလုံးသွေးကြောဆိုင်ရာရောဂါတွေမခံစားရအောင် ကာကွယ်ပေးပါတယ်။သွေးကြောတေါကိုပြေလျော့စေပြီးသွေးတိုးကျစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ် – ဆိတ်နို့မှာ နွားနို့ထက် ဆီလီနီယမ်ပါဝင်မှုပိုများပါတယ်။ ဒီဓါတ်က ကိုယ်ခံအားေကာင်းစေဖို့အတွက် အရေးပါတဲ့ ဓါတ်တစ်ခုပါ။ ခန္ဓါကိုယ်ကို ဖျားနာမှုတွေကင်းဝေးအောင်လုပ်ဆောင်ပေးပြီး ကူးစက်ရောဂါပိုးတွေကနေ ကာကွယ်ပေးပါတယ်။

ကြီးထွားသန်မာစေနိုင်တယ်ပရိုတင်းကြွယ်ဝတာကြောင့် ဆိတ်နို့က ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေ၊ ကြွက်သားတွေနဲ့ အရိုးတွေ ကြီးထွားဖွံ့ဖြိုးဖို့အထောက်အပံ့ပေးပါတယ်။ ကျန်းမာပြီး ခန္ဓါကိုယ်ကြီးထွားသန်မာစေဖို့ စားသုံးပေးသင့်ပါတယ်။

သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်တယ် – ဆိတ်နို့ကသွေးတွင်းမှာရှိနေတဲ့ အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။

အစာခြေစနစ်ကျန်းမာစေနိုင်တယ် – ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်နိုင်အောင်လုပ်ဆောင်ပေးပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်တာ၊လေပွတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကင်းဝေးစေနိုင်ပါတယ်။

အရေပြားအစိုဓါတ်ထိန်းပေးတယ် – ဆိတ်နို့မှာပါတဲ့ အကျိုးပြု ကိုလက်စထရောတွေနဲ့ fatty Acid တို့က အသားအရေကို စိုပြည်လှပစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေကို စိုပြည်လှပစေမှာ အသေအချာပါ။ ဆိတ်နိုပမျာပါတဲ့ Latic အက်ဆစ်က အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းလက်တောက်ပစေနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရင်သားကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 15, 2020 . 2 mins read

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာက ထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

ကလေးကို အကောင်းဆုံးသော အရာတွေကို ပေးချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒ ပြည့်ဝဖို့ကိုလည်း မိဘတိုင်းက အကောင်အထည်ဖော်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ကိုဗစ်ကာလမှာ လူတိုင်းလိုလို ပျောက်ဆုံးနေတဲ့အရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ကိုဗစ်ကာလ မဖြစ်မနေ မှီဝဲပေးသင့်တဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read