စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 2 mins read
Share now

စပျစ်သီးလို့ဆိုလိုက်ရင် ခရမ်းရောင်လေးတွေကိုပဲ ပေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ စပျစ်သီးက ခရမ်းရောင်၊ အနီရောင် နဲ့ အစိမ်းရောင်ဆိုပြီး အမျိုးမျိုး ရှိတာပါ။

ဒီထဲကမှ စပျစ်သီး စိမ်းစိမ်းလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီးစိမ်းစိမ်းလေးက ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးပါရစေ။

စပျစ်သီး စိမ်းစိမ်းလေးကပေးတဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းလေးကို စားသုံးပေးတာက

သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ်

စပျစ်သီး စိမ်းစိမ်းလေးတွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို စုပ်ယူပေးပြီး ကောင်းတဲ့ ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

စပျစ်သီး အစိမ်းရောင်က ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ နှလုံးသွေးကြောကျဉ်းတာ အပါအဝင် နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ပေးတယ်

အစိမ်းရာင် စပျစ်သီး အခွံမှာ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ပါဝင်သလို ဓာတ်တိုးဆန့်ကျင် အနိသင်တွေလည်း ပါဝင်နေတာကြောင့် ကင်ဆာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာအူမကြီးကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အရိုး သန်မာစေတယ်

အစိမ်းရောင် စပျစ်သီးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊phosphorus၊ မဂ္ဂနိ့၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

ဝိတ်ကျစေတယ်

အစိမ်းရောင် စပျစ်သီးက အဆီ ပါဝင်မှု နည်းသလို၊ ကယ်လ်လိုရီ နဲ့ ကိုလက်စထရော ပါဝင်မှုလည်း နည်းပါတယ်။ အစိမ်းရောင် စပျစ်သီး စားသုံးတာက ကိုယ်တွင်းက အဆီတွေကို ကျစေပြီး ဝိတ်ကျစေဖို့ အထောက်အကူ ပေးပါတယ်။

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စိတ်ဖိစီးမှု ပြေလျော့စေတယ်

စပျစ်သီး အစိမ်းရောင်မှာ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ မဂ္ဂနီဆီယမ် နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။

အသည်းကျန်းမာစေတယ်

အစိမ်းရောင် စပျစ်သီးက ညစ်ညမ်းမှုတွေကြောင့် အသည်း ထိခိုက်တာ၊ ဆေးဝါးတွေ။ အရက်၊ ကဖင်း စတာတွေကြောင့် အသည်းထိခိုက်တာတွေကို လျော့ပါး သက်သာစေနိုင်ပါတယ်။ အသည်းကျန်းမာစေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဒါတွေအပြင် အစိမ်းရောင် စပျစ်သီးက

  • အမြင်အာရုံ ကျန်းမာစေတယ်
  • ဦးနှောက် စွမ်းဆောင်ရည် ကောင်းစေတယ်
  • ဝမ်းမှန်စေတယ်
  • သွေးတိုးသက်သာစေတယ်
  • ဆီးချို ထိန်းညှိပေးတယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • အရွယ်တင်နုပျိုစေတယ်
  • အရေပြား ကျန်းမာစေတယ်
  • အိပ်ပျော်စေတယ်။စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရပါသေးတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားသလဲ။ ယုံတမ်းစကားတွေက ဘာတွေလဲ။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရမှသာ ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာနားလည်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကင်ဆာရောဂါများ, အခြားကင်ဆာများ ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

Eye Sunburn နေပူရှိန်ပြင်းပြင်းထဲ အချိန်အကြာကြီး ရပ်နေမိရင် မျက်လုံးတွေ ပြာဝေပြီး မူးသလိုလို မော်သလိုလို ဖြစ်လာတာကို Eye Sunburn လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read