အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 3, 2020 . 2 mins read
Share now

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံက အတော်လေး အရေးပါပါတယ်။

လူတွေက အစားအသောက်လို့ ပြောလိုက်ရင် အာဟာရဖြစ်ဖို့ထက် ခံတွင်းတွေ့ဖို့ကို အဓိကထား စားသုံးကြပါတယ်။  တကယ်ကတော့ အစားစားတဲ့အခါ အာဟာရဖြစ်ဖို့ဆိုရင် ခံတွင်းတွေ့ဖို့ထက် ကျန်းမာရေးနဲပ ညီညွတ်စေဖို့က ပိုအရေးအကြီးပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို အရေးပါတယ်လို့ ပြောရတဲ့ အကြောင်းအရင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ခန္ဓာကိုယ်ကို အင်အားဖြစ်စေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်ဆိုတာကို သိသူက ခပ်ရှားရှားပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက အခုလိုလည်း ကျန်းမာရေးကို ထောက်ပံ့ပေးပါသေးတယ်။

  • နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်တာ၊ ကင်ဆာ နဲ့ အစာရေမျိုပြဿနာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
  • သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
  • သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပါတယ်။
  • ကျန်းမာသွက်လက်စေပါတယ်။
  • အအေးမိဖျားနာ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။
  • နာမကျန်းတဲ့အခါ မြန်မြန် သက်သာလာစေတယ်။ ထိခိုက်ဒဏ်ရာတွေကို မြန်မြန် သက်သာစေတယ်။
  • အင်အားပြည့်ဝစေတယ်။
  • စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်။
  • အဝမလွန်အောင် ကာကွယ်ပေးနိုင်တယ်။

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို စားသောက်ရမလဲ………..

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုဆိုတာက စားသုံးတဲ့ အစားအစားထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေတာပါ။ အာဟာရ ပြည့်ဝစွာ စားသုံးလေလေ ခန္ဓာကိုယ်က ကျန်းမာလေလေပါ။

ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ ဖြစ်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ

သစ်သီးတွေစားပေးပါ

သစ်သီးတွေက သဘာဝအမျှင်ဓာတ်ကို အကောင်းဆုံးဖြည့်ပေးနိုင်မယ့် စားစရာတွေပါ။ ဒါကြောင့် သစ်သီးတွေကို ပုံမှန်လေး စားပေးပါ။ ဖျော်ရည် ဖျော်သောက်တာထက် အသီးကို စားပေးတာက အမျှင်ဓာတ် ပိုရစေပါတယ်။

ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

နေ့စဉ် စားသုံးမှုမှာ ဟင်းသီးဟင်းရွက်တွေကို အရောင်အသွေး စုံလင်အောင် စားသုံးပေးပါ။ ဒီလို စားသုံးတာက လိုအပ်တဲ့ ဗီတာမင်တွေကို ပြည့်ဝစေမှာပါ။

ဆန်၊ ဂျုံ စတာတွေကို စားပေးပါ။

စ်နေ့တာ စားသုံးမှုမှာ ထမင်း၊ ပေါင်မုန့်ကြမ်း၊ ခရက်ကာ၊ ဆီရီယယ်လိုမျိုး ကောက်နှံတွေကနေရတဲ့ အစားအစား အရင်းအမြစ်တွေ ပါဝင်စေဖို့လည်း ဂရုပြုပါ။

နို့၊ အဆီထုတ်ထားတဲ့ နို့ သောက်ပါ။

နီု့က အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ ဗီတမင် D ကို ဖြည့်ပေးနိုင်ပါတယ်။ အဆီပိုတွေ ကင်းစေဖို့တော့ အဆီထုတ်ထားတဲ့ နို့ကို ရွေးချယ်ပေးပါ။

အဆီမပါတဲ့အသား စားပါ။

အဆီ မပါတဲ့ အနီရောင်အသား၊ အရေခွံမပါတဲ့ ကြက်သားစတာတွေကို စားပေးပါ။ ဒီလို စားသုံးမှုက အဆီနဲ့ ကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပြည့်ဝစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

အခြား ပရိုတင်း အရင်းအမြစ်တွေကိုလည်း စားပေးပါ။

အသားတွေမစားဘူးဆိုရင်တော့ ပရိုတင်းရရှိစေဖို့ ငါး၊ ပဲအမျိုးမျိုး၊တို့ဟူး၊ ပဲပြား စတာတွေကို စားပေးလို့ ရပါတယ်။

ကျန်းမာတဲ့ စားသောက်မှုပုံစံရစေဖို့ ဘယ်လို ပြောင်းလဲယူရမလဲ။

အခုလောလောဆယ်မှာ ကျန်းမာတဲ့ စားသောက်မှုပုံစံ မရှိဘူးဆိုရင်တောင်မှ ကျန်းတဲ့စားသောက်မှုကို အလေ့အကျင့်ဖြစ်စေဖို့ တဖြည်းဖြည်းချင်း ပြောင်းလဲ ယူလို့ ရပါတယ်။

ဒီလိုပြောင်းလဲမှုနဲ့အတူ ပိုကျန်းမာလာတာ၊ ခန္ဓာကိုယ်က ပိုမို သန်စွမ်းလာတာကို တွေ့ရမှာပါ။ အချိုရည်တွေအစား ရေကိုပဲ သောက်တာ၊ အဆီပြည့် နို့အစား အဆီထုတ်နို့ကို ပြောင်းသောက်တာ၊ ဆီကြော်စာတွေအစား သစ်သီးတွေကို ပိုစားပေးတာ၊ အဆီများတဲ့ အသားတွေအစား အဆီမပါတဲ့ အသားကို စားပေးတာ၊ သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ မုန့်တွေအစား ဂျုံကြမ်းပေါင်မုန့်ကို စားပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

ဆီသွတ်ဗူးတွေ အစား လတ်ဆတ်တဲ့ အသား၊ သစ်သီးတွေကို စားပေးတာ၊ အသင့်စား၊ အမြန်စားတွေအစား ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစားတွေကို စားသုံးတာမျိုး လုပ်ပေးပါ။ တစ်လလောက် မွေးမြူလိုက်ရင်ကို ထိရောက်တဲ့ ကျန်းမာရေး အကျိုးသက်ရောက်မှုကို ခံစားမိမှာပါ။

Takeaway

ကျန်းမာသန်စွမ်းစေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသော်ကမှုပုံစံရရှိစေဖို့ဆိုရင်

  • အချိုရည်တွေအစား ရေကိုပဲ သောက်ပါ။
  • အဆီပြည့် နို့အစား အဆီထုတ်နို့ကို ပြောင်းသောက်ပါ။
  • ဆီကြော်စာတွေအစား သစ်သီးတွေကို ပိုစားပေးပါ။
  • အဆီများတဲ့ အသားတွေအစား အဆီမပါတဲ့ အသားကို စားပေးပါ။
  • သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ မုန့်တွေအစား ဂျုံကြမ်းပေါင်မုန့်ကို စားပေးပါ။
  • ဆီသွတ်ဗူးတွေ အစား လတ်ဆတ်တဲ့ အသား၊ သစ်သီးတွေကို စားပေးပါ။
  • အသင့်စား၊ အမြန်စားတွေအစား ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစားတွေကို စားသုံးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အင်ဆူလင် နှင့် အလွဲများ

အင်ဆူလင် နှင့် အလွဲများ ............................ သင်ရော ဘာတွေ မှားသိထားသေးလဲ ဆန်းစစ်ကြည့်ရအောင်လား...........

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ ဘာတွေစားမလဲ …………

ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ ဘာတွေစားမလဲ ............ ကိုဗစ်ကြောင့်ရောင်ရမ်းမှုတွေ သက်သာစေဖို့ ဒါလေးတွေကို စားပေးဖို့ လိုပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့ ဘယ်လိုတွေ ပြင်ဆင်ပေးရမလဲ။ ဒီအကြောင်းအရာလေးကို ဆောင်းပါးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Aye Thi Mon
ရေးသားသူ Aye Thi Mon

ဒေါသတွေ တအားထွက်လာတဲ့အခါ

ဒေါသ တွေ တအားထွက်လာတဲ့အခါ ပြဿနာ ကြီးကြီးမားမား မဖြစ်ခင်မှာ ဒေါသကို သေချာလေး ထိန်းချုပ် ဖြေရှင်းဖို့ လိုပါမယ်။

ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2021 . 3 mins read
သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 2 mins read
ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 1 min read