ဆန်ကပေးတဲ့ အသားအရေ လှပမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read
Share now

ဆန်လို့ပြောလိုက်ရင် စားစရာလို့ ပြေးမြင်မယ် ထင်ပါတယ်။ အကြောင်းကတော့ ဆန်က ထမင်း အနေနဲ့ နေ့စဉ် စားသုံးမှုမှာ အာဟာရ ဖြည့်ပေးနေတာကိုး။ အရသာရှိလှတဲ့ ကြက်ဆီ ထမင်း၊ ဒံပေါက် စတာတွေကလည်း ဆန်ကနေ ဖြစ်လာတဲ့ စားဖွယ်တွေလေ။

ဆန်က ထမင်းအဖြစ်နဲ့ အာဟာရ ဖြည့်ပေးနေတာထက် ပိုပါတယ်။ လူတော်တော်များများ မတွေးမိတာက ဆန်က အရေပြား နဲ့ ဆံသား အလှအပအတွက် ထောက်ပံ့ပေးနိုင်တယ် ဆိုတာကိုပါ။

လေ့လာမှုတွေအရ ဆန်က နေလောင်တာဝက်ခြံနဲ့ အရေးအကြောင်း ဖြစ်တာလိုမျိုး အဖြစ်များတဲ့ အရေပြား ပြဿနာတွေကို သက်သာစေသလို ဆံသားကို ကျန်းမာစေပြီး ဦးရေပြားကိုလည်း ဗောက်ပြဿနာ ကင်းစေနိုင်ပါသေးတယ်။

ဆန်ရဲ့ အလှအပအတွက် အသုံးဝင်မှု

နေ့စဉ် စားသုံးနေတဲ့ ဆန်ကို အလှအပအတွက် အခုလို အသုံးပြုပေးလို့ ရပါတယ်။

Face Powder

ဆန်ကို  face powder အဖြစ် အသုံးပြုပေးလို့ ရပါတယ်။ အဆီပြန်တဲ့သူတွေနဲ့ အထူး သင့်တော်ပါတယ်။ အဆီပြန်မှုကင်းစေပြီး မျက်နှာကို ဖွေးဖွေးလေးနဲ့ လှစေမှာပါ။အသားအရေကို ထိခိုက်မှု ကင်းစေပြီး နေ့စဉ်လည်း အသုံးပြုပေးလို့ ရပါတယ်။

ဆန်ကို မှုန့်ညက်နေအောင် ကြိတ်ပြီး ပြောင်းမှုန့်နဲ့ ရောလိုက်ပါ။ ပြီးရင် လိမ်းနေကျ ပေါင်ဒါမှုန့်တွေကို အသုံးပြုသလို သုံးပေးလို့ ရပါတယ်။ အဆီပြန်မှုကို ကင်းစေပြီး ချွေးပေါက်တွေကို ဖုံးပေးနိုင်မှာပါ။

ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

အရေပြားပေါ်မှာ ဆဲလ်သေတွေ ရှိနေမယ်ဆိုရင် အသားအရေက ကြည်လင်မှု မရှိဘဲ မွဲခြောက်ခြောက် ဖြစ်နေနိုင် ပါတယ်။ အရေပြားပေါ်ကဆဲလ်သေတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး အရေပြား ပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် အရေပြားကို ပုံမှန် သန့်စင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုရင်တော့ မညက်တညက်ကြိတ်ထားတဲ့ ဆန်ခွက်တစ်ဝက်စာ နဲ့ ဂျုံမှုန့် ထမင်းစားဇွန်း ၂ ဇွန်းစာ၊ နနွင်း လက်ဖက်ရည်ဇွန်း တဝက်စာ တို့ကို ရောလိုက်ပါ။ ရေ ဒါမှမဟုတ် rose water လက်ဖက်ရည်ဇွန် တဝက်စာထည့်ပြီး သေချာလေး မွှေပေးပါ။ ပြီးရင် မျက်နှာပေါ်မှာ ခပ်ထူထူလေး လိမ်းပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပါ။ ခြောက်အောင်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

ဒီလို လုပ်ပေးတာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်သလို အရေးအကြောင်းတွေကို လျော့ပါးစေပါတယ်။ အသားအရောင် မညီတာနဲ့ အမဲစက်တွေကို သက်သာစေတဲ့အပြင် အဆီပိုတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

ဝက်ခြံ သက်သာစေတယ်

ဝက်ခြံရှိသူလေးတွေ အများစုက highly sensitive skin အမျိုးအစားပါ။ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုလည်း သေချာလေး စိစစ်ရွေးချယ်ရတဲ့ အသားအရေ ပိုင်ရှင်တွေပါ။ ဒီ အသားအရေပိုင်ရှင်တွေအတွက် အကောင်းဆုံးကတော့ သဘာဝ ပစ္စည်း စစ်စစ်တွေပါ။

ဒါကြောင့် ဝက်ခြံ သက်သာစေဖို့ဆိုရင် သဘာဝ ပစ္စည်း စစ်စစ်ဖြစ်တဲ့ ဆန်မှုန့်ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နနွင်း နည်းနည်း၊ ခရမ်းချဉ်သီး အရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာကို သေချာလေး မွှေပါ။ ပြီးရင် ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လိမ်းပေးပြီး မိနစ် ၂၀ လောက် ထားပါ။ ပြီးရင် ရေအေးနဲ့ ဆေးချပါ။ ဝက်ခြံတွေကို သက်သာစေပြီး ဝက်ခြံ ထပ်မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံကြောင့် နီရဲရောင်ရမ်းတာကို သက်သာစေပါတယ်။ အသားအရေကို အစက်အပြောက် ကင်းစေပြီး ချောမွေ့စေမှာပါ။

Toner အသုံးပြုပေးလို့ ရပါတယ်

အသားအရေကို ကြည်လင်စေပြီး ချွေးပေါက် ကျဉ်းစေဖို့ နဲ့ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် ဆန်ဆေးရည်ကို Toner အဖြစ် အသုံးပြုပေးလို့ ရပါတယ်။ အသားအရေကို ခြောက်သွေ့ ယားယံမှု ကင်းစေမှာပါ။

ဗောက် သက်သာစေတယ်

ဦးရေပြားမှာ အဖြစ်များတဲ့ ဗောက်ပြဿနာကင်းစေဖို့ဆိုရင် ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာကို တစ်ည ရေစိမ် ကြိတ်ပြီး ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်းစာနဲ့ရော၊ ရေနည်းနည်းပြီး မွှေ။ ရလာတဲ့အရောကို ဦးရေပြားမှာ လိမ်းပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူ ပြင်းထန်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပေါ့။ နေထိုင်စားသောက်မှုက နှင်းခူအပေါ်မှာ အများ​ကြီး သက်ရောက်နေပါတယ်။ သေချာဂရုစိုက်သင့်တဲ့ အရေပြားပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ

အသားအရေ Covid-19 Second Wave Stay Home အလှအပ အလှကုန် စျေးဝယ် အိပ်ချိန် ညဘက် အိပ်စက် ရုံးသွား ကပ်ဘေးကာလ အသီးအနှံ ဟင်းသီးဟင်းရွက် ရေဓာတ် အချဉ်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ်လို့ရလား

ကလေး ခေါင်းအုံး ကုတင် ပုခက် စောင် အသက် ရုတ်တရက်သေဆုံးခြင်း ကလေးအိပ်ကုတင် အရေပြား ချည်သား ခေါင်းအုံးအသား မျက်နှာ အသက်ရှူကျပ် ဓာတ်မတည့် မေမေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

အုန်းဆီကို စားစရာလို့ မြင်ခဲပေမယ့် စားကြည့်ရင် ကျန်းမာရေးအတွက် အကျိုးများသတဲ့။ အုန်းဆီလို့ ပြောလိုက်ရင် အလှအပအတွက် သုံးစရာတစ်ခုလို့ပဲ မြင်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Cardio ကစားကြမယ်။

Cardio ကစားကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read
ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ်

ဘိုးဘိုးဘွားဘွားတို့အတွက် စကင်းကဲလ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 24, 2020 . 2 mins read

ကိုယ့်အလှအပတရားကို အကောင်းမြင်စိတ်နဲ့ ကြည့်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read
ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read