နေလောင်ဒဏ်ကို ဘယ်လိုကာကွယ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 21, 2020 . 2 mins read
Share now

နေပူကျဲကျဲကို ထွက်မိတဲ့အခါ ချွေးတလုံးလုံး အသားတွေ ပူစပ်ပြီး ဆိုးရွားတဲ့ဝေဒနာမျိုး ခံစားကြရဖူးတယ် မဟုတ်လား။ မြန်မာပြည်လို အပူပိုင်းဒေသတိုင်းပြည်တစ်ခုမှာ နေပူတာ အထူးအဆန်းမဟုတ်ဘူးဆိုပေမယ့် ပြင်းထန်တဲ့နေလောင်ဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။

အထူးသဖြင့်တော့ အရေပြားကင်ဆာပေါ့။ ဒီလိုကျန်းမာရေးပြဿနာမျိုးကို ရင်မဆိုင်ချင်ဘူးဆိုရင် နေရောင်ခြည်နဲ့ အရေပြား တိုက်ရိုက်ထိတွေ့ရာမှာ ဂရုစိုက်ပြုမူရမှာတွေရှိနေတာကို သိနားလည်ထားဖို့ လိုအပ်မှာပါ။

အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီးတော့ နုနယ်တဲ့အစိတ်အပိုင်းတစ်မျိုးလည်းဖြစ်ပါတယ်။ နေရောင်ခြည်က UV တွေကို တိုက်ရိုက်စုပ်ယူမိတဲ့အခါ အရေပြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံဆုံရတတ်ပါတယ်။

ဒါတွေကိုကာကွယ်နိုင်ဖို့ဆိုရင် အောက်ပါအချက်တွေကို သတိထားလိုက်နာဖို့ လိုအပ်ပါတယ်။

နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက်ထိတွေ့ချိန်ကို လျှော့ချပါ – မနက် ၁၀ နာရီနဲ့ ၄ နာရီအကြားမှာ အပြင်ထွက်သွားလာတာမျိုးကို လျှော့ချဖို့ လိုအပ်ပါတယ်။ ဒီကာလတွေမှာ မလိုအပ်ပဲ အပြင်မထွက်ပါနဲ့။ နေရောင်ခြည်ဟာ အဆိုပါကာလမှာ ပိုမိုပြင်းထန်ပြီးတော့ လူ့အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

ဂရုတစိုက် ဝတ်စားဆင်ယင်ပါ – နေရောင်ထဲထွက်ရမယ်ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ကာကွယ်နိုင်စေမယ့် အဝတ်အစားမျိုးတွေ ဆင်မြန်းဝတ်ဆင်သင့်ပါတယ်။ နေအရမ်းပူနေချိန် အပြင်ထွက်မယ်ဆိုရင် နေကာမျက်မှန်၊ ဦးထုပ်၊ အင်္ကျီလက်ရှည်စတာတွေ ဝတ်ဆင့်သင့်ပါတယ်။

Sunscreen ကို အလေးထားပါ – Sunscreen က သင့်အသားအရေကို ကာကွယ်ပေးနိုင်ပါတယ်။ သေချာဂရုတစိုက်ရွေးချယ်ပြီး စနစ်တကျလည်း သုံးစွဲဖို့ လိုအပ်ပါတယ်။ Sunscreen ဝယ်ယူရာမှာ အနည်းဆုံး SPF 30 ရှိတာမျိုးကိုသာ ဝယ်ယူသင့်ပါတယ်။ ဒါ့အပြင် UV Blocker တစ်မျိုးဖြစ်တဲ့ Zinc Oxide လည်း ၇% ထက်မနည်းပါဝင်တဲ့ Sunscreen မျိုးဖြစ်ဖို့လည်း လိုအပ်ပါတယ်။

Sunscreen သုံးမယ်ဆိုရင် – Sunscreen သုံးတဲ့အခါမှာ လိုက်နာရမယ့် လမ်းညွှန်ချက်တွေရှိပါတယ်။

  • ဆေးမှာလမ်းညွှန်ထားတဲ့ ပမာဏအတိုင်းအတိအကျ လိမ်းကျံပေးဖို့ လိုအပ်ပါတယ်။
  • ရှိသမျှအရေပြားနေရာတွေတိုင်းကို လိမ်းကျံနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် နှာခေါင်း၊ နား၊ လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ကို အဓိကထားလိမ်းကျံပေးဖို့ လိုအပ်ပါတယ်။
  • Sunscreen လိမ်းကျံရာမှာ အရေပြားပေါ်မှာ ထူထဲတဲ့အလွှာမျိုးဖြစ်နေစေဖို့ ထူထူထဲထဲလိမ်းပေးဖို့ လိုအပ်ပါတယ်။
  • တကယ်လို့ ကိုယ်ဝယ်ယူထားတဲ့ Sunscreen မှာ အချိန်ဘယ်လောက်ကြိုတင်ပြီး လိမ်းကြံရမလဲဆိုတာကို လမ်းမညွှန်ထားဘူးဆိုရင် နေရောင်နဲ့မထိတွေ့ခင် ၁၅ မိနစ်နဲ့ မိနစ် ၃၀ အကြားလောက်ကြိုတင်ပြီး လိမ်းပေးပါ။
  • တကယ်လို့ ဆံပင်ပါးတာမျိုး၊ ကတုံးတုံးထားတာမျိုးဆိုရင် ဦးခေါင်းကို Sunscreen လိမ်းကျံပေးလို့ရပါတယ်။ ဦးထုပ်ဆောင်းတာကလည်း ရွေးချယ်သင့်တဲ့နည်းလမ်းပါ။
  • တစ်ကြိမ်လိမ်းထားပြီးရင် မိနစ် ၆၀-၈၀ တိုင်းမှာ တစ်ခါ Sunscreen ပြန်လည်လိမ်းကျံပေးဖို့ လိုအပ်မှာပါ။
  • ကလေးတွေကို Sunscreen လိမ်းကျံပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ သင့်လျော်တဲ့အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

မျက်လုံးကိုလည်း သတိထား – နေလောင်ဒဏ်လို့ တွေးလိုက်ရင် လူတော်တော်များများက အရေပြားကိုပဲ တွေးတောတတ်ကြတယ်။ တကယ်တော့ နေလောင်ဒဏ်ကို မျက်လုံးကလည်း ခံရတတ်ပါတယ်။ UV Radiation တွေဟာ မျက်စိကျန်းမာရေးကိုလည်း အထူးတလည်ထိခိုက်စေတတ်နိုင်တာမို့ နေပူထဲသွားချိန်တွေမှာ နေကာမျက်မှန်လေးတစ်လက်လောက်တော့ ဆောင်ထားဖို့ လိုအပ်မယ်နော်။

နေရောက်ခြည်နဲ့ ထိတွေ့ချိန်ကို သိပါ – နေရောင်ခြည်ကို လုံးဝမထိတွေ့လို့လည်း မဖြစ်ပြန်ပါဘူး။ နေရောင်ခြည်ဟာ လူခန္ဓာကိုယ်က ဗီတာမင် D ကို စုပ်ယူရာမှာ အဓိကကျတဲ့ အရာတစ်ခုပါ။ နေရောင်ခြည်မပါဝင်ပဲ ဗီတာမင် D ကို စုပ်ယူနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ချင်တယ်ဆိုရင်တော့ မနက်ခင်း စောစောပိုင်းနဲ့ ညနေစောင်းနေခြည်နွေးနွေးလေးတွေကိုသာ ခံယူပါ။

Dihydroxyacetone (DHA) – DHA ပါဝင်တဲ့ ဖြန်းဆေးတွေကိုလည်း ဖြန်းပေးလို့ရပါတယ်။ ဒီဆေးတွေက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာမို့ အသားအရေပျက်စီးမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိလာတိုင်းမှာ အပေါ်က အချက်တွေကို လိုက်နာရင်း လိုအပ်တဲ့အကာအကွယ်တွေထားရှိပြီး သတိပြု နေထိုင်ကြဖို့ တိုက်တွန်းပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်စာ ဓာတ်မတည့်လက္ခဏာ မိဘမျိုးရိုး ကိုယ်ခံအားစနစ် အရေပြား အစားအစာ ကလေး ကြက်ဥ အစေ့အဆန် ပဲအမျိုးမျိုး ပင်လယ်စာ နွားနို့ အသက်ရှူကျပ် အင်ပျဉ် အရေးပေါ်ကုသ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

သင့်မျက်နှာလေး Glow ဖို့ရာ ဒီအစားအစာတွေ နေ့စဉ်စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read