backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

နေရောင်ဒဏ်က ကာကွယ်ကြပါ………..


Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

နေရောင်ဒဏ်က ကာကွယ်ကြပါ………..

ခုတလော သိသိသာသာ တိုးလာတဲ့ အပူချိန်ကြောင့် အသားအရေတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေတဲ့ လေဒီလေးတွေ။ ကိုကိုတွေရှိလား…….. ဒါဆိုရင်တော့ နေရောင်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကင်းစေဖို့ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

နေရောင်ခြည်က ဆိုးကျိုးပဲရှိတာလား………

နေရောင်ခြည်က ဆိုးကျိုးပဲရှိတာလား ဆိုတော့ မဟုတ်ပါဘူး။ နေရောင်ခြည်က ကောင်းကျိုးပေးပါတယ်။ မနက်ခင်း နေခြည် နုနုနွေးနွေးလေးက

နေရောင်ကြောင့် အရေပြားမှာ ဘာတွေဖြစ်စေနိုင်လဲ……….

နေရောင် ထိခိုက်နိုင်တာက တော်တော်လေးများပါတယ်။

  • အသားမဲ စေတယ်
  • နေလောင် စေတယ်
  • အရေးအကြောင်းတွေ ဖြစ်စေတယ်
  • တင်းတိပ် ဖြစ်စေတယ်
  • မှဲ့ခြောက် ဖြစ်စေတယ်
  • ဝက်ခြံ ဖြစ်စေတယ်
  • အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်။

အရေပြားရဲ့ ရန်သူတော်များ

အရေပြားကို နေရောင်ကထိခိုက်စေတယ်လို့ လွယ်လွယ်ပြောလေ့ရှိကြပေမယ့် အရေပြားကို ထိခိုက်စေတဲ့ နေရောင်ဆိုတာထက် နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် ကြောင့်ဆိုရင် ပိုမှန်ပါမယ်။ ခရမ်းလွန်ရောင်ခြည်ကရော တစ်မျိုးတည်းလားဆိုတော့ မဟုတ်ပါဘူး။ UVA နဲ့ UVB ဆိုပြီး ကွာခြားပါသေးတယ်။

ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့ UVA နဲ့ UVB (၂၀ မျိုးစလုံးက အသားအရေကို ထိခိုက်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကို ရောက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အမျိုးအစားတွေပေါ့။ နှစ်ခုစလုံးက အရေပြားမှာ နေလောင်တာကို ဖြစ်စေပါတယ်။

ဘာလဲ….. UVA

UVA ဆိုတာက အရေပြားအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တစ်မျိုးပါ။ UVA က

  • အရေပြားကင်ဆာကို ဖြစ်စေနိုင်သလို
  • အရွယ်မတိုင်ခင် အသားအရေအိုမင်းတာ
  • အရေးအကြောင်းတွေဖြစ်တာ၊
  • နေလောင်တာ နဲ့
  • အသားအရောင် မညီတာတွေကို ဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်ထဲမှာ UVA ပါဝင်မှုက UVB ပါဝင်မှုထက် အဆ ၅၀၀ ပိုများပါတယ်။
  • ဘာလဲ.. UVB

    UVB ဆိုတာကလည်း ခရမ်းလွန်ရောင်ခြည် တစ်မျိုးပါ။

    • နေလောင်တာ
    • အသားအရောင် မညီတာ
    • အရေးအကြောင်း တွေဖြစ်တာ
    • အသားမှာ မှဲ့လို အညိုကွက်တွေဖြစ်ပြီး အရေပြားကင်ဆာဖြစ်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ UVA လောက်တော့ အရေပြား အတွင်းပိုင်းအထိ မဝင်ရောက်နိုင်ဘူးပေါ့။

    ဘယ်လိုပြောပြော နှစ်မျိုးစလုံးကတော့ အရေပြားကို ထိခိုက်စေတာပါပဲ။ ဒါကြောင့် အရေပြားကို ထိခိုက်မှုကင်းစေဖို့အတွက် နေရောင်ဒဏ်ကနေ ကာကွယ်တာကတော့ အကောင်းဆုံးပါ။

    နေရောင်ဒဏ်ကို ဘာနဲ့ ကာကွယ်မလဲ…….

    နေရောင်ဒဏ်ကို ကာကွယ်ပေးမယ့် ဇာတ်လိုက်ရှိပါတယ်။ ဒါကတော့ SPF ပါ။ SPF ကို (Sun Protection Factor) လို့ခေါ်ပြီး နေရောင်ခြည်မှာပါတဲ့ UVB ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ UVB ကြောင့် အသားအရေ ပျက်စီးမှုကင်းချင်တယ်ဆိုရင်တော့ SPF ပါတဲ့ နေလောင်ကာခရင်မ်ကို အသုံးပြုတာက အဆင်အပြေဆုံးဖြစ်မှာပါ။

    နေရောင်ထဲမထွက်ခင် အနည်းဆုံး နာရီဝက်အလိုလောက်မှာ နေလောင်ကာခရင်မ် လူးပေးပါ။ နေလောင်ကာခရင်မ် ဆိုတဲ့နေရာမှာလည်း အနည်းဆုံး SPF 15 ပါတာကိုရွေးပေးပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




    Aye Thi Mon မှ ရေးသားသည်။ · 12/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement