သင့်အရေပြားနှင့်သင့်လျော်သောခရင်မ်ကိုရွေးချယ်ပါ။
ကလေးငယ်များ၏အရေပြားဟာထိခိုက်လွယ်သောကြောင့် လူကြီးသုံးသောခရင်မ်များနှင့်မတည့်နိုင်ပါဘူး။ ကုန်ပစ္စည်း တွင် para-aminobenzoic acid(PABA) သို့ benzophenones ပါဝင်ပါက ကလေးငယ်များတွင်မသုံး သင့်ပါဘူး။ ကလေးသုံးနေလောင်ခံခရင်မ်များတွင် titanium oxide နှင့် zinc oxide များပါဝင်ပါတယ်။
- ထိခိုက်လွယ်သောအသားအရေပိုင်ရှင်များအတွက်
အရေပြားပြဿနာရှိပါက ကလေးသုံးနေလောင်ခံခရင်မ်များ ကိုအသုံးပြုသင့်ပါတယ်။ para-aminobenzoic acid(PABA) သို့ benzophenones၊ alcohol ပါသော ပစ္စည်းများကိုမသုံးသင့်ပါဘူး။ titanium oxide နှင့် zinc oxide ပါဝင်သောခရင်မ်ကိုအသုံးပြုသင့်ပါတယ်။
သင့်အသားအရေသည်ဝက်ခြံဖြစ်လွယ်ပါက ခရင်မ်ပုံစံကိုမ ရွေးချယ်သင့်ပါဘူး။
အသားခြောက်သူများသည် moisturizer ပါဝင်သောခရင်မ် ကိုသုံးသင့်ပါတယ်။ ၎င်းတွင် အဆီများပါဝင်ပြီး ခရင်မ် သို့ lotions ပုံစံနှင့်ရနိုင်ပါတယ်။
အသားညိုသူအများစုသည် နေလောင်ခံခရင်မ်သုံးခြင်းဖြင့် အသားအရေကိုမထူးခြားစေနိုင်ဟုယူဆသောကြောင့် သုံးဖို့ ငြင်းပယ်ကြပါတယ်။ သို့သော်လည်း လူတိုင်းနေလောင်၍ အသားအရေပျက်စီးနိုင်သောကြောင့်သုံးဖို့လိုအပ်ပါတယ်။ ဒါကြောင့်သင့်အသားအရေနှင့်လိုက်ဖက်သောနေလောင် ခံခရင်မ်ကိုရွေးချယ်လိုက်ပါ။
နေရောင်ကြောင့်အရေပြားပျက်စီးနိုင်သောကြောင့်အသက် အရွယ်မရွေးနေလောင်ခံခရင်မ်ကိုသုံးသင့်ပါတယ်။ နေရောင်ကြောင့် အရေးအကြောင်းများ၊ အမဲစက်များ ဖြစ် ပေါ်စေပြီး အိုမင်းရင့်ရော်စေနိုင်ပါတယ်။ အသက်ကြီးသူများ အတွက် စပရေးပုံစံနေလောင်ခံခရင်မ်က ပို၍အသုံးဝင်နိုင် ပြီး အသုံးပြုရလွယ်ကူစေနိုင်မှာပါ။
သင့်လျော်သောနေလောင်ခံခရင်မ်ရွေးချယ်ဖို့သိပ်တော့မ လွယ်ကူပါဘူး။ ဝယ်ဖို့မဆုံးဖြတ်မီသင့်အရေပြားအမျိုးအ စား၊ လိုအပ်ချက်နှင့် အညွှန်းကိုသေချာစွာဖတ်ရှုပါ၊
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။