backup og meta

ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်


Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

    အသားအရေ ထိန်းသိမ်းဖို့က အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အလှအပ ကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှု ကင်းစေဖို့ နည်းစနစ် မှန်မှန်နဲ့ အသားအရေ ဘယ်လို စောင့်ရှောက်ရမလဲ သိပြီးရဲ့လား………..

    မသိသေးဘူးဆိုရင် ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းနည်းကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

    ဆယ်ကျော်သက် အရွယ်မှာ အသားအရေ ပြဿနာ ကင်းစေဖို့ဆိုရင်

    သေချာ သန့်စင်ပါ

    ဆယ်ကျော်သက် အရွယ်မှာ အရေပြားက အခြား အသက်အပိုင်းအခြားထက် ပိုပြီး အဆီပြန်နိုင်ပါတယ်။ အဆီပြန်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် အသားအရေကို သေချာ သန့်စင်ဖို့ လိုပါမယ်။

    အရေပြားကို သေချာ သန့်စင်မှ ချွေးပေါက် ပိတ်ဆို့မှု ကင်းပြီး ဝက်ခြံဖြစ်တာကို ကာကွယ်နိုင်မှာပါ။ ဒါကြောင့် မျက်နှာကို ပုံမှန် သေချာလေး သန့်စင်ပေးပါ။ အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး တစ်နေ့ကို မနက် တစ်ကြိမ် ညတစ်ကြိမ် သေချာ သန့်စင်ပါ။

    မိတ်ကပ်တွေကို သေချာ သန့်စင်ဖို့လည်း မမေ့ပါနဲ့။

    အစိုဓာတ် ထိန်းခရင်မ် လိမ်းပါ

    အသားအရေ ခြောက်သွေ့မှု ကင်းစေဖို့ အရေပြားကို သန့်စင်ပြီးတိုင်းမှာ အစိုဓာတ်ထိန်းခရင်မ် ပုံမှန် လိမ်းပေးဖို့ လိုပါမယ်။ အစိုဓာတ်ထိန်းခရင်မ်ဆိုတဲ့နေရာမှာ သဘာဝ ပစ္စည်းတွေက ထုတ်ထားတာဆိုရင် ပိုကောင်းပါတယ်။ နုနယ်တဲ့ အသားအရေကို ဓာတုပစ္စည်းတွေကြောင့် ထိခိုက်မှုကနေ  ကင်းစေဖို့ပါ။

    အသားအရေအတွက် အသုံးပြုတဲ့အခါ ဓာတုပစ္စည်း ပါတာတွေကို ရှောင်ပါ။ အဆီ ပါဝင်မှုနည်းပြီး သဘာဝဆန်တာကိုပဲ ရွေးချယ်ပေးပါ။ ဒါမှ မလိုအပ်ပဲ အသားအရေ ထိခိုက်တာမျိုး မရှိမှာပါ။

    မိတ်ကပ် မလိမ်းပါနဲ့

    မိတ်ကပ်အများစုက အသားအရေကို အရွယ်မတိုင်ခင် အိုမင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလှကြိုက်တယ်ဆိုရင်တောင် မိတ်ကပ်အစား အသားအရေကို အားဖြည့်ပေးမယ့် skincare မျိုးနဲ့ လှအောင် ပြင်ဆင်ဖို့ ပြောပါရစေ။

    ဆယ်ကျော်သက်အရွယ်ဆိုတာ အလှဆုံး အချိန်ပါ။ ဒီကာလမှာ အလှကို မိတ်ကပ် ထပ်ပိုးစရာကို မလိုတာပါ။

    ဆဲလ်သေတွေ ဖယ်ရှားပါ

    အသားအရေ ကျန်းမာစေဖို့ဆိုရင် ဆဲလ်သေတွေ ဖယ်ရှားဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် ဆဲလ်သေတွေ ဖယ်ရှားပေးပါ။ ဒါမှ ချွေးပေါက်တွေ ပွင့်ပြီး အသားအရေက လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်မှာပါ။

    ဆဲလ်သေတွ ဖယ်ရှားတာက ဆားဝက်ခြံနဲ့ ဝက်ခြံတွေ ဖြစ်ပေါ်မှုကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်း တစ်ရပ်ပေါ့။

    အဆီပြန်တာကို ထိန်းပါ

    ဆယ်ကျော်သက်အရွယ်မှာ အဆီပြန်တာက အဖြစ်များပါတယ်။ အဆီပြန်တာကြောင့်ပဲ ချွေးပေါက်တွေ ပိတ်ဆို့တာ၊ ဘက်တီးရီးယားတွေ ပေါက်ဖွားတာ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ ကပ်ညှိတာဖြစ်ပြီး ဝက်​ခြံ အပါအဝင် အရေပြား ပြဿနာ အမျိုးမျိုး ဖြစ်လာပါတေ့တယ်။

    ဒီတော့ အရေပြား ပြဿနာ ကင်းဖို့ဆိုရင် အဆီပြန်တာကို ထိန်းဖို့ လိုပါမယ်။ အဆီစုပ်တစ်သျှူး အသုံးပြုပေးတာမျိုး လုပ်ပေးပါ။

    မိတ်ကပ် ပစ္စည်းတွေ မျှမသုံးပါနဲ့

    မိတ်ကပ်က မလိမ်းတာ အကောင်းဆုံးပါ။ ဒါပေမယ့် သဘောကျလို့ လိမ်းမယ်ဆိုရင်လည်း မိတ်ကပ်ပစ္စည်းတွေ မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။ ဒီလို မျှဝေသုံးစွဲတာက ဘက်တီးရီးယား ကူးစက်ခံရတာနဲ့ အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့ မှိုပိုး ကူးစက်ခံရတာတွေ ရှိလာနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement