backup og meta

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိတယ် ဘာတွေ စားရမလဲ။


Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိတယ် ဘာတွေ စားရမလဲ။

    အရေပြားပြဿနာ မှန်သမျှက မသက်သာပါဘူး။ ဒီထဲမှာမှ အခါခွင့် သင့်ရင် သင့်သလို ပြန်ပြန်ပေါ်လာလေ့ရှိတဲ့ ဆိုရီရေးစစ်(psoriasis) အရေပြား ပြဿနာကို ခံစားနေရတယ်ဆိုရင်တော့ ပိုဆိုးပြီပေါ့။

    ဒီတစ်ခေါက်တော့ ဆိုရီရေးစစ် အရေပြား ပြဿနာ ခံစားနေရသူတွေ သိထားသင့်တဲ့ ဆောင်သင့် ရှောင်သင့်တဲ့ အစားအစာလေးတွေ အကြောင်း ပြောပြပေးသွားမယ်နော်။

    ဆိုရီရေးစစ် ရှိတယ်။ ဘာစားရမလဲ……….

    အစားအသောက်ကလည်း အရေပြား ကျန်းမာရေးကို ထိခိုက်စေပါသတဲ့။ ဒီတော့ ရှိနေတဲ့ အရေပြားပြဿနာလေး ပြန်မထလာစေဖို့ဆိုရင် ဒါလေးတွေ စားပေးပါ။

    ပင်လယ်စာ

    ပင်လယ်စာက အရေပြား ပြဿနာ အများစုနဲ့ မတည့်ပေမယ့် ဆိုရီရေးစစ် သမားတွေအတွက်တော့ ဓာတ်စာပါ။ ဒီလိုပြောရတာက ပင်လယ်စာမှာ အရေပြားကို အာဟာရဖြည့်ပေးတဲ့ Omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေလို့ပါ။

    ဒီတော့ ဆိုရီရေးစစ် အရေပြား ပြဿနာ သက်သာစေဖို့ဆိုရင်

    ဒီလို စားပေးတာက ဆိုရီရေးစစ်ကိုရော ဆိုရီရေးစစ်ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ နှလုံးရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    ထောပတ်သီး

    ထောပတ်သီးက အရသာရှိသလို အသားအရေကိုလည်း ကျန်းမာစေတယ်။ ဆိုရီရေးစစ် သမားတွေနဲ့ အထူး သင့်တော်တယ်။

    ဒီလိုပြောရတာက ထောပတ်သီးက Omega-3 fatty acids ကြွယ်ဝလို့ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် စားရင်ကို သိသိသာသာ သက်သာစေမှာပါ။

    အစေ့အဆန်

    အစေ့အဆန်က ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို အများက လက်ခံထားပြီးသားပါ။ အစေ့အဆန်က polyunsaturated fat အမျိုးအစားဝင် ဖြစ်တာကြောင့် အသားအရေကို ကျန်းမာစေပြီး အရေပြား ပြဿနာတွေကို လျော့ပါးစေနိုင်ပါတယ်။

    အဆာပြေ အနေနဲ့ ဖြစ်ဖြစ်၊ ဆေးဖြစ်ဝါးဖြစ် အနေနဲ့ ဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက် စားပေးစေချင်ပါတယ်။

    ဘလူးဘယ်ရီ

    ဘလူးဘယ်ရီက အသားအရေကို တကယ်ကို အားဖြည့်ပေးတာပါ။ ရောင်ရမ်းမှုကို သက်သာစေသလို အရေပြား ကျန်းမာစေဖို့ အထိရောက်ဆုံး အာဟာရ ဖြည့်တင်းပေး ပါတယ်။

    တစ်နေ့ကို ဘလူးဘယ်ရီ လက်တစ်ဆုပ်စာ စားပေးတာက ဆိုရီရေးစစ် အရေပြား ပြဿနာ အတွက် နည်းလမ်းကောင်းပါ။ ဘလူးဘယ်ရီအပြင် အရေပြား ကျန်းမာစေဖို့

    • ကတွတ်သီး
    • သဖန်းသီး
    • စတော်ဘယ်ရီ
    • သရက်သီး စတာတွေကို စားပေးလို့ ရပါတယ်။

    ဘာတွေ မစားရဘူးလဲ………..

    ဆိုရီရေးစစ် အရေပြား ပြဿနာရှိတယ် ဆိုရင်တော့ ဒါတွေ မစားသင့်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement