မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 4, 2020 . 2 mins read
Share now

မနက်နိုးလာလို့ မှန်ထဲကြည့်တဲ့အခါ အသားလေးကြည်နေရင်နှုတ်ခမ်းလေးက ပန်းရောင်သန်းနေရင်၊ မျက်နှာလေးက ကြည်လင် ဝင်းပနေရင် စိတ်ထဲက ကျေနပ်ပြီး မနက်ခင်းတွေက လှပနေရောဟုတ် လေဒီ

ဒီလို မနက်ခင်းတွေ လှပဖို့ဆိုရင် ညဘက်တွေမှာ လုပ်ဆောင်ရမယ့် အသားအရေ ထိန်းသိမ်းနည်းလေးတွေ ရှိပါတယ်။ ဒီတော့ မနက်ခင်းမှာ လှပနေစေဖို့ ညဘက်တွေမှာ ဘယ်လိုတွေ ထိန်းသိမ်းရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

မနက်ခင်းမှာ လှပစွာ နိုးထနိုင်စေဖို့

မနက်ခင်းမှာ ခေါင်းအစ ခြေအဆုံး လှပနေစေဖို့ဆိုရင်

ခြေလက်တွေ ခြောက်သွေ့မှု ကင်းစေဖို့

ခြေလက်တွေ ခြောက်သွေ့ကွဲအက်မှု ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေလက်သန့်စင်ပြီး ခြေထောက်တွေ၊ လက်တွေကို vaseline နဲ့ သံလွင်ဆီ နည်းနည်းရောပြီး လိမ်းပေးပါ။ ပြီးရင်တော့ လက်အိတ်လေး၊ ခြေအိတ်လေးတွေ စွပ်ပြီး အိပ်ပေးပါ။ မနက်နိုးတဲ့အခါ အစိုဓာတ် ပြည့်ဝပြီး ချောမွေ့အိစက်တဲ့ ခြေလက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ခြေသည်းလက်သည်းလေးတွေ ပန်းရောင်သွေး ကြွယ်စေဖို့

လေဒီလေးတွေကို လှပစေတဲ့အရာတွေထဲက တစ်ခုက ခြေသည်းလက်သည်းလေးတွေ ပန်းရောင်သွေးသန်းနေတာပါ။ ဒီတော့ ခြေသည်းလက်သည်းလေးတွေ ကျိုးပဲ့မှုကင်းပြီး ပန်းရောင်သွေး သန်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ ခြေသည်းလက်သည်းလေးတွေကို အုန်းဆီ ဒါမှမဟုတ် cuticle cream လိမ်းပေးပါ။

အိစက်တဲ့ နှုတ်ခမ်းသားလေး ရစေဖို့

နှုတ်ခမ်းလေးက အိစက်ပြီး နှင်းဆီဖူးလေးလို လှစေဖို့ဆိုရင် ညဘက် သွားတိုက်ပြီးတဲ့အခါ နှုတ်ခမ်းကို အစိုဓာတ်ထိန်းခရင်မ်တစ်ခုခု ဒါမှမဟုတ် lip balm တစ်မျိုးမျိုး လိမ်းပြီး လက်ချောင်းလေးတွေ သုံးလို့ နှိပ်နယ်ပေးပါ။ မနက်ကျရင် နှုတ်ခမ်းသားလေးက အိစက်လှပနေမှာပါ။

မျက်ကွင်းညိုတာ သက်သာစေဖို့

မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေ မဖြစ်စေဖို့ဆိုရင် ည မအိပ်ခင်မှာ မျက်နှာသန့်စင်ပြီး အယ်လ်မွန်စေ့ဆီ အနည်းငယ်ကို မျက်လုံးအောက်ဘက်တဝိုက်မှာ လိမ်းပေးပါ။ ဒီလို လုပ်ပေးတာက ပုံမှန် လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာကို သက်သာစေနိုင်ပါတယ်။

မျက်တောင်လေးတွေ ထူထဲစေဖို့

မျက်တောင်လေးတွေ ထူထပ်စေဖို့ဆိုရင် ညမအိပ်ခင်မှာ မျက်တောင်လေးတွေကို ကြက်ဆူဆီ လိမ်းပေးပါ။ မနက် နိုးတာနဲ့ မျက်နှာသစ်ချပါ။

တောက်ပြောင်တဲ့ ဆံသားရရှိစေဖို့

ဆံသား လှပမှုက လေဒီလေးတိုင်းတောင့်တတတ်တဲ့ အလှတရားပါ။ ဒီတော့ လှပကျန်းမာရှည်လျားတဲ့ ဆံသားပိုင်ဆိုင်နိုင်စေဖို့ဆိုရင် မအိပ်ခင်မှာ အုန်းဆီလိမ်းပြီး အိပ်လိုက်ပါ။ မနက်ခင်း နိုးတဲ့အခါ ခေါင်းကို လျှော်ချလိုက်ရုံပါ။

အရေးအကြောင်း ကင်းစေဖို့

မျက်နှာလေးမှာ အရေးအကြောင်း ကင်းစေဖို့ဆိုရင် ညအိပ်ရာမဝင်ခင်မှာ မျက်နှာကို သေချာ သန့်စင်ပြီး sleeping mask လေး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက အသားအရေကို လိုအပ်တာ အာဟာရ ဖြည့်ပေးရာ ရောက်သလို အရေးအကြောင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အသားအရေလေး ကြည်လင်စေဖို့

အသားအရေလေး ကြည်လင်ပြီး ရေဓာတ် ပြည့်ဝနေစေဖို့ဆိုရင် ညဘက်မှာ အိပ်ရေးဝဝအိပ်ပါ။ အစိုဓာတ်ထိန်းစက်ဖွင့်ပေးပါ။ ညအိပ်ရာ မဝင်ခင်မှာ ရေတစ်ခွက်လောက် သောက်ပေးပါ။

ဒီအလေ့အထလေးတွေကို ပျိုးထောင်ပြီး မနက်ခင်းတိုင်းမှာ လှပစွာ နိုးထလိုက်ရအောင် လေဒီလေးတို့ရေ………..

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခံတွင်းရှင်းပြီး ကျန်းမာစေမယ့် သက်သတ်လွတ် စားဖွယ် ပြင်ဆင်နည်း (၃) သွယ်

စာဖတ်သူဟာ သက်သတ်လွတ်ဆို ဟင်ခနဲ နှာခေါင်းရှုံ့တတ်တဲ့သူလား။ ဒါလေးတွေ မစားကြည့်ရသေးလို့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတာ စိုးထိတ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ရှားစောင်းလက်ပပ်ဟာ အရေပြားအတွက်သာမက ဆံသားအတွက်လည်း အကျိုးရှိပါတယ်။ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဗောက်ကင်းစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 2 mins read
ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား..........

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား……….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 2 mins read
ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ကျန်းမာရေးအာနိသင်

ဆံပင်သန်စေတယ်လို့ သတင်းကြီးတဲ့ ထောလပတ်ရွက်ရဲ့ ထူးခြားလှတဲ့ အခြားကျန်းမာရေးအာနိသင်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
လိင်တံ ဘာလို့ယားယံနေရတာလဲ

လိင်တံ ဘာလို့ယားယံနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read