backup og meta

ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

    ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ ….. မနက်ခင်းက တစ်နေ့တာ အတွက် အရေးအကြီးဆုံးပါ။ မနက်ခင်းမှာ ကြည်လင်စွာ နိုးထနိုင်တာက တစ်နေ့တာလုံးကို အင်အား ပြည့်ဝစွာနဲ့ လုပ်ငန်း တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင် နိုင်စေမှာပါ။ ဒီတော့ မနက်ခင်းတိုင်းကို ကြည်လင် လန်းဆန်းတဲ့ မနက်ခင်း အဖြစ် နိုးထလာနိုင်စေဖို့ ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။

    လူတော်တော်များများ လုပ်မိနေနိုင်တဲ့ မနက်ခင်း အလွဲ

    နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေက အိပ်စက်ချိန်တွေ နည်းလာပါတယ်။ မနက်ခင်းတိုင်းမှာ အိပ်ရေးမဝကြသလို မကြည်လင်မှုတွေနဲ့ နိုးထလာတတ်ကြပါတယ်။

    ဒီလို နိုးထလာတဲ့အခါ လန်းသွားအောင် ဆိုပြီး လူ တော်တော်များများ လုပ်တတ်တာက ကော်ဖီ တစ်ခွက် သောက်လိုက်တာပါ။ ကော်ဖီ သောက်တာက နည်းနည်းဆိုရင် လန်းဆန်းစေတာ မှန်ပေမယ့် အရမ်း များသွားမယ် ဆိုရင်တော့ ပင်ပန်းနွမ်းနယ်မှုကိုပါ ခံစား ရနိုင်ပါသေးတယ်။

    ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

    ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ ဆိုတဲ့အတိုင်း မနက်ခင်းတိုင်းမှာ ကြည်လင် လန်းဆန်းပြီး ခွန်အား ပြည့်နေစေဖို့

    နှိုးစက်နဲ့ မနိုးထပါနဲ့

    မနက်ကို မထနိုင်မှာ စိုးပြီး နှိုးစက်နဲ့ နိုးထကြသူက တော်တော်လေး များပါတယ်။ ဖုန်းမှာ အလွယ်တကူ alarm ပါနေတာ ကြောင့်လည်း ပါပါတယ်။ တကယ်တော့ နှိုးစက်နဲ့ နိုးထတာက အလန့်တကြား နိုးစေပြီး အိပ်ရေးမဝသလို ခံစားရ စေနိုင်ပါတယ်။

    ရေတစ်ခွက် သောက်ပါ

    ပင်ပန်းနွမ်းနယ်မှုက ရေဓာတ် မပြည့်ဝမှုရဲ့ လက္ခဏာ တစ်ရပ်ပါ။ ရေဓာတ်မပြည့်ဝတာက အိပ်ငိုက်စေနိုင်သလို သိမြင်မှု စွမ်းရည်ကိုလည်း ပြောင်းလဲစေနိုင် ပါတယ်။ စိတ်ခံစားမှုကိုလည်း ထိခိုက် စေနိုင်ပါတယ်။

    ဒါကြောင့် မနက် အိပ်ရာထတာနဲ့ ရေတစ်ခွက် သောက်ပါ။ ကြည်လင် လန်းဆန်းပြီး တစ်နေ့တာမှာအင်အားပြည့်ဝစွာ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။

    မနက်ခင်း လေ့ကျင့်ခန်း လုပ်ပါ

    မနက်ခင်း အိပ်ယာ နိုးလာတဲ့အခါ လေ့ကျင့်ခန်း အများကြီး မလုပ်နိုင်ရင်တောင် အကြောလျှော့ပါ။ဒါမှ တစ်ညတာလုံး တင်းရင်းနေတဲ့ ကြွက်သားတွေ ပြေလျော့ပြီး ကြွက်သားတွေဆီ သွေးနဲ့ အောက်ဆီဂျင် ကောင်းကောင်း ရောက်ရှိစေမှာပါ။

    မနက်ခင်းမှာ ၂၅ မိနစ်လောက် အကြောလျှော့တာ၊ ယောဂ လုပ်တာမျိုး လုပ်ပေးမယ်ဆိုရင် အင်အား ပြည့်ဝမှာ ဖြစ်သလို ဦးနှောက် စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

    မျက်နှာသစ်ပါ 

    မနက် အိပ်ရာက ထတဲ့အခါ ရေအေးအေးလေးနဲ့ တစ်မိနစ်ကြာ မျက်နှာသစ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ကြည်လင်စေသလို အသားကိုလည်း အစိုဓာတ် ထိန်းပေးနိုင်မှာပါ။

    မနက်စာ စားပါ

    မနက်စာက တစ်နေ့တာလုံး အကောင်းဆုံး လှုပ်ရှား လုပ်ဆောင်နိုင်စေဖို့ အားဖြည့်ပေးပါတယ်။ မဖြစ်မနေ စားသင့်တဲ့ အစား တစ်နပ်ပါ။ ဒါကြောင့် ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်စေဖို့ဆိုရင် မနက်စာ မဖြစ်မနေ စားပေးပါ။
    မနက်စာ စားမှ အင်အားပြည့်ပြည့်နဲ့ တစ်နေ့တာကို ကျော်ဖြတ်နိုင်မှာပါ။

    ကော်ဖီ လျှော့သောက်ပါ

    ကော်ဖီ  သောက်တာက နည်းနည်းဆိုရင် ပြဿနာ မရှိပေမယ့် များလာမယ်ဆိုရင်တော့ ကဖင်း များလွန်းပြီး ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ပြီး မနက်ခင်းမှာ ကြည်လင်လန်းဆန်းနေစေဖို့ ကော်ဖီ လျှော့သောက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement