သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

မိတ်ကပ်လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။

သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

မျက်နှာအသားအရေကို ထိခိုက်စေနိုင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခုချွေးပေါက်ကျယ်တာပါ။ ဒါ့အပြင်ချွေးပေါက်ကိုကျယ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ သင့်ကိုချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်အချက်ဖြစ်နိုင်မလဲ။

အသက်အရွယ်ကြီးရင့်လာတာကြောင့်

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှချွေးပေါက်တွေက ကျယ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားမှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ (ကော်လာဂျင်) နည်းလာတာကြောင့်ပါ။ ဒါကြောင့် အသက် ၃၀ကျော်လာတဲ့အခါချွေးပေါက်ကျယ်နိုင်ခြေက အရင်ကထက်ပိုများလာနိုင်ပါတယ်။

အသားအရေအမျိုးအစားကြောင့်

အဆီပြန်တတ်တဲ့အသားအရေရှိသူတွေက အခြားသူတွေထက်ချွေးပေါက်ပိုကျယ်နိုင်ပါတယ်။ အရေပြားပေါ်က အဆီပိုတွေနဲ့ဆဲလ်သေတွေကချွေးပေါက်တွေထဲပိတ်ဆို့ပြီးချွေးပေါက်ကို ပိုကျယ်စေနိုင်ပါတယ်။ပေါင်းစပ်အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံးမဟုတ်ဘဲ T-Zoneနေရာဖြစ်တဲ့ နဖူး၊ နှာခေါင်း နဲ့မေးစေ့တို့မှာချွေးပေါက်ကျယ်စေနိုင်ပါတယ်။

အယ်လ်ကိုဟောကြောင့်

အယ်လ်ကိုဟောသောက်သုံးမှုက အသည်းကိုတင်ထိခိုက်စေတာမဟုတ်ပါဘူး။သွေးကြောတွေနဲ့ အဆီဂလင်းတွေကိုပါကြီးစေနိုင်ပါတယ်။ ဒီလိုကြောင့်မေးစေ့နဲ့နှာခေါင်းတဝိုက်ကချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။

ကဲ.. သင့်ကိုချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်တစ်ခုဖြစ်မလဲ။

ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရလား………….

ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရပါတယ်။ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အခုပြောမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။

အသားအရေကို ပုံမှန်သန့်စင်ပေးပါ -ချွေးပေါက်တွေထဲက ပိတ်ဆို့နေတဲ့ အဆီတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် မျက်နှာကို ပုံမှန်သန့်စင်မှုတွေလုပ်ဆောင်ပေးဖို့လိုပါမယ်။

မိတ်ကပ်ကို သတိထားရွေးပေးပါ -ချွေးပေါက်ကျယ်တဲ့သူတွေအနေနဲ့က အဆီများတဲ့ မိတ်ကပ်တွေသုံးလို့အဆင်မပြေပါဘူး။ အဆီများတဲ့ အလှကုန်တွေကချွေးပေါက်တွေကို ပိုကျယ်စေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာလည်း မျက်နှာကိုသေချာလေးသန့်စင်ပေးဖို့လိုပါမယ်။

မျက်နှာပေါ်က ဆဲလ်သေတွေကိုပုံမှန် ဖယ်ရှားပေးပါ – အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်လောက် မျက်နျာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဒီလိုလုပ်ပေးတာက ဆဲလ်သေတွေချွေးပေါက်မှာ ပိတ်ဆို့မှုကြောင့်ချွေးပေါက်ကျယ်တာတွေ မဖြစ်အောင်အထိရောက်ဆုံးတားဆီးပေးနိုင်မှာပါ။ ဒီနေရာမှာ သတိထားရမယ့်တစ်ချက်က ဆဲလ်သေဖယ်ရှားတာကို အလွန်အကျွံမလုပ်မိဖို့ပါ။

ချွေးပေါက်ကျယ်တာကို သက်သာစေမယ့်အရာတွေက ဘာတွေလဲ……..

ချွေးပေါက်ကျယ်စေဖို့ အိမ်တွင်းကုထုံးလေးတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။

ရွှံ့စေးနဲ့မျက်နှာပေါင်းတင်ပါ – ရွှံ့စေးနဲ့ပေါင်းတင်းတာက အဆီပြန်ချွေးပေါက်ကျယ်သူတွေအတွက် ထိရောက်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။ မျက်နျာကိုသေချာလေးသန့်စင်ပြီး ရွှံ့စေးပေါင်းတင်အနှစ်ကို လိမ်းပေးပါ။ခြောက်အောင်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ပြီးရင်အစိုဓါတ်ထိန်းခရင်မ်တစ်ခုခုလိမ်းပေးပါ။

ဒိန်ချဉ် – ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ပါဝင်နေတာကြောင့် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီးချွေးပေါက်ထဲကအညစ်အကြေးတွေကို ဖယ်ရှားပေးပြီးချွေးပေါက်တွေကို တင်းရင်းစေနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်ကို ဒိန်ချဉ်လူးပေးပြီး မိနစ် ၂၀ ခန့်ထားပါ။ပြီးရင်ရေဆေးချလိုက်ပါ။နောက်ဆုံးအဆင့်အနေနဲ့ အစိုဓါတ်ထိန်းခရင်မ်တစ်ခုခုလူးပေးဖို့ မမေ့ပါနဲ့။

ပန်းသီးရှာလကာရည် -ချွေးပေါက်ကျယ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကိုရေနဲ့ဆတူရောပြီး ဂွမ်းစလေးနဲ့တို့လို့ မျက်နှာ အနှံ့မှာလူးပေးပါ။ချွေးပေါက်တွေကိုသန့်စင်ပြီး တင်းရင်းစေပါတယ်။

လိမ္မော်ခွံ – ဖလေဗာနွိုက်ပါဝင်နေတာကြောင့် အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် လိမ္မော်ခွံလတ်လတ်ဆတ်ဆတ်ကို မျက်နှာပေါ်မှာ ပွတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ်ထားပြီး မျက်နှာသစ်ချလိုက်ပါ။

သံပရာရည်ဆဲလ်သေတွေကိုဖယ်ရှားပေးပြီးချွေးပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။ သံပရာရည်နဲ့ရေကို ဆတူရောပြီး မျက်နှာကိုလိမ်းပေးပါ။ချွေးပေါက်တွေကို သန့်စင်တင်းရင်းစေနိုင်ပါတယ်။

ကြက်ဥအကာ – အဆီပိုတွေဖယ်ရှားပေးပြီးချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ သံပရာရည်နဲ့ရောထားတဲ့ ကြက်ဥအကာကို လိမ်းပေးပါ။ မိနစ် ၃၀လောက်ထားပြီးရေဆေးချပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ကျန်းမာရေး အမျိုးသား အစားအသောက် ပျော်ရွှင်စွာ ကျန်းမာတဲ့စားသောက်မှုပုံစံ သစ်သီး ဟင်းသီးဟင်းရွက် အမျှင်ဓာတ် ဆန်လုံးညို ထမင်း အူမကြီးကင်ဆာ အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

လက်သည်းအရှည်ထားတာ ကြိုက်သူတိုင်း ဖတ်ဖို့

လက်သည်း ခြေသည်း အလှအပ ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းမှု လက်သည်းကိုက် အညစ်အကြေး လက်ချောင်း အနာ ဒဏ်ရာ ရောဂါပိုး ဝမ်းလျှော မှိုစွဲ အရေပြား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အသက်အရွယ် အရိုး အရိုးနဲ့ကြွက်သား အာဟာရဓာတ် ကယ်လ်ဆီယမ် ပရိုတင်း အစားအစာတွေ ဒိန်ချဉ် နွားနို့ အရိုးနဲ့သွားတွေ အဆီထုတ်ထားတဲ့နို့ ဆယ်လ်မွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Prebiotic နဲ့ Probiotic ဘာကွာလဲ

Prebiotic Probiotic သားသမီး မေမေတို့ ဘာကွာလဲ အနာဂတ် အစာအိမ်နဲ့အူလမ်းကြောင်း အသက်ရှူလမ်းကြောင်းပြဿနာတွေ ကလေးရဲ့ဦးနှောက် အမျှင်ဓာတ်များတဲ့အစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

မေးစေ့ အောက်က အဆီ ဘယ်လို ကျအောင် လုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
အာလူး နဲ့ ကျန်းမာရေး

အာလူး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020