
ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ဖို့ အချက်ပြနေတာပါ။
(၁) အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာ (ညအိပ်ချိန် တအားဟောက်တာ)
ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကိုအောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့သွေးဖိအားကိုမြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတု့ိဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဟောက်တတ်တဲ့အကျင့်ဆိုတာ ကုသလို့ရပါတယ်။
(၂) အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်တာ
သွေးတွင်းအဆီဓါတ်triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတွေဖြစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါသွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊လေဖြတ်ခြင်းအန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။
(၄) လက်သည်းအောက်မှာ အမည်းစက်လေးတွေပေါ်နေတာ
ထိမိခိုက်မိတာလည်း မဟုတ်ဘဲ လက်သည်းမှာ အမည်းစက်လေးတွေပေါ်လာတာကendocarditis လို့ခေါ်တဲ့ နှလုံးနံရံ သို့မဟုတ် အဆို့ရှင်ပိုးဝင်ခြင်းရောဂါဖြစ်နေတာကိုဖော်ပြတာဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ ဆီးချိုသွေးချိုရှိနေရင်လည်း ဒီလက္ခဏာဖြစ်တတ်တယ်။ ဆီးချိုရှိနေရင် နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။
(၅) ခေါင်းမူးတာ
ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးကသွေးအလုံအလောက်မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။
လက်ချောင်း၊ခြေချောင်းတွေပြာနေတာ၊ ညိုလာတာတွေက နှလုံးသွေးကြောကျဉ်း သို့မဟုတ် ပိတ်ဆို့နေတဲ့အတွက် သွေးလည်ပတ်မှုမကောင်း၊ အောက်ဆီဂျင်မလုံလောက်တာကြောင့်ပါ။ ကိုလက်စထရောအဆီချေးတွေ စုလာတဲ့အခါသွေးကြောငယ်တွေထဲမှာ ပိတ်ဆို့လာပြီး ဒီလက္ခဏာဖြစ်စေတာပါ။ လက်ဖဝါး၊ခြေဖဝါးအရေပြားအောက်မှာသွေးယိုသလို အကွက်အပြောက်တွေဖြစ်လာနိုင်ပါတယ်။
အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာခြေထောက်ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်းဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ခြေထောက်ဖောရောင်ခြင်းကခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက်ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကိုသိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။