အစာအိမ်ရောဂါဘာကြောင့်ဖြစ်ရတာလဲ………….
ဒီနေရာမှာ လူတော်တော်များများယူဆကြတာက အစာအိမ်ရောဂါဖြစ်ရတာက အစားမမှန်လို့လို့ ထင်တတ်ကြပါတယ်။ တကယ်ကတော့ ဒီတစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ အစားစားချိန်မမှန်တာကြောင့် အစာအိမ်ရောဂါဖြစ်နိုင်သလို အစားကိုလိုတာထက်ပိုစားတာ၊ အပူအစပ်တွေစားတာ၊ အက်ဆစ်ပါဝင်မှုလွန်ကဲတာတွေစားသုံးတာ၊ အယ်လ်ကိုဟောသောက်သုံးမှုတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။သောက်သုံးရတဲ့ဆေးဝါးတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။
အစာအိမ်ရောဂါရှိနေတယ် ဘာတွေစားရမလဲ………
အစာအိမ်ရောဂါရှိနေသူတစ်ယောက်အနေနဲ့ အစာအိမ်ကို ထိခိုကစေမယ့်အရာတွေကို မစားမိတာကတော့ အကောင်းဆုံးပါ။ ဒါကြောင့် အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ အစာကြေခဲတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ ကဖင်း၊ အယ်လ်ကိုဟော နဲ့ဆေးလိပ်သောက်သုံးမှုတွေကိုလည်းရှောင်ကြဉ်ဖို့လိုပါမယ့်။ ဒါ့အပြင် အစာခြေအက်ဆစ်အထွက်များစေမယ့် အစားအစာတွေကိုလည်းရှောင်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းက အစာခြေအက်ဆစ်က လိုတာထက်ပိုများတဲ့အခါ အစာအိမ်နံရံတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။