home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

မိတ်ကပ်လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။

သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ

မျက်နှာအသားအရေကို ထိခိုက်စေနိုင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခုချွေးပေါက်ကျယ်တာပါ။ ဒါ့အပြင်ချွေးပေါက်ကိုကျယ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ သင့်ကိုချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်အချက်ဖြစ်နိုင်မလဲ။

  • အသက်အရွယ်ကြီးရင့်လာတာကြောင့်

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှချွေးပေါက်တွေက ကျယ်လာနိုင်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားမှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ (ကော်လာဂျင်) နည်းလာတာကြောင့်ပါ။ ဒါကြောင့် အသက် ၃၀ကျော်လာတဲ့အခါချွေးပေါက်ကျယ်နိုင်ခြေက အရင်ကထက်ပိုများလာနိုင်ပါတယ်။

  • အသားအရေအမျိုးအစားကြောင့်

အဆီပြန်တတ်တဲ့အသားအရေရှိသူတွေက အခြားသူတွေထက်ချွေးပေါက်ပိုကျယ်နိုင်ပါတယ်။ အရေပြားပေါ်က အဆီပိုတွေနဲ့ဆဲလ်သေတွေကချွေးပေါက်တွေထဲပိတ်ဆို့ပြီး ချွေးပေါက်ကို ပိုကျယ်စေနိုင်ပါတယ်။ ပေါင်းစပ်အသားအရေပိုင်ရှင်ဖြစ်မယ်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံးမဟုတ်ဘဲ T-Zoneနေရာဖြစ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာ ချွေးပေါက်ကျယ်စေနိုင်ပါတယ်။

  • အယ်လ်ကိုဟောကြောင့်

အယ်လ်ကိုဟောသောက်သုံးမှုက အသည်းကိုတင်ထိခိုက်စေတာမဟုတ်ပါဘူး။ သွေးကြောတွေနဲ့ အဆီဂလင်းတွေကိုပါ ကြီးစေနိုင်ပါတယ်။ ဒီလိုကြောင့် မေးစေ့နဲ့ နှာခေါင်းတစ်ဝိုက်ကချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။

ကဲ.. သင့်ကိုချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်တစ်ခုဖြစ်မလဲ။

ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရလား………….

ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရပါတယ်။ ချွေးပေါက်ကျယ်တာကို သက်သာစေဖို့ အခုပြောမယ့် အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။

အသားအရေကို ပုံမှန်သန့်စင်ပေးပါ -ချွေးပေါက်တွေထဲက ပိတ်ဆို့နေတဲ့ အဆီတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖို့အတွက် မျက်နှာကို ပုံမှန်သန့်စင်မှုတွေလုပ်ဆောင်ပေးဖို့လိုပါမယ်။

မိတ်ကပ်ကို သတိထားရွေးပေးပါ -ချွေးပေါက်ကျယ်တဲ့သူတွေအနေနဲ့က အဆီများတဲ့ မိတ်ကပ်တွေသုံးလို့အဆင်မပြေပါဘူး။ အဆီများတဲ့ အလှကုန်တွေကချွေးပေါက်တွေကို ပိုကျယ်စေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာလည်း မျက်နှာကိုသေချာလေးသန့်စင်ပေးဖို့လိုပါမယ်။

မျက်နှာပေါ်က ဆဲလ်သေတွေကိုပုံမှန် ဖယ်ရှားပေးပါ – အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်လောက် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဒီလိုလုပ်ပေးတာက ဆဲလ်သေတွေချွေးပေါက်မှာ ပိတ်ဆို့မှုကြောင့်ချွေးပေါက်ကျယ်တာတွေ မဖြစ်အောင်အထိရောက်ဆုံးတားဆီးပေးနိုင်မှာပါ။ ဒီနေရာမှာ သတိထားရမယ့်တစ်ချက်က ဆဲလ်သေဖယ်ရှားတာကို အလွန်အကျွံမလုပ်မိဖို့ပါ။

ချွေးပေါက်ကျယ်တာကို သက်သာစေမယ့်အရာတွေက ဘာတွေလဲ……..

ချွေးပေါက်ကျယ်စေဖို့ အိမ်တွင်းကုထုံးလေးတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။

ရွှံ့စေးနဲ့မျက်နှာပေါင်းတင်ပါ – ရွှံ့စေးနဲ့ပေါင်းတင်းတာက အဆီပြန်ချွေးပေါက်ကျယ်သူတွေအတွက် ထိရောက်တဲ့ အသားအရေထိန်းသိမ်းမှုတစ်ခုပါ။ မျက်နှာကိုသေချာလေးသန့်စင်ပြီး ရွှံ့စေးပေါင်းတင်အနှစ်ကို လိမ်းပေးပါ။ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းပေးပါ။

ဒိန်ချဉ် – ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ပါဝင်နေတာကြောင့် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးပြီးချွေးပေါက်တွေကို တင်းရင်းစေနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်ကို ဒိန်ချဉ်လူးပေးပြီး မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးဖို့ မမေ့ပါနဲ့။

ပန်းသီးရှာလကာရည် -ချွေးပေါက်ကျယ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရောပြီး ဂွမ်းစလေးနဲ့တို့လို့ မျက်နှာ အနှံ့မှာလူးပေးပါ။ ချွေးပေါက်တွေကိုသန့်စင်ပြီး တင်းရင်းစေပါတယ်။

လိမ္မော်ခွံ – ဖလေဗာနွိုက်ပါဝင်နေတာကြောင့် အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် လိမ္မော်ခွံလတ်လတ်ဆတ်ဆတ်ကို မျက်နှာပေါ်မှာ ပွတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ်ထားပြီး မျက်နှာသစ်ချလိုက်ပါ။

သံပရာရည်ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။ သံပရာရည်နဲ့ရေကို ဆတူရောပြီး မျက်နှာကိုလိမ်းပေးပါ။ ချွေးပေါက်တွေကို သန့်စင်တင်းရင်းစေနိုင်ပါတယ်။

ကြက်ဥအကာ – အဆီပိုတွေ ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ သံပုရာရည်နဲ့ရောထားတဲ့ ကြက်ဥအကာကို လိမ်းပေးပါ။ မိနစ် ၃၀လောက်ထားပြီးရေဆေးချပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Types of Acne and How to Treat Themhttps://www.healthline.com/health/beauty-skin-care/types-of-acneAccessed Date 9 September 2019

Different Types Of Acne And How To Treat Them Effectivelyhttps://www.stylecraze.com/articles/different-types-of-acne-and-identify-them/Accessed Date 9 September 2019

How to Get Rid of Acne (Pimples)https://www.medicinenet.com/acne/article.htm Accessed Date 9 September 2019

How To Minimize And Shrink Pores On Your Face Naturallyhttps://www.curejoy.com/content/how-to-minimize-pores-on-your-face-naturally/?utm_source=Popular&utm_medium=FCM&utm_campaign=Push Accessed Date

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 10/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။