ကျိုးပြတ်နေတဲ့ ဆံသားတွေအတွက် ဘယ်လိုဂရုစိုက်ပေးရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မိန်းမတို့ဘုန်း ဆံထုံး တဲ့။ မြန်မာတွေရဲ့အမြင်မှာ ဆံကေသာအလှဟာ မိန်းကလေးတစ်ယောက်ရဲ့အလှတရားထဲ ၇၀ ရာခိုင်နှုန်းလောက်အရေးပါနေပါတယ်။ မယုံရင် ကိုယ့်ဆံပင်ကိုယ် ကတုံးတုံးကြည့်ပါ။ သီလပြည့်ဝလို့ ကြည်လင်နေတဲ့မယ်သီလရှင်တွေကလွဲလို့ အပြင်မှာဆံပင်မပါတဲ့ အမျိုးသမီးတွေ ပိုလှလာတာနည်းပါတယ်။

ဆံပင်ပုံစံနဲ့ မလိုက်တာနဲ့တင် ကိုယ့်ရုပ်ရည်အသွင်အပြင်ကပြောင်းကိုပြောင်းလဲသွားပါတယ်။ ဒီတော့ ဆံသားပျက်စီးလာလို့ အရင်လိုမလှနိုင်တော့မှာကို မစိုးရိမ်ကြဘူးလား။ ဆံပင်ကျိုးပြတ်တာတွေ၊ ဆံသားပျက်စီးတာတွေကို ကုသဖြေရှင်းဖို့ကဗြူးရှင်းဆလွန်းတွေမှာခေါင်းထိုးအပ်လိုက်ရုံနဲ့ အရာရာပြည့်စုံပြီထင်နေတာလား။ ကုထုံးဘယ်လောက်ကောင်းကောင်း ကိုယ်တိုင်ဂရုစိုက်ဖို့လည်းလိုပါတယ်။ အရင်ဆုံး –

ဆံပင်နဲ့ပတ်သက်တဲ့ လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ

ဆံပင်အလှအပအတွက် ကိုယ်လုပ်နေကျအမူအကျင့်တွေကိုပြောင်းလဲပါ။ ဥပမာ ဆံပင်ဖြောင့်စက် မကြာခဏဆွဲတာ၊ ဓါတုပြင်းတဲ့ဆေးတွေသုံးတာ၊ ဆံပင်ခြောက်ခံစက်သုံးတာတွေက ဆံသားကိုပျက်စီးစေတယ်။ ဒါ့ကြောင့် ဓါတုမပြင်းတဲ့ပေါင်းဆေး၊ခေါင်းလျှော်ရည်တွေသုံးပြီး ခေါင်းလျှော်တိုင်း ဆံပင်ကို သဘာဝအတိုင်းအခြောက်ခံပါ။ ကိုယ်က ကုသရတဲ့အနေအထားဖြစ်နေတော့ သဘာဝပစ္စည်းနဲ့ထုတ်လုပ်ထားတာရှာမရရင် baby shampooလေးတွေသုံးတာလည်း အဆင်ပြေနိုင်ပါတယ်။

ဆံပင်ပျော့ဆေးသုံးပါ

ဓါတုပါဝင်မှုမပြင်းတဲ့ ဆံပင်ပျော့ဆေးကိုရွေးချယ်ပြီးသုံးပေးရင် ဆံသားအစိုဓါတ်ကို ထိန်းညှိပေးတဲ့အတွက် လိမ်ကောက်ရှုပ်ထွေးမှုတွေမဖြစ်စေပါဘူး။ ဆံသားကိုချောမွေ့ပြီးပျော့ပျောင်းစေလို့ ဒီအချိန်မှာ ပိုအထောက်အကူဖြစ်စေပါတယ်။

စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှုဆိုးရွားလွန်းရင် ဆံသားကိုပါထိခိုက်စေပြီး telogen effluvium လို့ခေါ်တဲ့ ဆံပင်ကျွတ်ရောဂါတစ်မျိုးဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ကိုယ့်မှာဆံပင်ပျက်စီး၊ ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းသာဆိုရင် စိတ်ကိုဖြေလျှော့ဖို့ ကြိုးစားသင့်ပါတယ်။

စားသောက်မှုပုံစံပြောင်းပါ

ကိုယ်စားသုံးနေတဲ့အစားအသောက်တွေမှာ အရက်ဘီယာ၊အပူအစပ်၊ပြုပြင်စီမံထားတဲ့အစားအစာတွေလိုမျိုး ကျန်းမာရေးနဲ့မညီတာတွေပါဝင်နေမယ်ဆိုရင်ပြောင်းလဲသင့်ပါတယ်။ ဒါတွေကြောင့် ဆံပင်ပျက်စီးရနိုင်ပါတယ်။ကြက်ဥနဲ့ ငါးတွေမှာ ဆံသားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့biotin ပါရှိပြီး အစေ့အဆန်မှာ ဆံပင်သန်စေတဲ့ selenium ပါရှိပါတယ်။ အကောင်းဆုံးက omega-3fatty acids ၊ ပရိုတင်း၊ ဗီတာမင် ဒီ၊ သံဓါတ်နဲ့ဇင့်တို့ လုံလောက်အောင်စားသုံးပါ။

ကြိုတင်ကာကွယ်ဖို့

ဆံသားပျက်စီးမှုကိုကာကွယ်ဖို့ဆို ဒီအချက်တွေကို မမေ့ပါနဲ့ –

  • ခေါင်းလျှော်ပြီးရင် conditioner သုံးပါ။
  • ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်မှာနှိပ်နယ်ပြီးရေနဲ့ဆေးကြောချပါ (ခေါင်းလျှော်ရည်တွေစွတ်ထည့်ပြီး အတင်းပွတ်တာထက်)
  • ရေကူးကန်ထဲဆင်းမယ်ဆိုရင် ဆံသားကို ရေကူးကန်ထဲက ကလိုရင်းနဲ့တခြားဓါတုပစ္စည်းတွေမထိအောင် ကာကွယ်ဖို့ခေါင်းစွပ်စွပ်ပါ။
  • ဆံပင်ခြောက်ဖို့အတွက် တဘက်နဲ့ပတ်ပြီးရေစုပ်အောင်လုပ်ပြီးမှ သဘာဝအတိုင်းဖြန့်ပြီးအခြောက်ခံပါ။
  • ဆံပင်မခြောက်ခင်ဖြီးတာ၊ dryer နဲ့မှုတ်တာ မလုပ်ပါနဲ့။
  • အပူကိုအသုံးပြုတဲ့ ဆံပင်အလှအပအသုံးအဆောင်တွေ ချင့်ချိန်သုံးပါ။ဖြောင့်စက်၊ကောက်စက်ဆွဲတာတွေကို တစ်ခါတလေ လိုအပ်မှသုံးပါ။
  • အရောင်ဆိုးတာလည်း ခဏခဏမလုပ်ပါနဲ့။
  • ခေါင်းစည်းကြိုးကို တင်းတင်းကြီးမစည်းပါနဲ့။
  • ခေါင်းဖြီးရင် ညင်သာပါ။ တဗြန်းဗြန်းနဲ့ဆောင့်မဖြီးချပါနဲ့။

ဆံပင်၏ကောင်းခြင်းနဲ့ပြည့်စုံတဲ့ အလှကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားကောင်းကောင်းမစားဖြစ်ခြင်း၏ လက္ခဏာများ

စိတ်ပူပန်ခြင်း စိတ်တိုလွယ်ခြင်း အိပ်ရေးမဝခြင်း ကိုယ်ဝန်မဆောင်နိုင်ခြင်း အချိန်ပြည့်ဆာလောင်နေခြင်း စွမ်းအင်လျော့နည်းခြင်း ခန္ဓာကိုယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ဗီတာမင်ချို့တဲ့သော လက္ခဏာများ

အာဟာရမျှတ အစားအသောက် အရေပြား ဆံပင်ကျွတ်ခြင်း အရေပြားအကွက် အမြင်အာရုံ မွေးကျွတ်နာ ဗောက်ထခြင်း သွားဖုံးသွေးယိုခြင်း ပါးစပ်အတွင်းအနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ဆံပင် တွေ ကျွတ်လာတဲ့ မေမေတို့ သိထားသင့်တဲ့ အချက်လေးတွေ

ဆံပင် ဆံပင်ကျွတ် ကလေးမွေးဖွားခြင်း မေမေ မိခင် မီးဖွားပြီးနောက်ပိုင်း ဆံသားကျန်းမာရေး ဆံပင်အလှအပ အလှအပရေးရာ ဆံပင်သန်ခြင်း ဆံပင်ပါးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဆိုင်မသွားဘဲ အိမ်မှာပဲ ဆံပင် ပေါင်းတင်ကြမယ်

ဆံပင် ဆံနွယ် ဆံကေသာ ပျော့ပျောင်း လှပ အလှအပ ဆံသားကျန်းမာရေး သဘာဝ ကိုယ်တိုင်လုပ် ဖျော်စပ် ဆံပင်ပျော့ဆေး ပျော့ပျောင်းမှု သဘာဝနည်းလမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ရှားစောင်းလက်ပပ်က ဆံသားအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

ဆံပင် နဲ့ပတ်သက်ပြီး အဖြစ်များသော ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 2 mins read
ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ

ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read
DHT ဟော်မုန်းကို တားမြစ်ပေးပြီး ဆံပင်သန်စေမည့် အစားအသောက် ၆ မျိုး

DHT ဟော်မုန်းကို တားမြစ်ပေးပြီး ဆံပင်သန်စေမည့် အစားအသောက် ၆ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2020 . 2 mins read