ဖိုးဖိုးဖွားဖွားတို့ ဝမ်းမချုပ်စေဖို့ သတိပြုစေချင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 2 mins read
Share now

ဝမ်းချုပ်တာက အသက်အရွယ်ကြီးရင့်လာတဲ့ ဖိုးဖိုးဖွားဖွားတို့မှာ ခံစားရနိုင်တဲ့ အခြေခံ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဝမ်းချုပ်တာက အစာခြေစနစ်ကို ကာလရှည်ကြာ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပြီး ဖိုးဖိုးဖွားဖွားတို့ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။

ဖိုးဖိုးဖွားဖွားတို့ကို ဘာတွေကများ ဝမ်းချုပ်စေတာလဲ……………

ဖိုးဖိုးဖွားဖွားတို့ကို ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။ တစ်ခါတလေမှာ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါတယ်။ (ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါ သောက်ဆေးတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်)

ဒါတွေအပြင် အခုလို အကြောင်းအရင်းတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။

ဝမ်းချုပ်နေတာလား…………

ဖိုးဖိုးဖွားဖွားတို့မှာ အခုလို လက္ခဏာတွေ တွေ့ရရင် ဝမ်းချုပ်နေတာပါ။

  • ဝမ်းသိပ်မသွားတာ
  • ဝမ်းမာမာတွေ သွားတာ
  • ဝမ်းသွားတဲ့အခါ နာကျင်တာ
  • ဝမ်းသွားရ ခက်နေတာ
  • ရေအိမ်မှာ အချိန် အကြာကြီး ထိုင်နေရတာ
  • လေခဏခဏ လည်တာ
  • လေပွနေတာ
  • ဗိုက်အောင့်တာ
  • ဝမ်းကျန်နေတယ်လို့ ခံစားရတာ ခံစားနေရရင် ဝမ်းချုပ်နေတာပါ။

ဝမ်းချုပ်ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ…………

ဝမ်းချုပ်တာက အချိန်ကြာလာမယ်ဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့

လိပ်ခေါင်း ဖြစ်တာ

စအိုက သွေးကြောတွေ ရောင်ရမ်းတာ၊ ထိခိုက်တာတွေ ဖြစ်ပြီး လိပ်ခေါင်းရောဂါ ခံစားရနိုင်ပါတယ်။

စအို ကွဲတာ

ဝမ်းမာတာကြောင့် စအို တဝိုက်က အရေပြား စုတ်ပြဲတာတွေ ခံစားရနိုင်ပါတယ်။

ဝမ်းကျန် နေတာ

ဝမ်းချုပ်လွန်းတာကြောင့် အစာဟောင်းအိမ်ထဲမှာ ဝမ်းတွေ ကျန်နေတာမျိုး ခံစားရနိုင် ပါတယ်။

စအို အူနံရံ ကျွံခြင်း

ဝမ်းတအားချုပ်တာကြောင့် ဝမ်းတအားညှစ်သွားရင်း စအိုကနေ အူနံရံ ကျွံထွက်လာတာမျိုး ခံစားရနိုင်ပါတယ်။

ဝမ်း မထိန်းနိုင်ခြင်း

အူမကြီးရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အခြေအနေမျိုးပါ။

ဆီး မထိန်းနိုင်ခြင်း

ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲ ပြဿနာ အနေနဲ့ pelvic floor ကြွက်သား အားနည်းပြီး ဆီးမထိန်းနိုင်တာမျိုး ခံစားရနိုင်ပါတယ်။

ဘယ်လို ကာကွယ်မလဲ………..

ဝမ်းချုပ်ပြဿနာ ကင်းစေဖို့
  • အမျှင်ဓာတ် များများစားပါ
  • ပြုပြင်ထားတဲ့ အစားအစားတွေ ရှောင်ပါ
  • ရေများများ သောက်ပါ
  • သစ်သီးတွေ စားပါ
  • ဟင်းသီးဟင်းရွက်တွေ စားပါ
  • စိတ်ဖိစီးမှု ဖြေလျော့ပေးပါ
  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
  • အချိန်မှန် ရေအိမ် သွားပါ
  • ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသက် ၅၀ ကျော်လာချိန်မှာ ဘယ်လို ကိုယ်အလေးချိန်လျှော့ချကြမလဲ

အသက် ၅၀ ကျော်မှာ ခန္တာကိုယ်ယိုယွင်းလာမှုကြောင့် ကိုယ်အလေးချိန် ထိမ်းသိမ်းဖို့ ခက်ခဲလာပါတယ်။ ဒါပေမယ့် ရိုးရှင်းတဲ့နည်းလမ်းတွေသုံးပြုပြီး ထိမ်းညှိလို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

နေရောင်ခြည်က စိတ်ကျရောဂါကို သက်သာစေခြင်း၊ ဗီတာမင်ဒီရရှိခြင်း စတဲ့ကောင်းကျိုးတွေရှိသလို မျက်စိထိခိုက်ခြင်း၊ အသားအရေထိခိုက်ခြင်း စတဲ့ဆိုးကျိုးတွေလည်းရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ရန် ကာကွယ်ဖို့ အချိန်ဘယ်လောက်ပေးပြီး လေ့ကျင့်ခန်းလုပ်ရမလဲ

WHO ကတော့ COVID-19 ကပ်ဘေးကာလမှာ လူတိုင်း အသက်အရွယ်တိုင်း ကိုယ်လက် လေ့ကျင့်ခန်း တွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

အရိုးအဆစ် လေ့ကျင့်ခန်း ကြွက်သား ကွန်ပျူတာ ဖုန်း အကိုက်အခဲ ဆီးသွား ဇက်ကြောတက် ကိုဗစ် ထိုင်ခုံ ညောင်းကိုက် ခါးကြော ရုံးတက် ညောင်းညာ ခါးညောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 27, 2020 . 2 mins read
ပန်းနာရင်ကြပ် အမျိုးအစားများ

ပန်းနာရင်ကြပ် အမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 26, 2020 . 2 mins read