ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 6, 2020 . 2 mins read
Share now

လိပ်ခေါင်းရောဂါက ကျား၊မ မရွေးဖြစ်ပွားနိုင်ပြီး လူသိများတဲ့ ရောဂါတစ်ခုပါ။ Hemorrhoids လို့ ခေါ်တဲ့ ဒီရောဂါဖြစ်တာကို ရှက်စရာလို့ လူတစ်ချို့က ရှုမြင်တတ်ကြပါတယ်။ ရောဂါဖြစ်မှာကို ကြောက်ကြပေမယ့် ဘာကြောင့်ရောဂါဖြစ်နိုင်တယ်၊ ဘယ်လိုလက္ခဏာတွေ ပြသတတ်တယ်ဆိုတာမျိုးကိုတောင်မှ မသိချင်တတ်ကြပါဘူး။

ရောဂါဖြစ်လာရင် ဆရာဝန်ကို တင်ပါးလှန်ပြရပြီး နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးရလေ့ရှိတယ်ဆိုတာနဲ့တင် အလွန်ရှက်စရာကောင်းတဲ့ကိစ္စလို့ ထင်မြင်ယူဆသွားကြတာပါ။

တကယ်တော့ လိင်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀% လောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။

ဒီတော့ အသက်ကြီးလာရင် မဖြစ်ချင်လည်း ဖြစ်နိုင်ခြေ ၅၀% ရှိတယ်ဆိုတဲ့ သဘောမျိုးပါ။ ဒီလိုဆိုရင်တော့ဖြင့် ရောဂါကိုဖြစ်စေနိုင်တဲ့ ဝေဒနာတွေကို သိရှိထားဖို့ လိုအပ်လာပါတယ်။ လိပ်ခေါင်းဖြစ်ရတာဟာ အထိုင်များတာ၊ ဝမ်းသွားရာမှာ စနစ်မကျတာနဲ့ အသက်အရွယ်တွေကြောင့်ပါပဲ။

လိပ်ခေါင်းရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ လူ့သဘာဝအရ ဖြစ်တတ်ပေမယ့် ကူးစက်နိုင်စွမ်းလည်းမရှိပါဘူး။ ဒီအတိုင်းကျန်းမာအောင်နေရင်း အလိုလိုတောင် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးပါ။ ကုသနိုင်တဲ့ ဆေးဝါးတွေကလည်း အလွယ်တကူရရှိနေပါပြီ။

ဒါပေမယ့် ကိုယ့်မှာလိပ်ခေါင်း ရှိနေမနေကိုတော့ စောလျင်စွာ သိရှိထားဖို့ လိုအပ်ပါတယ်။ ရောဂါဝေဒနာဆိုတာမျိုးက အချိန်ကြာလေလေ ပိုဆိုးရွားလေလေ ဖြစ်သွားနိုင်တယ်မဟုတ်လား။

ခုဖော်ပြပေးမယ့်အချက်တွေကတော့ အဖြစ်များပြီး ရုတ်တရက်ဆိုရင် လိပ်ခေါင်းလက္ခဏာမှန်း သတိမမူမိတတ်ကြတဲ့ ရောဂါလက္ခဏာ ၇ မျိုးအကြောင်းပါ။ ဒါတွေကတော့

စအိုဝ ယားယံတာ

စအိုဝယားယံတာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် လိပ်ခေါင်းဝေဒနာကြောင့် ပိုဖြစ်နိုင်ပါတယ်။ သိသိသာသာ သတိမထားမိကြပေမယ့် လိပ်ခေါင်းရောဂါသည်တွေရဲ့ အဖြစ်အများဆုံး လက္ခဏာလို့ဆိုလို့ရပါတယ်။

မနာကျင်ပဲ သွေးယိုစီးတာ

အတွင်းလိပ်ခေါင်းသမားတွေ ကြုံရတတ်တဲ့ ပြဿနာပါ။ အတွင်းလိပ်ခေါင်းဟာ အူမကြီးအောက်ပိုင်းဝန်းကျင်မှာဖြစ်လေ့ရှိပြီးတော့ စအိုကနေတဆင့် မနာကျင်ပဲနဲ့ သွေးယိုစီးတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အတွင်းလိပ်ခေါင်းဆိုတာ သိနိုင်ပါတယ်။

စအိုဝကို သန့်စင်အောင်ထားဖို့ ခက်လွန်းနေတာ

ကိုယ့်ရဲ့ စအိုဝကိုတော့ ကိုယ်တိုင်မမြင်တွေ့နိုင်ကြဘူးပေါ့။ ဒါပေမယ့် သန့်ရှင်းတယ်၊ မသန့်ရှင်းဘူးဆိုတာကို ကိုယ်တိုင် ခံစားမိတတ်ကြပါတယ်။ စနစ်တကျသန့်စင်ပေမယ့် သန့်စင်တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးမရပဲ မကြာခဏညစ်ပတ်နေတယ်၊ စိုတိုတိုခံစားမိတယ်ဆိုရင်တော့ လိပ်ခေါင်းဆိုတာ သေချာပါပြီ။

အတွင်းခံတွေ ညစ်ပေနေတတ်တာ

စအိုကနေ ယိုစိမ့်လာတဲ့ အညစ်အကြေးတွေကြောင့် အတွင်းခံတွေဟာ အမြဲတစေ စွန်းနေတာတွေ၊ အနံ့ဆိုးစွဲထင်နေတာတွေဖြစ်နေတယ်ဆိုရင် လိပ်ခေါင်းလက္ခဏာဖြစ်နိုင်ပါတယ်။ လိပ်ခေါင်းဝေဒနာရှိနေရင် စအိုဝကို ပြည့်ပြည့်ဝဝမပိတ်ထားနိုင်တာကြောင့် ခုလိုဖြစ်ရတာပါ။

ဝမ်းမကြာခဏ ချုပ်တာ၊ အိမ်သာတက်တိုင်း စိတ်ကျေနပ်မှုမရတာ

လိပ်ခေါင်း ဝေဒနာရှိတဲ့သူအများစုမှာ ဝမ်းမကြာခဏချုပ်တာ၊ ဒါမှမဟုတ် ကာလရှည်ဝမ်းချုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ဝမ်းသွားတိုင်း အားရတယ်လို့မခံစားရပဲ ဝမ်းထဲမှာ စားကြွင်းစားကျန်တွေ ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတာပါပဲ။

စအိုဝ ရောင်ရမ်းနာကျင်တာ

စအိုထိပ်ဝနေရာ ပတ်ပတ်လည်မှာ ရောင်ရမ်းတာ၊ နာကျင်နေတာမျိုးတွေ ဖြစ်လာခဲ့ရင်လည်း လိပ်ခေါင်းလက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဒီလိုလက္ခဏာမျိုးက ဘဝတစ်လျှောက်လုံး အိမ်သာကို အကြာကြီးတက်တာမျိုး၊ အိမ်သာတက်ချင်စိတ်ကို ချုပ်တည်းထားတာမျိုး မကြာခပြုလုပ်တတ်သူတွေမှာ အဖြစ်များပါတယ်။

အသားပိုတွေ ထွက်လာတာ

စအိုနဲ့ အနီးအနားမှာ အသားပိုတွေ ထွက်လာရင်တော့ လိပ်ခေါင်းဆိုတာ သေချာနေပါပြီ။ တချို့က ဒီလက္ခဏာမျိုးကို အရေပြားရောဂါတစ်စုံတစ်ရာအဖြစ် အမှတ်မှားတတ်ကြပါတယ်။ တကယ်တမ်းက လိပ်ခေါင်းရောဂါရဲ့ လူသိနည်းတဲ့ လက္ခဏာတစ်ရပ်သာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို ဘယ်လိုခြေဖျက်ပေးနေသလဲ။

အစာအိမ်နဲ့ အူလမ်းကြောင်းက အစားအသောက်တွေကို အာဟာရဖြစ်အောင်၊ မလိုတာတွေ အပြင်ရောက်သွားအောင် သက်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်ပြီး အလုပ်လုပ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အတွင်းခံ နှင့် ရှက်ရွံ့ခြင်း ပြဿနာ

အတွင်းခံက အရေးကြီးပါတယ်။ လျှော်ဖွပ်ပြီး နေရောင်ရပြီး လေဝင်လေထွက် ကောင်းတဲ့နေရာမှာ လှန်းပေးဖို့ လိုပါတယ်။ ဒါမှ ဘေးကင်းမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

စွန့်ချင်ပါလျက်နဲ့ အောင့်ထားမိတဲ့အခါ

တစ်ချို့အခြေအနေတွေမှာတော့ ဝမ်းသွားချင်စိတ်ကို တမင်ထိမ်းချုပ်ထားမိတတ်ပါတယ်။ ဝမ်းသွားချင်စိတ်ကို ထိမ်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာ (gastric cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read
သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read