ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 27, 2020 . 2 mins read
Share now

အပြင်သွားရင်းနဲ ဆီးသွားချင်လို့ အိမ်သာအလောတကြီးလိုက်ရှာရ၊ ခရီးသွားရင်လည်း နေမထိထိုင်မသာတွေဖြစ်၊ ဆီးပေါက်ချင်လို့အိမ်သာရှာရင်းနဲ့ ဆီးကလည်းထွက်ကျနဲ့ ဒီလို အဖြစ်တွေ ကြုံနေပြီလား။ တစ်ခါနှစ်ခါလောက်ဆို ပြဿနာ မရှိပေမယ့် အကြိမ်များများလာပြီ ဆီးသွားချင်တိုင်း ဒီလို ဆီးမထိန်းနိုင်တာတွေဖြစ်နေပြီဆိုရင်တော့ သေချာပါတယ် ဆီးမထိန်းနိုင်တဲ့ပြဿာနာရှိနေပြီဆိုတာပါပဲ။ ဒါပေမယ့် ဆီးမထိန်းနိုင်ဘူးဆိုတာမှာလည်း အမျိုးအစားတွေ ရှိသေးတယ်ဆိုတော့ ကိုယ်က ဘယ်လိုမျိုးထဲမှာများ ပါနေမလဲ ။ ပြီးတော့ ဘာကြောင့်ဖြစ်ရတာလဲ။ အကြောင်းအရှိမှ အကျိုးဆိုတာ ဖြစ်လာတာမလား။ ဒီတော့ ကိုယ်ဖြစ်နေတဲ့ပြဿနာနဲ့ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းလေး သိထားတော့မမှားဘူးပေါ့။

ဆီးမထိန်းနိုင်ခြင်း အမျိုးအစား ၄ မျိုး ။

( ၁ ) Stress incontinence

လက္ခဏာ – ဒါကတော့ ရယ်လိုက်ချောင်းဆိုးလိုက်တဲ့အခါ ၊ လှုပ်ရှားမှုလုပ်လိုက်တဲ့အခါမျိုးတွေနဲ့ အလေးအပင်လုပ်လိုက်တဲ့အခါမျိုးတွေမှာ ဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်းတစ်မျိုးပါ။

ဖြစ်ရတဲ့အကြောင်းအရင်း – ဒီလို အလေးပင်မ၊ လှုပ်ရှားမှုလုပ်လိုက်တိုင်း ဖြစ်ရတဲ့ ဆီးမလုံခြင်းပြဿနာ အဖြစ်များတဲ့သူတွေကတော့

  • ကိုယ်ဝန်ဆောင်တွေ
  • သွေးဆုံးသွားတဲ့ အမျိုးသမီးတွေ
  • Pelvic တင်ပဆုံကွင်း ဓာာတ်ရောင်ခြည်ကုသမှု ခံယူနေရတဲ့သူတွေနဲ့
  • ခွဲစိတ်မှု တစ်ခုခုကြောင့် ဆီးလမ်းကြောင်းထိသွားတဲ့ သူတွေက ဒီလို Stress Incointence ပြဿနာပိုဖြစ်နိုင်ပါတယ်။

( ၂ ) Urge incontinence

လက္ခဏာ -စိတ်ကနေ ဆီးသွားချင်တယ်လို့ ဖြစ်လိုက်တာနဲ့ ဆီးထွက်သွာတာမျိုးကို Urge incointence သတ်မှတ်ပါတယ်။ ဒီလို Urge incontinence ပြဿနာဖြစ်နေတဲ့သူတွေက ဆီးသွားပြီးတိုင်းလည်း သွားချင်နေတတ်ပြီး ညဘက်အိပ်ကောင်းတဲ့ အချိန်တွေမှာပါ ထသွားရတတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်းများ

  • ဆီးလမ်းကြောင်း ပိုးဝင်တာ
  • ဆီးချိုရောဂါနဲ့
  • အာရုံကြောပိုင်းဆိုင်ရာ ရောဂါ ( Parkinson’s disease နဲ့ multiple sclerosis) ခံစားနေရတဲ့သူတွေဟာ ဒီလို Urge incontinence ပြဿနာ အဖြစ်များပါတယ်။

( ၃ ) Overflow incontinence

လက္ခဏာများ – ဆီးသွားပြီးနောက်ပိုင်း ဆီးတစ်စက်စက်ကျနေတာဆိုရင်တော့ သင့်မှာ Overflow incontinence ပြသနာရှိနေပါပြီ။

ဖြစ်ရတဲ့ အကြောင်းအရင်းများ –

ဒီပြဿနာရဲ့ အဓိက အရင်းခံကတော့ ဆီးအိမ်ကြွက်သားအားပျော့ပြီး ဆီးအကုန် မညှစ်နိုင်တာဖြစ်ပါတယ်။ ဒီလို ဆီးအိမ်ကြွက်သာကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကတော့

  • Spinal cord ပင်မကျောရိုးကြီးထိခိုက်တဲ့ ပြဿနာ
  • အခြား အာရုံကြောထိခိုက်တဲ့ပြဿနာ တွေနဲ့
  • အမျိုးသားတွေဖြစ်တဲ့ ဆီးကျိတ်ကြီးတဲ့ ပြဿနာတွေမှာဆို Overflow incontinence အဖြစ်များပါတယ်။

( ၄ ) Total incontinence

ဒါကတော့ တစ်ချိန်လုံးတောက်လျှောက် ဆီးယိုနေတဲ့ပြဿနာဖြစ်ပါတယ်။

ဒီလို တောက်လျှောက်ကြီး ဆီးယိုနေတာ ဆီးမထိန်းနိုင်တာကို အဓိကဖြစ်စေတာကတော့ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းကြားထဲမှာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတစ်ခုပွင့်နေတာကြောင့်ဖြစ်ရတာပါ။

ဒါတွေကတော့ ဆီးမထိန်းနိုင်ရခြင်းတွေထဲကမှ အတွေ့ရအများဆုံး အမျိုးအစား ၄ မျိုးအကြောင်းဖြစ်ပါတယ်။ ပြီးတော့ ဆီးမထိန်းနိုင်တဲ့ပြဿနာတွေ့လည်း မရှားတာကြောင့် ကိုယ့်ဆီမှာ ဘယ်လိုပုံစံဖြစ်နေတာ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာလေး သိထားတော့ မမှားဘူးပေါ့ ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာက အဓိကလက္ခဏာတစ်ခုပါ။ ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေချိန် အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင်လုပ်ထားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

ချောင်းဆိုး ချောင်းခြောက်ဆိုး ချွဲထ ပျားရည် ရေနွေးပူပူ ချင်း ရေနွေးငွေ့ရှူ ချွဲပျော် ချွဲပျော်ဆေး သလိပ်အရောင် အိမ်တွင်းနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ပန်ကရိယလေး ကျန်းမာပါစေ။

န်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
မကြာခဏဆီးသွား နေတတ်သူများအတွက်

မကြာခဏဆီးသွား နေတတ်သူများအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read