မျက်စိအားဆေး သောက်ဖို့မလိုအောင် အားဖြည့်ပေးမယ့် အစားအသောက်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

မျက်ခုံးလှုပ်တယ်၊ မျက်ခွံလှုပ်တယ်၊ မျက်ခမ်းလှုပ်တယ် ဆိုတာနဲ့ ကံမကောင်းတော့ဘူးပဲ ထင်နေတာလား။ အမှန်က မျက်စိက ကြည့်ရတာမကောင်းဘူး၊ မျက်လုံးတွေကျိန်းစပ်တယ်၊ မျက်လုံးခြောက်တယ်၊ မျက်ရိုးကိုက်တယ်၊ မျက်လုံးတဝိုက် ကြွက်သားလေးတွေလှုပ်တယ်၊ မျက်လုံးအောင့်တယ် ဆိုတာတွေက မျက်စိအားနည်းနေတဲ့လက္ခဏာတွေပါ။

မျက်စိအားနည်းရင် အားဆေးတွေသောက်လို့ရတယ်ဆိုပေမယ့် ဆေးကိုအရင်အားမကိုးဘဲ ကိုယ့်ရဲ့နေ့စဉ်အာဟာရထဲမှာ အစားအသောက်တချို့ကို ဦးစားပေးလိုက်ရုံနဲ့ ဒီဓာတ်တွေကို သဘာဝအတိုင်းရနိုင်နေတာပဲလေ။ ဒီတော့ မျက်စိအားဆေးမသောက်ခင် ဒီအစားအစာလေးတွေနဲ့ အရင်ကုစားကြည့်ရအောင်လား …

(၁) ငါး

ငါးတွေမှာ မျက်လုံးအတွက် ကောင်းတဲ့ အကျိုးပြုအဆီဓာတ် Omega-3 fatty acid တွေ ပါဝင်တဲ့အတွက် မျက်စိအားကောင်းစေဖို့ စားပေးသင့်ပါတယ်။ တူနာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး အစရှိတဲ့ ငါးတွေမှာ Omega-3 fatty acid တွေ ပေါကြွယ်ဝလို့ အမြင်အာရုံကောင်းစေပြီး မျက်လုံးခြောက်သွေ့တာကိုပါ သက်သာစေပါတယ်။

(၂) ပဲ နဲ့ အခွံမာသီးအမျိုးမျိုး

အခွံမာသီးနဲ့ ပဲတွေမှာ မျက်လုံးကို အားကောင်းစေတဲ့ Omega-3 fatty acid တွေအပြင် ဗီတာမင် E ပေါကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်နဲ့ မျက်စိအတွက်လည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ပဲနီလေးတို့ကို စားပေးရင် မျက်စိအားကောင်းစေတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မျက်စိထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အစေ့အဆန်

နေကြာစေ့၊ ဖရုံစေ့၊ ပင်ပွားစေ့၊ ပီစတာချီရိုစေ့၊ ဗာဒံစေ့ တို့လို အစေ့အဆန်တွေမှာ ကြွယ်ဝတဲ့ဗီတာမင် E ကြောင့် မျက်စိအားကောင်းစေပြီး အမြင်အာရုံကြည်လင်စေပါတယ်။ ဒါတွေပုံမှန်စားပေးရင် အသက်ကြီးရင်တောင် မျက်စိတော်တော်နဲ့မမှုန်ပါဘူးတဲ့။

(၄) အချဉ်ဓာတ်ရှိတဲ့ သစ်သီးတွေ

သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး အစရှိတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာ မျက်လုံးအတွက် အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E အများအပြားပါဝင်တဲ့အပြင် ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

(၅) အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ

ဟင်းသီးဟင်းရွက်တွေမှာ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပြီး မျက်လုံးကိုလည်း အားဖြစ်စေတဲ့ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် အဓိကစားပေးသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကန်စွန်းရွက်၊ ကိုက်လန်ရွက်၊ ပန်းဂေါ်ဖီထုပ် အပြင် တခြားသော အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးနိုင်ပါတယ်။

(၆) မုန်လာဥနီ

လူတော်တော်များများ သိထားကြတဲ့ မျက်စိအားဆေး အစားအစာတွေထဲမှာမုန်လာဥနီဟာ တစ်ခုအပါအဝင်ပါပဲ။ မုန်လာဥနီမှာ ဗီတာမင် A ပါဝင်လို့ အမြင်အာရုံကို ကြည်လင်ကောင်းမွန်စေတယ်။ မျက်လုံးကိုလည်း အာဟာရဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကိုလည်း ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။

(၇) ကန်စွန်းဥ

ဘီတာကယ်ရိုတင်းကြွယ်ဝပြီး ဗီတာမင် E ဓာတ်အပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်တဲ့ ကန်စွန်းဥကို များများစားပေးခြင်းဖြင့် မျက်စိမှုန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

(၈) ကြက်ဥ

ကြက်ဥမှာ အမြင်အာရုံ ကောင်းစေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေတဲ့ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဇင့်ဓာတ်တွေအပြင် တခြားသော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။

(၉) ရေ

ရေဟာ မျက်စိကျန်းမာရေးအတွက်သာမက လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အကျိုးဖြစ်စေတဲ့ ဓါတ်တွေ ပါဝင်ပါတယ်။ ရေများများသောက်ပေးမှ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်တာ၊ မျက်စိအမြင်အာရုံချို့ယွင်းတာကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

(၁၀) ဖြည့်စွက်အားဆေး

မျက်လုံးအတွက်လိုအပ်တဲ့ ဗီတာမင်တွေကို အစားအစာကနေအလုံအလောက်မရတဲ့သူတွေ၊ မျက်စိအားနည်းနေပြီး အမြန်သက်သာဖို့လိုအပ်နေသူတွေအတွက်က မျက်စိအားဆေးသောက်ဖို့လိုပါတယ်။ မျက်စိအားဆေးသောက်ပြီး မျက်လုံးကျန်းမာရေးကိုဂရုစိုက်နေထိုင်မယ်ဆို ဆေးခန်းသွားဖို့၊ မျက်မှန်သွားလုပ်ဖို့တောင်မလိုဘဲတော်ရုံဝေဒနာလောက်ကိုအေးဆေးသက်သာစေနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်စိ အားဆေး သောက်ဖို့ မလို၊ အကုန်အကျ မများတဲ့ သဘာဝအာဟာရလေးများ

မျက်စိ မျက်စိကျန်းမာရေး အာဟာရ အစားအသောက် မျက်စိအားဆေး မျက်စိအားနည်းခြင်း သဘာဝအာဟာရ ဗီတာမင် သတ္တုဓာတ် အာဟာရဓာတ်များ အမြင်အာရုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မျက်သားတွေ နီမြန်း စေတဲ့ အကြောင်းရင်း (၉) ခု

နီမြန်း မျက်သား မျက်စိ မျက်လုံး မျက်စိကျန်းမာရေး ပိုးဝင်ခြင်း ရောင်ရမ်းခြင်း မျက်စိနာခြင်း မျက်ကြည်လွှာ မျက်လုံးခြောက်သွေ့ခြင်း ဖြစ်နိုင်ခြေအကြောင်းရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ပါဝါနဲ့ ဆလင်ဒါကို လျှော့နိုင်မယ့် မျက်စိကျန်းမာရေး အကြံပြုချက်(၆) ချက်

ပါဝါနဲ့ ဆလင်ဒါ မျက်စိကျန်းမာရေး ဗီတာမင် မျက်စိအားဆေး မျက်စိအာဟာရ မျက်စိလေ့ကျင့်ခန်း အကြံပြုချက် အစားအစာ အနားယူချိန် ကွန်ပျူတာကြည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာရေးစင်တာ ဒီဇင်ဘာ 27, 2019 . 2 mins read

မျက်လုံးတွေ ဘာ့ကြောင့် နီနေရတာလဲ ။ ။

ရေတိမ် ဓါတ်မတည့် မျက်လုံးအောင့် မျက်လုံးခြောက် မျက်ရည်ပူကျ မျက်လုံးယား မျက်လုံနီ မျက်လုံးနီရဲ မျက်သားရောင် မျက်လုံးထိခိုက် ဖုန်မှုန့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thin Yadanar @ Frances

သင့်အတွက် ရွေးချယ်ထားသည်

ဖုန်း နဲ့ ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ

ဖုန်း နဲ့ ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 24, 2020 . 2 mins read
အရာရာကို ဘာလို့ အမြင် မကြည်ရတာလဲ

အရာရာကို ဘာလို့ အမြင် မကြည်ရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 16, 2020 . 2 mins read
မျက်စိ ကျန်းမာရေးအတွက် အရေးပါတဲ့ Lutein ဓာတ်ကို ဘယ်က ရမလဲ

မျက်စိ ကျန်းမာရေးအတွက် အရေးပါတဲ့ Lutein ဓာတ်ကို ဘယ်က ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 15, 2020 . 2 mins read
Stay Home ကာလ ညှာတာသင့်တဲ့ မျက်စိကျန်းမာရေး

Stay Home ကာလ ညှာတာသင့်တဲ့ မျက်စိ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 11, 2020 . 2 mins read