backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

ရာသီဥတုကြောင့်လား၊ အစားအသောက်ကြောင့်လား မသိဘူး။ခေါင်းထဲမှာ တစ်မျိုးကြီးပဲဖြစ်တယ်ဆိုတာက တစ်နေ့တာမှာ လူတိုင်းလိုလို ညည်းတွားမိတဲ့ စကားတစ်ခွန်းပါနော်။ ခေါင်းထဲက တစ်မျိုးကြီးဆိုတိုင်း ခေါင်းကိုက်တာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ခေါင်းမူး နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ခွဲခွဲခြားခြားသိမှလည်း လိုအပ်တဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ ခေါင်းကိုက်တာလား၊ ခေါင်းမူးတာလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ အတူတူခွဲကြည့်ရအောင်လား။

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

ခေါင်းမူးတာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ ဆိုတော့

ခေါင်းကိုက်တယ် ဆိုတာ

ခေါင်းကိုက်တယ်ဆိုတာက ဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့ အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်က ကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

ခေါင်းမူး တယ်ဆိုတာ

ခေါင်းမူးတယ် ဆိုတာက ခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းမူးတဲ့အခါ ခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီးဖြစ်နေသလို ခံစားရတာမျိုး၊ ကိုယ့်ကိုကိုယ် ဟန်ချက်ထိန်းရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ပတ်ဝန်းကျင်က ချာချာလည်နေတာမျိုး ခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့် ခေါင်းမူးနိုင်ပါတယ်

ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ

  • ရေဓာတ်နည်းနေတာ
  • အယ်လ်ကိုဟောသောက်တာ
  • ဓာတ်ငွေ့အဆိပ်သင့်တာ
  • သောက်သုံးနေရတဲ့ ဆေးဝါးတွေ
  • သွေးအားနည်းတာ
  • အပူလျှပ်တာ
  • လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်တာ
  • ကားမူးတာ
  • ချွေးထွက်များတာတွေကြောင့် ခေါင်းမူး နိုင်ပါတယ်။

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ပြမလဲ

အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေက သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမှမဟုတ်ဘဲ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်နေတာဖြစ်နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်သူနဲ့ပြသသင့်ပါတယ်။

ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့အတူ

  • စကားတွေ ပလုံးပထွေးပြောမယ်
  • အာရုံတွေ ရှုပ်ထွေးလာမယ်
  • ငြီးစီစီဖြစ်မယ်
  • အဖျားတက်မယ်
  • ဇက်ကြောကြီးက တင်းနေမယ်
  • ၂၄ နာရီကျော်တဲ့အထိ အန်နေမယ်
  • သတိလစ်မယ်
  • ၈ နာရီတိုင် ဆီးလုံးဝမသွားဘဲ ဖြစ်နေမယ်
  • အမြင်အာရုံတွေ ဝေဝါးလာမယ်
  • အကြားအာရုံ ထိခိုက်လာမယ်
  • ရင်ဘတ်ထဲက အောင့်မယ်
  • အဆက်မပြတ် အန်နေမယ်
  • မျက်လုံးတွေ ပိတ်ကျလာမယ်၊ ပါးစပ်တွေ လေးလာမယ် ဆိုရင်တော့ စိုးရိမ်ရပါတယ်နော်။

ခေါင်းကိုက်တာတွေ၊ ခေါင်းမူး တာတွေကို ဘယ်လိုကာကွယ်မလဲ

ခေါင်းကိုက်တာ နဲ့ ခေါင်းမူးတာတွေ ဖြစ်တာကနေ ကာကွယ်ဖို့ ဒီ အလေ့အကျင့်လေးတွေကို ပျိုးထောင်သင့်ပါတယ်။

  • အိပ်ရေး ဝဝ အိပ်ပါ
  • ရေဓာတ် ပြည့်ဝအောင် နေပါ
  • အာဟာရ မျှတအောင် စားသုံးပါ
  • ကဖင်း နဲ့ အယ်လ်ကိုဟောတွေကို အလွန်အကျွံ မစားသုံးပါနဲ့
  • လက်ကို ပုံမှန် ဆေးကြောပြီး ကူးစက်ရောဂါပိုးတွေ အန္တရာယ်ကို ကာကွယ်ပါ။

ခေါင်းမှာ ထိခိုက်မိထားတာကြောင့်လည်း ခေါင်းမူးတာမျိုး ဖြစ်နိုင်တာကြောင့် ခေါင်းမှာ ထိခိုက်ထားဖူးတဲ့သူတွေ အနေနဲ့ ခေါင်းမူးတယ် ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement