အရွယ်ရောက်ပြီး အမျိုးသားတွေမှာ အဖြစ်များတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး ပေါင်ခြံတစ်ဝိုက်မှာ အဖြစ်များပါတယ်။ လိင်အင်္ဂါနဲ့ တင်ပါး တစ်ဝိုက်မှာလည်း ပွေး ပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားအနှံ့ မှိုရောဂါပိုး ကူးစက်နိုင်ပြီး ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ခြေထောက်၊ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ကူးစက်နိုင်ပါတယ်။