မောရစ်သျှတက္ကသိုလ်မှ သုတေသီများဟာ လက်သုတ်ပဝါများနဲ့ ပတ်သက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနအရ မီးဖိုခန်းမှာသုံးတဲ့ လက်သုတ်ပဝါတွေကို လျှော်ဖွပ်ခြင်းမပြုဘဲ တစ်လခန့် ထားစေပါတယ်။ နောင်တစ်လပြည့်လို့ စစ်ဆေးကြည့်ရာမှာ လက်သုတ်ပဝါများရဲ့ ထက်ဝက်ခန့်မှာ ဘက်တီးရီးယားတွေ ပေါက်ပွားနေတာကို တွေ့ရပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ လူတွေရဲ့ အူလမ်းကြောင်းမှာနေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ အတူတူပါပဲ။ အဆိုပါတွေ့ရှိချက်ကို အမေရိကန် အဏုဇီဝဗေဒအသင်းရဲ့ နှစ်ပတ်လည်ညီလာခံမှာ တင်သွင်းဖတ်ကြားခဲ့ပါတယ်။
ဘယ်အခြေအနေတွေက ပိုမိုပေါက်ပွားစေသလဲ….
အဆိုပါသုတေသနမှာ ဘက်တီးရီးယားပေါက်ပွားမှုကို လေ့လာရာမှာ coliform ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Enterococcus ဘက်တီးရီးယားက ၃၆.၇ ရာခိုင်နှုန်း၊ Staphylococcus aureus က ၁၄.၃ ရာခိုင်နှုန်း စသဖြင့် အသီးသီးရှိတယ်လို့ ဆိုပါတယ်။ လက်သုတ်ပဝါတွေရဲ့ ဘက်တီးရီးယားတွေဟာ ပိုင်ရှင်တွေအပေါ် မူတည်ပြီးလည်း ပြောင်းလဲမှု ရှိတတ်ပါတယ်။ မိသားစုဝင်ဦးရေ၊ ကလေးဦးရေ၊ လူမှုစီးပွားရေးအခြေအနေ၊ စားသောက်မှုပုံစံ၊ လက်သုတ်ပဝါအမျိုးအစား စတာတွေအပေါ် မူတည်ပါတယ်။ ဥပမာအားဖြင့် Staphylococcus aureus ဘက်တီးရီးယားဟာ ကလေးများစွာရှိပြီး လူမှုစီးပွားရေး နိမ့်ကျတဲ့ မိသားစုတွေရဲ့ မီးဖိုချောင်က လက်သုတ်ပဝါတွေမှာ အတွေ့များပါတယ်။ coliform ဘက်တီးရီးယားမျိုးဖြစ်တဲ့ E. coli ဘက်တီးရီးယားကိုတော့ အသားစားများသူတွေမှာ တွေ့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။