backup og meta

မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့

    ကလေးကို အာဟာရပြည့်စေချင်ရင်၊ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်ရင် ဒါတွေကျွေးပေးဖို့လိုမယ်၊ လို့ပြောတဲ့အခါတိုင်း ကျွေးချင်တယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတဲ့ အကြောင်အရင်းကိုလည်း ပြည့်ပြည့်စုံစုံသိချင်မိတာက မေမေတိုင်းရဲ့ ရင်ထဲကဆန္ဒတစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး ကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတစ်မျိုးဖြစ်တဲ့ အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်လို့မေမေတိုင်းသိချင်နေမယ့် မေးခွန်းလေးတွေကို ပြောပြပေးပါရစေလား……..

    အကျိုးပြုဘက်တီးရီးယား ဆိုတာ ဘာလဲ………

    ဘေဘီလေးတွေရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။

    အကျိုးပြုဘက်တီးရီးယား ဘယ်နှမျိုးရှိလဲ…….

    Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက –

    Lactobacillus –ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။

    Bifidobacterium – ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။irritable bowel syndrome (IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

    ဘယ်နေရာတွေမှာရှိနေနိုင်လဲ…..

    များသောအားဖြင့်ကတော့ အစာခြေစနစ် အူလမ်းကြောင်းတလျှောက်နဲ့ အူမကြီးထဲမှာ ရှင်သန်နေထိုင်ကြပါတယ်။

    ဘာတွေလုပ်ပေးလဲ………

    အကျိုးပြုဘက်တီးရီးယားတွေက အမျိုးအစား အမျိုးမျိုးကွဲပြားသလို ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ပုံစံချင်းလည်းမတူကြပါဘူး။

    • ခန္ဓာကိုယ်တွင်းက ဘက်တီးရီးယားတွေရဲ့ အရေအတွက်ကို ထိန်းညှိပေးတယ်။
    • အာဟာရစုပ်ယူမှုကောင်းစေတယ်။
    • ဝမ်းမချုပ်အောင် ကာကွယ်ပေးတယ်။
    • အစာခြေစနစ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးတယ်။
    • ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတယ်။
    • ခန္ဓာကိုယ်အတွက် အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုတိုက်ဖျက်ဖို့ အင်ဇိုင်းတွေ ထုတ်ပေးတယ်။
    • ကိုယ်ခံအားစနစ် ကောင်းမွန်အောင်လှုံ့ဆော်အားဖြည့်ပေးတယ်။

    အကျိုးပြုဘက်တီးရီးယားတွေက ကလေးအတွက်ဘေးကင်းပါ့မလား…….

    အကျိုးပြုဘက်တီးရီးယားတွေက ကလေးအတွက် ဘေးကင်းပါတယ်။ လုံလောက်တဲ့ ပမာဏဖြစ်ဖို့တော့လိုတာပေါ့။ အကျိုးပြုဘက်တီးရီးယားလေးတွေကို လုံလောက်စွာရရှိမှုက ဘေဘီလေးကို အစာခြေစနစ်ကျန်းမာပြီး ကိုယ်ခံအားကောင်းတဲ့ ကလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာစေမှာပါ။

    ဘယ်သူလေးတွေက အဓိကလိုအပ်မလဲ……..

    ဘေဘီလေးတိုင်းက အကျိုးပြုဘက်တီးရီးယားကို လိုအပ်တယ်ဆိုပေမယ့် ဒီလိုမျိုးဘေဘီလေးတွေက ပိုလိုအပ်ပါတယ်။

    ခွဲမွေးထားတဲ့ ဘေဘီလေးတွေ – ခွဲမွေးတဲ့ကလေးလေးတွေက မွေးလမ်းကြောင်းကို ဖြတ်သန်းမှုမရှိခဲ့တာကြောင့် မေမေ့ရဲ့ မွေးလမ်းကြောင်းတလျှောက်မျာရျိနေတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေကို တပါတည်း ယူမလာနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ခွဲမွေးထားတဲ့ ကလေးလေးတွေက အကျိုးပြုဘက်တီးရီးယားကို ရိုးရိုးမွေးတဲ့ကလေးလေးတွေထက် ပိုလိုအပ်ပါမယ်။

    ပဋိဇီဝဆေး သောက်သုံးနေရတဲ့ ဘေဘီလေးတွေ –  ပဋိဇီဝဆေးဝါးတွေ သောက်သုံးနေရမှုက ဘေဘီလေးရဲ့ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အားနည်းစေနိုင်ပါတယ်။ ဒီလိုအားနည်းမှုက ဘေဘီလေးကို ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အစာခြေစနစ်အားနည်းတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ လေနာတာနဲ့ ဝမ်းချုပ်တာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

    နို့ဗူးသောက်နေတဲ့ ဘေဘီလေးတွေ – မေမေကအလုပ်များလို့ဆိုပြီး နို့ဗူးသောက်နေရတဲ့ ဘေဘီလေးတွေက မေမေ့နို့ကနေတဆင့် အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာရရှိမယ့် အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးနေတာပါ။ ဒါကြောင့် နို့ဗူးသောက်နေရတဲ့ ဘေဘီလေးတွေလည်း အကျိုးပြုဘက်တီးရီးယားကို လိုအပ်မှာပါ။

    ဘယ်လိုများ အကျိုးပြုတာလဲ…..

    အကျိုးပြုဘက်တီးရီးယားတွေက ဘေဘီလေးကို

    ဘာတွေကနေ ရရှိနိုင်မလဲ…….

    အကျိုးပြုဘက်တီးရီးယားတွေကို

    • မိခင်နို့
    • ဒိန်ချဉ်
    • မိဆို
    • ကင်မ်ချီ
    • ချိစ်
    • အကျိုးပြုဘက်တီးရီးယား ဖြည့်စွက်ထားတဲ့ အစားအစာတွေကနေရရှိနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement