backup og meta

ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာတွေဖြစ်လာရင် အမြန်ဆုံးဘယ်လိုကုသမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြတ်ရှဒဏ်ရာ၊ပေါက်ပြဲဒဏ်ရာတွေဖြစ်လာရင် အမြန်ဆုံးဘယ်လိုကုသမလဲ

    မတော်တဆ ဓါးရှတာ၊ စက်ဘီးမှောက်တာ၊ ချော်လဲလို့ပွန်းပဲ့တာလိုမျိုးပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေက အဖြစ်များကြပါတယ်။ အနာဆိုတာ အချိန်တန်တော့ ကျက်သွားမှာပါ၊ပျောက်သွားမှာပါလို့တော့ မတွေးပါနဲ့နော်။ အနာသေးသေးလေးပဲဖြစ်ပါစေရောဂါပိုးဝင်သွားခဲ့ရင် အနာကျက်နှေးစေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

    ဒါ့ကြောင့် ဒီပြတ်ရှဒဏ်ရာ၊ အရေပြားပေါက်ပြဲဒဏ်ရာတွေကို အမြန်ဆုံးဘယ်လိုကုသရမလဲဆိုတာလေ့လာပြီး ကိုယ်တိုင်လုပ်ဆောင်လို့ရပါတယ်။ ဒဏ်ရာကြီးခဲ့ရင်တော့ဆေးခန်း၊ဆေးရုံမှာ ကုသမှုခံယူရမှာဖြစ်ပေမယ့် အသေးအဖွဲထိခိုက်ဒဏ်ရာတွေအတွက် လုပ်သင့်တဲ့နည်းလမ်းမှန်တွေကို ကိုယ်ကသိထားတော့ ဒဏ်ရာရတိုင်းဆေးခန်းပြေးစရာမလိုတော့ဘူးပေါ့။ အရင်ဆုံး

    • လက်ဆေးပါ။ အနာကိုထိတွေ့မယ့်လက်က သန့်စင်နေမှ ရောဂါပိုးမဝင်နိုင်မှာပါ။
    • သွေးတိတ်အောင်လုပ်ပါ။ဒဏ်ရာသေးတဲ့ပြတ်ရှအနာနဲ့ပေါက်ပြဲအနာတွေက သူ့အလိုလိုသွေးတိတ်လေ့ရှိပါတယ်။ မတိတ်ရင်တော့ ပတ်တီး သို့မဟုတ် အဝတ်စသန့်သန့်နဲ့ အနာကိုအသာအယာဖိထားပြီးသွေးတိတ်တဲ့အထိ အပေါ်မြှင့်လျက်အနေအထားမှာ ထားပေးပါ။
    • အနာကိုသန့်စင်ပါ။အနာကိုရေနဲ့ဆေးကြောရပါမယ်။ရေအလျင်နဲ့လောင်းချတာက အနာပိုးဝင်နိုင်တဲ့အန္တရာယ်လျော့နည်းစေပါလိမ့်မယ်။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးကြောပေးပါ။ အနာကိုတော့ ဆပ်ပြာမထိပါစေနဲ့။hydrogen peroxide သို့မဟုတ် iodineဆေးတွေ မထည့်ပါနဲ့။ အနာမှာ အမှုန်တွေ၊ အစအနတွေရှိနေရင် အရက်ပြန်နဲ့သန့်စင်ပြီးသားဇာဂနာလေးနဲ့ အသာလေး ဖယ်ထုတ်လို့ရပါတယ်။
    • အနာပိုးသတ်ဆေး ထည့်ပေးပါ။ အနာရှိတဲ့အရေပြားမျက်နှာပြင်ကို အစိုဓါတ်ရှိစေဖို့အတွက် ပိုးသတ်ဆေးလိမ်းဆေးအဆီ သို့မဟုတ်petroleum jelly ပါးပါးလိမ်းပေးပါ။
    • အနာကိုဖုံးအုပ်ပါ။အနာကပ်ပလာစတာ သို့မဟုတ် ပတ်တီးစကို စက္ကူတိပ်နဲ့ကပ်တာ သို့မဟုတ် ပတ်တီးနဲ့အနာကို ဖုံးအုပ်ပါ။ ဒီလိုဖုံးအုပ်မှ အနာကိုပိုးမဝင်အောင်အကာအကွယ်ဖြစ်စေပါတယ်။တော်တန်ရုံခြစ်ရာ၊ အစင်းရာ၊ ပွန်းပဲ့ရာလေးလောက်ကတော့ ဖုံးအုပ်စရာမလိုပါဘူး။
    • ပတ်တီး၊ ပလာစတာတွေကို လဲပေးပါ။အနာကပ်ပလာစတာ သို့မဟုတ် ပတ်တီး က ညစ်ပေလာတဲ့အခါတိုင်း သို့မဟုတ် အနည်းဆုံးတစ်နေ့ကိုတစ်ကြိမ်လောက် အသစ်လဲပေးပါ။
    • အနာပိုးဝင်တဲ့ လက္ခဏာရှိမရှိကိုစောင့်ကြည့်ပါ။ အရေပြားမှာ သို့မဟုတ် အနာတဝိုက်မှာ နီရဲလာတာ၊ ပိုနာလာတာ၊ အရည်ထွက်နေတာ၊ ရောင်ရမ်းလာတာ လိုမျိုးရာဂါပိုးဝင်တဲ့လက္ခဏာတွေ့ရရင် ဆရာဝန်ပြသင့်ပါတယ်။
    • တကယ်လို့ အနာက ကိုယ့်ဘာသာသန့်စင်လို့မရတဲ့အခါမျိုးဖြစ်ရင်၊ အနာက တိရစ္ဆာန်တစ်ကောင်ကိုက်ခံရတာဆိုရင် ၊ သံစူးတာ သံထည်ကြောင့်ရှတာမျိုးဖြစ်ရင်မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement