backup og meta

ကရိုတီးနွိုက် (Carotenoids) အကြောင်း သိသင့်သမျှ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကရိုတီးနွိုက် (Carotenoids) အကြောင်း သိသင့်သမျှ

    ကရိုတီးနွိုက် (Carotenoid) ဆိုတာ ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး သစ်ပင်များ၊ ရေညှိပင်များနဲ့ အလင်းရောင်ကနေ အစာဖွဲ့စည်းတဲ့ ဘက်တီးရီးယားတွေမှာ ပါဝင်ပါတယ်။ အဆိုပါ ရောင်ခြယ်ပစ္စည်းများကြောင့် အပင်များ၊ အသီးအနှံ အရွက်များမှာ အဝါရောင်၊ အနီရောင်၊ လိမ္မော်ရောင်များ မြင်တွေ့ရစေပါတယ်။

    ကရိုတီးနွိုက်ဟာ ရောင်ခြယ်ပစ္စည်းအဖြစ်သာမက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့လည်း အကျိုးပြုပါတယ်။ ကရိုတီးနွိုက်အမျိုးကွဲပေါင်း ရာနဲ့ချီပြီး ရှိပါတယ်။

    အချို့ကို ဗီတာမင် A အနေနဲ့ ပြောင်းလဲပေးနိုင်ပါတယ်။ တွေ့ရများတဲ့ ကရိုတီးနွိုက် အမျိုးအစားတွေကတော့

    – အယ်လ်ဖာကရိုတင်း

    – ဘီတာကရိုတင်း

    – လူတိန်း (Lutein)

    – လိုင်ကိုပင်း (Lycopen) စတာတွေ ဖြစ်ပါတယ်။

    ကရိုတီးနွိုက်ကို အစားအသောက်ကနေ ရရှိနိုင်ပါတယ်။ အဆီနဲ့အတူ စုပ်ယူရင် ပိုပြီး ထိရောက်ပါတယ်။ ကရိုတီးနွိုက် ကြွယ်ဝတဲ့ အစားအစာတွေကတော့

    – ဝဥ

    ကိုက်လန်

    – ဟင်းနုနွယ်

    – ဖရဲသီး

    သခွားမွှေးသီး

    – ငရုတ်ပွ

    ခရမ်းချဉ်သီး

    – မုန်လာဥနီ

    သရက်သီး

    လိမ္မော်သီး စတာတွေပဲ ဖြစ်ပါတယ်။

    ကရိုတီးနွိုက် ဘယ်လိုအလုပ်လုပ်သလဲ

    ကရိုတီးနွိုက်ဟာ ဆီမှာပျော်ဝင်နိုင်တဲ့ ဒြပ်ပေါင်းဖြစ်ပါတယ်။ သဘောကတော့ ကိုယ်ခန္ဓာက စုပ်ယူချိန်မှာ အဆီနဲ့ရောနေရင် ပိုကောင်းပါတယ်။ တခြားသော ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ မတူတာကတော့ ကရိုတီးနွိုက်ကြွယ်ဝတဲ့ အစားအစာတွေဟာ ချက်ပြုတ်လိုက်တဲ့အခါ ကိုယ်ခန္ဓာထဲဝင်ရောက်ချိန်မှာ အာဟာရဓာတ် ပိုမိုမြင့်မားနေတာပါပဲ။

    ကရိုတီးနွိုက်ကို xanthophylls နဲ့ carotenes ဆိုပြီး အုပ်စုနှစ်စုခွဲနိုင်ပါတယ်။ နှစ်မျိုးစလုံးဟာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ရှိပါတယ်။ အယ်လ်ဖာကရိုတင်း၊ ဘီတာကရိုတင်း စတဲ့ ကရိုတီးနွိုက်များကတော့ ဗီတာမင် A အဖြစ် ပြောင်းလဲနိုင်တာမို့ လူသားတို့ ကျန်းမာဖွံ့ဖြိုးရေးကို အထောက်အကူပြုပါတယ်။

    ကရိုတီးနွိုက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

    ကရိုတီးနွိုက်ဟာ အကျိုးပြုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး သင့်ကို ရောဂါဘယများကနေ ကာကွယ်နိုင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေပါတယ်။ အထူးသဖြင့် အောက်ပါအတိုင်း အကျိုးပြုပါတယ်။

    မျက်စိကျန်းမာရေး

    ကရိုတီးနွိုက်ကြွယ်ဝတဲ့ အစားအစာတွေဟာ မျက်စိအတွင်းက ဆဲလ်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ အမြင်အာရုံကွယ်စေတဲ့ အကြောင်းတရပ်ကတော့ မျက်စိနောက်ပိုင်း အမြင်လွှာဟာ အသက်ကြီးပြီး ချို့ယွင်းလာတာကြောင့် ဖြစ်ပါတယ်။ ကရိုတီးနွိုက်ဟာ မျက်စိအမြင်လွှာကို ကာကွယ်ပေးပါတယ်။

    သုတေသနအချို့အရ လူတိန်း (lutein) ကို တနေ့မှာ ၆ မီလီဂရမ် စားသုံးပေးနိုင်ရင် အမြင်လွှာပျက်စီးခြင်းကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ ဆိုပါတယ်။

    နှလုံးကျန်းမာရေး

    ကရိုတီးနွိုက်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တာမို့ ကိုယ်ခန္ဓာရဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။ အထူးသဖြင့် နှလုံးနဲ့သွေးကြောများဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပြီး သွေးလွှတ်ကြောတွေ ပိတ်ဆို့ခြင်းကို ကာကွယ်ပေးပါတယ်။

    ကင်ဆာ

    ကရိုတီးနွိုက်ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်များဖြစ်တာမို့ ဖရီးရယ်ဒီကယ်တွေကြောင့် ဆဲလ်တွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ကင်ဆာဆဲလ်များဖြစ်ပေါ်ခြင်း၊ ကင်ဆာဆဲလ်များ ပွားများခြင်း စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ကရိုတီးနွိုက်ဟာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

    ကရိုတီးနွိုက်အချို့ဟာ ဗီတာမင် A အဖြစ်လည်း ပြောင်းလဲနိုင်တာမို့ နေရောင်ခြည်ကြောင့် အရေပြားဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကင်ဆာကို ကာကွယ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement