– ကော့ပါးဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၁၀%
– ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၉%
– မဂ္ဂနီဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၆%
– ဗီတာမင် B1 ဗီတာမင် B2 ဗီတာမင် B3။ တစ်နေ့တာလိုအပ်ချက်၏ ၃% စီ
– သံဓာတ်နှင့်ဖော့စ်ဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၃% စတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ၃၃ ကယ်လိုရီ၊ ကာဘိုဟိုက်ဒရိတ် ၆ ဂရမ်၊ ပရိုတိန်း ၃ ဂရမ် ပါဝင်ပါတယ်။ အဆီဓာတ်ပါဝင်မှုနည်းပါတယ်။ အဆီဓာတ်အများစုဟာ omega 3 ဖြစ်ပါတယ်။ အာဟာရဓာတ် သိပ်သည်းစွာ ပါဝင်တဲ့ စားစရာဖြစ်တာမို့ ယနေ့အခါမှာ ကိုက်လန်စားသုံးမှု မြင့်မားလာကြပါတယ်။
အစိမ်းရောင်ရှိတဲ့ တခြားအသီးအရွက်တွေလိုပဲ ကိုက်လန်မှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်စီအပြင် flavonoids နဲ့ polyphenols စတဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။ ဓာတ်တိုးထိခိုက်ခြင်းဟာ ကိုယ်ခန္ဓာရှိဆဲလ်တွေကို ပျက်စိးစေပြီး ကင်ဆာအပါအဝင် တခြားရောဂါများစွာ ပျက်ဆီးစေပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းမှုကို ကျစေခြင်း၊ စိတ်ကျခြင်းကို သက်သာစေခြင်း၊ ကင်ဆာကာကွယ်ခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။