ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ခန္ဓာကိုယ်က ကိုယ် ပုံမှန်စားနေကျ မဟုတ်တဲ့ အစားအစာတွေ၊ အာဟာရ အချိုးအစားတွေကို ရုတ်တရက် ပြောင်းလဲလိုက်တဲ့အခါ သဟဇာတ မဖြစ်ဘဲ အားမရှိသလို၊ မောပြီး ပင်ပန်းသလို ခံစားရနိုင်ပါတယ်။ ပုံမှန်လေး စားပေးသွားမယ်ဆိုရင် ခန္ဓာကိုယ်က နောက်ပိုင်း အဆင်ပြေသွားမှာပါ။
မေးခွန်း (၆) = Diet လုပ်ပြီးတော့မှ ဆီးက သစ်သီးအနံ့ရနေတာ ဘာလို့လဲ။
ကီတို Diet ကြောင့် ခန္ဓာကိုယ်က အဆီတွေကို ဖြိုခွဲပြီး ကီတုန်း (Ketone) ကို ထုတ်လုပ်ပေးပါတယ်။ ဆိုးကျိုးအနေနဲ့ ဆီးအနံ့က သစ်သီးလိုမျိုး အနံ့ထွက်လာတတ်ပါတယ်။ စိတ်ပူစရာတော့ မလိုပါဘူး။
မေးခွန်း (၇) = ခံတွင်းအနံ့ဆိုး ထွက်တာကရော ပုံမှန်ပဲလား။
ဒါကလည်း ပုံမှန်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုပါပဲ။ ဒါကို ကာကွယ်ပေးဖို့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားသေချာ တိုက်ပေးတာ၊ ရေများများ သောက်ပေးတာ၊ သကြားမပါဝင်တဲ့ ပီကေဝါးတာမျိုး လုပ်ပေးလို့ ရပါတယ်။
မေးခွန်း (၈) = ကီတို Diet က အန္တရာယ်များတယ်ဆိုတာ ဟုတ်လား။
မဟုတ်ပါဘူး။ ကီတို Diet သည် စားလိုက်တဲ့ အဆီကို ကီတုန်းအဖြစ် ဖြိုခွဲပေးတဲ့ Ketosis ဖြစ်စဉ်ကို ဖြစ်ပေါ်စေပါတယ်။ အန္တရာယ်များတယ်ဆိုတာ သူနဲ့ နာမည်ဆင်တူတဲ့ Ketoacidosis အမျိုးအစားပါ။ ထိန်းချုပ်မရအောင် ပြင်းထန်တဲ့ ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်တဲ့ ပြဿနာပါ။ ဒါကြောင့် ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ ကီတို Diet မစခင်မှာ ကိုယ်ပြနေကျ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။
မေးခွန်း (၉) = Diet လုပ်ပြီးမှ အစာမကြေ ဝမ်းလျှောချင်သလို ဖြစ်နေတယ် ဆရာ။
ကီတို Diet စလုပ်ကာစနဲ့ တစ်ပတ်၊ နှစ်ပတ်လောက် အကြာမှာ ဖြစ်တတ်ပါတယ်။ ပုံမှန်ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်ပြီး ၃ပတ်ကနေ ၄ပတ်အထိ ပုံမှန် Diet လုပ်ပေးသွားမယ်ဆိုရင် ဒီလက္ခဏာတွေ ပျောက်သွားပါလိမ့်မယ်။ အစာမကြေသလို ခံစားနေရတာအတွက် အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစိမ်းရင့်ရောင် ဟင်းရွက်တွေ ပိုစားပေးတာ၊ ဝမ်းလျှောတာ သက်သာဖို့ မဂ္ဂနီဆီယမ်အားဆေး သောက်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။
ကီတို Diet သည်လည်း တခြား Diet အမျိုးအစားတွေလိုပါပဲ၊ ခဏလေးနဲ့ အာနိသင်ပြတယ်ဆိုပေမယ့် အချိန်တစ်ခုကြာအောင် လုပ်သွားဖို့တော့ လိုအပ်ပါတယ်။ Diet စတဲ့ အချိန်မှာ ကိုယ်ခန္ဓာက ဒါကို အသားမကျသေးတဲ့အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာမကြေတာ၊ ဝမ်းလျှောတာ အစရှိတဲ့ လက္ခဏာတွေ ပြတတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူ့အလိုလို ပျောက်သွားမှာဖြစ်တာကြောင့် အရမ်းတော့ စိတ်ပူစရာ မလိုပါဘူးနော်။ ကီတို Diet လုပ်နေသူတွေရော၊ လုပ်ဖို့ စဉ်းစားနေသူတွေအတွက်ရော ခုဆောင်းပါးလေးက အဆင်ပြေစေမယ်လို့ မျှော်လင့်မိပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။