backup og meta

ဥပုသ်စောင့်ချိန်မှာ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုပြင်ဆင်မလဲ

ဥပုသ်စောင့်ချိန်မှာ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုပြင်ဆင်မလဲ

ကမ္ဘာပေါ်ကလူမျိုးတိုင်း၊ ဘာသာတိုင်းမှာ တစ်ပတ်လျှင်တစ်ရက် အားလပ်ရက်အဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။ အဆိုပါနေ့မျိုးတွေဟာ အားလပ်ရက်မျှသာ မဟုတ်ပါဘူး။ လောကုတ္တရာရေးရာကိစ္စတွေကို ဆောင်ရွက်ကြတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုနေ့မျိုးတွေကို သီတင်းနေ့ သို့မဟုတ် ဥပုသ်နေ့လို့ ခေါ်ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကလည်း ဝါတွင်းကာလကို ရောက်လာပြီဆိုရင် ဥပုသ်သီလဆောက်တည်ပြီး ကုသိုလ်ပြုကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာက ညစာမစားတာ၊ သူ့အသက်မသတ်တာတွေ အပါအဝင် အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့သီလကို ခံယူဆောက်တည်တာကို ဆိုလိုတာပါ။

ဒါက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုသ်ဆောက်တည်မှုဖြစ်ပါတယ်။ ကိုးကွယ်ရာဘာသာတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဥပုသ်သီလဆောက်တည်မှု ပုံစံတွေရှိကြပါတယ်။ ဒါပေမယ့် အများစုကတော့ အစားရှောင်တဲ့ အချက်ပါဝင်နေပါတယ်။

ဥပုသ်သီတင်းယူကြတဲ့အခါ အစားကို ရှောင်ကြဉ်တာကြောင့် ကိုယ်ခံအားစနစ်ပေါ် သက်ရောက်မှုရှိလာတတ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်ကို ပုံမှန်ပြည့်မှီစွာ မဖြည့်တင်းထားရင် ဥပုသ်စောင့်ချိန်မှာ အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေမှာဆိုရင်ပေါ့။

ခုလို ကိုယ်ခံအားစနစ် အားနည်းသူတွေကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ COVID-19 ရောဂါဆိုးကြီး ထကြွသောင်းကျန်းနေချိန်မှာ ကိုယ်ခံအားနည်းနေမယ်ဆိုရင် ရောဂါဘယတွေကို လက်ယက်ခေါ်သလို ဖြစ်နေနိုင်တယ်နော်။

ဒီလိုဆို ဥပုသ်မစောင့်ရဘူးလား။ ဒီလိုလည်းမဟုတ်ပါဘူး။ ဥပုသ်စောင့်ခြင်းဟာ လောကီအတွက်ရော လောကုတ္တရာအတွက်ပါ အကျိုးထူးစေနိုင်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီအကျင့်ကို စွန့်ပယ်စရာမလိုပါဘူး။

ကိုယ့်အပါအဝင် ဥပုသ်စောင့်ကြမယ့် လူကြီးသူမတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင်ပြင်ဆင်ထားမယ်ဆိုရင် ကျန်းမားရေးလည်းကောင်းမွန်ပြီး ကုသိုလ်ရေးလည်း မပျက်ကွက်နိုင်တော့ဘူးလေ။

ဒါဆိုရင် ဥပုသ် သီတင်းဆောက်တည်ချင်တဲ့သူတွေအနေနဲ့ ဘယ်လို ကိုယ်ခံအားကောင်းအောင် ပြင်ဆင်ကြမလဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီး ကိုယ်ခံအားကောင်းနေစေဖို့ဆိုရင် အောက်ပါ နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

နေ့စဉ် အာဟာရပြည့်ဝအောင်စားပါ – အာဟာရဓာတ်ဟာ ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ ရောဂါဘယကင်းဝေးစေဖို့ အဓိကကျပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲက ဒိန်ချဉ်၊ ကန်စွန်းဥ၊ ပေါင်မုန့်၊ ကွေကာအုတ်၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ လိမ္မော်သီး၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ် တို့လိုမျိုး အစားအစာတွေကို ပုံမှန်ထည့်သွင်း မှီဝဲပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာပါ။

ရေဓါတ်ပြည့်ဝနေပါစေ – ရေများများ သောက်တာ၊ ရေဓာတ်ပါဝင်မှုများတဲ အစားအစာတွေကို ပုံမှန်မှီဝဲတာတွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်နေစေပါလိမ့်မယ်။ တစ်နေ့ကိုရေ ၁၀ ခွက်ကနေ ၁၂ အထိ ပုံမှန်သောက်သုံးပေးပါ။ ဥပုသ်စောင့်နေချိန်မှာလည်း ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ဖြည့်ဆည်းပေးနေဖို့ လိုအပ်တာကို မမေ့ပါနဲ့။

အိပ်ရေးဝအောင် အိပ်ပါ – အိပ်ရေးပျက်တာက ခန္ဓာကိုယ်ကို ဖျားနာစေတဲ့၊ အားနည်းစေတဲ့၊ ရောဂါဘယတွေဝင်စေတဲ့ အဓိကအကြောင်းအရင်းပါ။ ညဘက်အိပ်ချိန်အပြည့်အဝရရှိမှုက ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွနေစေပြီးရောဂါတွေကို ခုခံနိုင်စွမ်းရှိစေပါတယ်။ ဥပုသ်စောင့်ချိန်မှာ နေ့ခင်းနေ့လယ် အိပ်စက်တာဟာ အပြစ်ဆိုဖွယ်ရာကိစ္စမဟုတ်ပါဘူး။ တစ်ဖက်တစ်လမ်းကနေ ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ – လေ့ကျင့်ခန်းလုပ်ပါဆိုတာက နေရာမှာနေ့တိုင်း GYM သွားခိုင်းတာမဟုတ်သလို အလေးမခိုင်းတာလည်း မဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် တစ်နေ့ကို မိနစ် ၂၀ လောက် ပုံမှန်လမ်းလျှောက်တာမျိုး၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးတာမျိုး လုပ်ပေးဖို့ပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။

ဆေးလိပ်နဲ့ ကဖင်းဓာတ်တွေကို ရှောင်ပါ – ဆေးလိပ်သောက်တာ၊ ကွမ်းစားတာနဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့တွေကို ရှူရှိုက်တာတွေက ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကပါ နောက်ပြီး ဥပုသ်စောင့်ရင်း ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာမျိုးတွေကလည်း မှန်ကန်တဲ့ အပြုအမူတွေ မဟုတ်ပါဘူး။

စိတ်ဖိစီးမှုကင်းအောင်နေပါ – စိတ်ကြည်နေမှ တရားအပေါ် အာရုံရောက်မှာပါ။ စိတ်ကြည်လင် လန်းဆန်းနေမှုဟာ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးနေမယ်၊ စိတ်မကြည်ဘူးဆိုရင် ဥပုသ်စောင့်နေပေမယ့် ပူပင်သောကတွေများနေမှာဖြစ်ပြီး တရားလည်း မမှတ်နိုင်သလို ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

အားဖြည့်ဆေးတစ်မျိုးမျိုး ပုံမှန်မှီဝဲပါ – အစားအသောက်တွေကနေ ဗီတာမင်တွေ သတ္တုဓာတ်တွေကိုရရှိနိုင်ပေမယ့် လူကြီးသူမတွေဆိုရင် ဒီထက်ပို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ဗီတာမင်တွေပြည့်ဝနေစေဖို့ ပုံမှန်မှီဝဲစရာ အားဖြည့်ဆေးတွေလည်း ဆောင်ထားသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://medium.com/change-your-mind/why-a-day-of-rest-is-important-7e1a1f1555d4

https://thriveglobal.com/stories/8-expert-tips-to-boost-your-immune-system-while-in-self-quarantine/

https://www.heart.org/en/news/2020/04/08/keep-your-immune-system-in-top-shape-with-these-tips

https://www.npr.org/2020/03/21/819124774/how-people-with-weakened-immune-systems-are-navigating-the-coronavirus

https://www.webmd.com/cold-and-flu/cold-guide/10-immune-system-busters-boosters#2

ယခုပုံစံ

25/08/2020

Ye Zon Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ

ကိုယ်ခံအားကောင်းဖို့ သောက်နေကြတဲ့ ကွမ်းရွက် ပြုတ်ရည် ဘာတွေ ဆေးဖက်ဝင်သလဲ



Ye Zon Aung မှ ရေးသားသည်။ · 25/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement