backup og meta

နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။  ။

    ကိုယ့်ရဲ့ လုပ်နေကျ အမူအကျင့်တချို့ဟာ ချက်ချင်းဆို မသိသာပေမယ့် နောက်ပိုင်း အသက်ကြီးလာမှ ကျန်းမာရေးကိုထိခိုက်စေတာတွေ ရှိတတ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာမည် ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ ခုတည်းက ကောင်းတဲ့ နေထိုင်မှုပုံစံတွေကို မွေးမြူထားမှ နောင် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်ပြီး နောင်တတွေ ကင်းတဲ့ ကိုယ် ဖြစ်နေမှာလေ။ ဒီတော့ ဘယ်လို နေထိုင်မှု ပုံစံတွေက နောင် ၁၀ နှစ်ကြာရင် သင့်ကျန်းမာရေးအတွက် နောင်တရစေမှာလဲ။ နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။

    နောက် ၁၀ နှစ်ကြာရင် ကျန်းမာပျော်ရွင်နေတဲ့ သင် ဖြစ်ဖို့ ဒီ အမူအကျင့်တွေကို ရှောင်ပါ။ ။

    ဘယ်လို အမူအကျင့်တွေလဲ ဆိုတော့ –

    ၁ ။ အထိုင်ပဲများနေပြီး ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ ။ ။

    ကိုယ်လက်လှုပ်ရှားမှုကို အချိန်ပေးပြီး မလုပ်ဘဲ ထိုင်ပဲထိုင်နေရင် လက်ရှိအချိန်မှာတော့ သင်သက်သောင့်သက်သာ ရှိနေမှာ မှန်ပေမယ့် နောက် ၁၀ ကြာရင်တော့ သင့်ကျန်းမာရေးက ယိုယွင်းနေပါလိမ့်မယ်။

    အထိုင်များတာဟာ အဝလွန်တာ ဆီးချို သွေးတိုးရောဂါနဲ့ ဆက်စပ်နေတဲ့အပြင် ထိုင်နေတဲ့အချိန်မှာ သင့်ကိုယ်ခန္ဓာ မတ်အောင် တာဝန်ယူထိန်းထားရတဲ့ ခါးကိုပါ ထိခိုက်စေဦးမှာပါ။

    ၂ ။ မနက်စာ မစားဘဲနေတာ ။ ။

    မနက်စာဆိုတာ သင့်ရဲ့ တစ်နေ့တာ အတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ အရာတစ်ခုပါ။ မနက်စာလေးစားလိုက်မှ နေ့တစ်နေ့ကို အစပြုဖို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ရရှိပြီး သင့်ဦးနှောက်၊ ကိုယ်ခန္ဓာ နဲ့ စိတ်တို့ ကြည်လင်လန်းဆန်းနေမှာပါ။

    ပိန်ချင်လို့ဆိုပြီး မနက်စာ မစားဘဲနေလိုက်ရင် နေ့လည်စာပိုစားမိပြီး ပိန်မှာလည်း မဟုတ်တဲ့အပြင် ကြီးလာတဲ့အချိန်ကျ မှတ်ဉာဏ်တွေ ချို့ယွင်းနေပါလိမ့်မယ်။

    ၃ ။ အသီးအရွက်တွေမစားတာ ။ ။

    အမျှင်ဓာတ် တွေ ကြွယ်ဝတာတွေ များများစားပေးမှ ဝမ်းချုပ်တာကင်းဝေးမှာပါ။ ဒါကို မကြိုက်ဘူးဆိုပြီး အသားချည်းပဲ စားနေလို့ကတော့ နာမည်ကြီး ကင်ဆာတွေ ဖြစ်တဲ့ အူမကြီးကင်ဆာတို့က သင့်ဆီ အလည်လာကြမှာဖြစ်ပါတယ်။

    ၄ ။ အိပ်ချိန်လုံလောက်မှု မရှိတာ ။ ။

    တစ်နေ့ကို ၇ နာရီလောက်မှ ကောင်းကောင်း အိပ်စက် အနားယူခြင်း မရှိတဲ့သူတစ်ယောက်ရဲ့ ကျန်းမာရေးဟာ ချက်ချင်းထိခိုက်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက် ၁၀ နှစ်ကြာရင် အိပ်ချိန်ပြည့်ဝစွာ အိပ်ခဲ့တဲ့ ရွယ်တူတွေနဲ့ ရုပ်ရည် အပိုင်းမှာရော၊ ကျန်းမာရေးအပိုင်းမှာရော၊ ဦးနှောက် စွမ်းဆောင်မှု အပိုင်းမှာရော ယှဉ်လို့ မရတော့ပါဘူး။

    ၅ ။ ရေဓာတ် မပြည့်ဝတာ ။ ။

    ရေအသက် တစ်မနက်ဆိုတဲ့ စကားရှိတယ်လေ။ ကိုယ်ခန္ဓာရဲ့ ၇၀ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားတာကြောင့် အနည်းဆုံး တစ်နေ့ ၃ ပုလင်းလောက်တော့ သောက်ပေးဖို့လိုပါတယ်။ တစ်နေ့ ရေ ၃ ပုလင်းသောက်တဲ့ အကျင့်မမွေးထားရင်တော့ ကြီးလာရင်ရွယ်တူတွေကြားထဲမှာ အရွယ်အရင့်ဆုံးသူဖြစ်နေတော့မှာပါ။

    ၆ ။ အသင့်စား သရေစာတွေ၊ ရယ်ဒီမိတ် အစားအသောက်တွေကို ပိုစားဖြစ်တာ။ ။

    ခေါက်ဆွဲပြုတ်တို့၊ ကြက်အူချောင်းတို့ စည်သွပ်ဘူးတို့ဆိုတာ လူတိုင်း ကြိုက်နှစ်သက်ကြတဲ့ အသင့်စား အစားအသောက်တွေပါ။ ဒါတွေက ခဏတာ အတွက်တော့ သင့်ကို ခံတွင်းမြိန်စေပေမယ့် ရေရှည်စားသုံးရင် သင့်ကျန်းမာရေးအတွက် ဘဝင်မကျစရာတွေ ဖြစ်စေပါလိမ့်မယ်။

    ၇ ။ စိတ်ဖိစီးမှုများတာ ။ ။

    အလုပ်ကြောင့်၊ အိမ်တွင်းရေးကြောင့် ငွေကြေးကြောင့် ဆိုတဲ့ အကြောင်းအရင်းပေါင်းများစွာနဲ့အတူ စိတ်ဖိစီးမှုတွေက သင့်ဆီ မခေါ်ဘဲနဲ့ ဝင်ဝင်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ ရှိနေတဲ့ ရောဂါတွေကိုပိုဆိုးစေတဲ့အပြင် တခြားရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ တို့ကိုလည်း အစပျိုးဖြစ်စေပါတယ်။ ဒ

    ါကြောင့် လက်ရှိ အချိန်မှာ စိတ်ဖိစီးနေတာတွေကို မလျှော့ချဘဲ ဆက်ပြီး အဖိစီးခံနေမယ်ဆိုလို့ကတော့ နောင် ၁၀ ကြာရင် သင်နောင်တရနေပါလိမ့်မယ်။

    ၈ ။ အရက်သောက်တာ ။

    ယောက်ျားမှန်ရင် အရက်သောက်တတ်ရမယ်ဆိုတဲ့ စကားကို ဘယ်သူက စပြောခဲ့တာပါလိမ့်။ အသင့်အတင့်သာသောက်ရင် ကျန်းမာရေးအပေါ် ကောင်းကျိုး အနည်းငယ်ပေးနိုင်တယ်ဆိုလို့ အရက်ကို ဆေးဖြစ်ဝါးဖြစ်သောက်နေတဲ့သူတွေ သင့်ပတ်ဝန်းကျင်မှာ လက်ချိုးရေလို့တောင် ရပါတယ်။ ဒါပေမဲ့ အားလုံးက ပျော်ပွဲရွှင်ပွဲတွေ၊ အပေါင်းအသင်းတွေနဲ့ night out တွေ ထွက်ပြီဆိုတာနဲ့ အရက်ကို တမုန်းမူးအောင် သောက်ကြတော့တာပါပဲ။

    ဒီလိုနဲ့ အရက်သောက်ရတာကို ကြိုက်သွားပြီး အရက်စွဲသွားပါလေရော။ ငယ်နေသေးတဲ့အချိန်မှာတော့ ဒီအချိန်လေးတွေက ပျော်စရာအမှတ်တရတွေ ဖြစ်နေပေမယ့် နောင် အသက်ကြီးလာတဲ့အချိန်မှာတော့ နောင်တရစရာ အတိတ်တစ်ခုဖြစ်နေပါလိမ့်မယ်။

    ၉ ။ ဆေးလိပ်စွဲတာ ။ ။

    ဆေးလိပ်ဆိုတာ စွဲသွားရင် တကယ်ကို ဖြတ်ရခက်တဲ့ အရာတစ်ခုပါ။ စူးစမ်းချင်လို့ စတိုင်ကျချင်လို့ စိတ်ထွက်ပေါက်ရှာချင်လို့ ဆေးလိပ်စသောက်မိပြီး စွဲသွားပြီ ဆိုတာနဲ့ သင်နောက် ၁၀ နှစ်ကြာရင် နောင်တ ဗရပွနဲ့ ဖြစ်နေတော့မှာပါ။

    ၁၀ ။ အိပ်ဆေးတွေ ၊ မူးယစ်ဆေးတွေ အလွန်အကျွံသုံးတာ ။ ။

    မူးယစ်ဆေးဆိုတာ သုံးနေတဲ့အချိန်မှာတော့ သင်က ဘုရင်ဖြစ်သလို ခံစားနေရပေမယ့် နောင် ၁၀ နှစ်ကြာရင်တော့ မူးယစ်ရဲ့ ကျေးကျွန်သင်ပြန်ဖြစ်နေပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သင့်မှာ အဖော်ဆိုလို့ နောင်တတရား ပဲ ရှိနေပါလိမ့်မယ်။

    ကဲ နောက် ၁၀ နှစ်ကျ နောင်တ မရချင်ရင် ကိုယ့်မှာရှိနေတဲ့ ဒီမကောင်းတဲ့ အကျင့်တွေကို အမြန်ဆုံး ပြုပြင်လိုက်ရအောင် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement