ဒီရောဂါဖြစ်ရင် အာဟာရဓါတ်မျှတအောင် စားရပါတယ်။ ဒါမှမဟုတ် အစာပြွန်ထည့်ပေးခြင်း၊ စတီးရွိုက်ပေးခြင်း စတာတွေ ပြုလုပ်ရပါတယ်။
အသည်းခြောက်ခြင်း
အသည်းခြောက်ခြင်းဆိုတာ အသည်းမှာ ဖိုင်ဘာတစ်ရှုးများ ပြောင်းလဲသွားပြီး အလုပ်မလုပ်နိုင်တော့ခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ပိုမိုဆိုးရွားသွားတတ်တဲ့သဘောရှိပြီး ဖိုင်ဘာတစ်ရှုးတွေဟာ အသည်းဆဲလ်တွေရဲ့ ပုံမှန်တည်ဆောက်ပုံနဲ့ အသစ်ပြန်ဖြစ်ခြင်းအပေါ် ထိခိုက်မှုဖြစ်စေပါတယ်။ အသည်းဆဲလ်တွေဟာ ထိခိုက်သေဆုံးသွားပြီး တစ်သျှူးတွေဟာ အစားထိုးလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အသည်းဟာ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ပါဘူး။ ဖိုင်ဘာတစ်ရှုးတွေဟာ အသည်းဆီ ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက် ပေးလာပါတယ်။
အမာရွတ်တစ်ရှုးများပေါ်လာပြီး အရင်လိုပြန်မဖြစ်တော့ပါဘူး။ ပထမပိုင်းမှာ အသည်းဆဲလ်တွေဆုံးရှုံးခြင်းဟာ လူကို မထိခိုက်စေပါဘူး။ ဒါပေမယ့် အသည်းဆဲလ်တွေ ပိုမိုပျက်စီးလာတာနဲ့အမျှ ဖိုင်ဘာတစ်ရှုးတွေ များသထက် များလာပါတယ်။ အသည်းရောင်ခြင်းနဲ့ ပတ်သက်တဲ့လက္ခဏာတွေနဲ့တူတဲ့အပြင် နောက်တဖြည်းဖြည်းနဲ့ အသည်းခြောက်လာပါတယ်။ အချိန်ကြာကြာ အသည်းခြောက်နေသူများနဲ့ အသည်း သွေးပြန်ကြောပိတ်သူများမှာ ရေဖျဉ်းစွဲခြင်းပါ ဖြစ်လာပါတယ်။ အသည်းခြောက်ခြင်းရဲ့ အဆိုးအရွားဆုံး အခြေအနေကတော့ အသည်းကင်ဆာကို ဦးတည်နေခြင်းပဲ ဖြစ်ပါတယ်။
အသည်းခြောက်ခြင်းဟာ ဗိုင်းရပ်စ်ပိုးများ၊၊ မျိုးရိုးဗီဇရောဂါများ၊ ဇီဝဖြစ်ပျက်မှုပြဿနာများ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အမြင့်ဆုံးကတော့ အရက်ကို ၁၀နှစ်အထက် သောက်ခဲ့သူတွေဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။
အထက်ဖော်ပြပါလက္ခဏာတွေအပြင် တခြား စစ်ဆေးနည်းတွေကလည်း ရောဂါရှာဖွေနိုင်ပါတယ်။ ALT နဲ့ ALP မြင့်တက်ခြင်း၊ အယ်လ်ဗျူမင်နည်းခြင်း၊ သွေးတွင်းဘီလီရူဘင် ပါဝင်မှုများခြင်း စတာတွေကို သိနိုင်ဖို့ သွေးစစ်ခြင်း၊ အသည်းပျက်စီးမှုကို သိနိုင်တဲ့ အာထရာဆောင်းရိုက်ခြင်း၊ အသည်းဆဲလ်များကို နမူနာစယူ စစ်ဆေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကုသခြင်းနှင့် ကာကွယ်ခြင်း
အရက်ဖြတ်ဖို့ လိုပါတယ်။ ပြီးရင် အစားအသောက် အာဟာရမျှတအောင်စားဖို့၊ ဗီတာမင်နဲ့ သတ္တုဓါတ် ဖြည့်စွက်စာတွေကို အချိန်အတိုင်းအတာတစ်ခုအထိစားသုံးဖို့ လိုပါတယ်။
ရေဖျဉ်းရှိတဲ့ လူနာတွေမှာ ဆီးဆေးနဲ့ ပဋိဇီဝဆေးတွေ ပေးဖို့ လိုအပ်ပါတယ်။ အသည်းဟာ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ အသည်းအစားထိုးခြင်းပဲ ဖြစ်ပါတယ်။
ကာကွယ်နိုင်ရေးအတွက်ဆိုရင်တော့ နေထိုင်မကောင်းဖြစ်ရင် အရက်မသောက်ပါနဲ့။ အရက်ကိုဖြတ်ပါ။ ဒါမှမဟုတ် လျှော့ပါ။ အကန့်အသတ်နဲ့လုပ်ပါ။ အမျိုးသားတွေမှာ တစ်နေ့ကို ၄ယူနစ်နဲ့ တစ်ပတ်ကို ၂၁ယူနစ်ထက် ပိုမသောက်ပါနဲ့။ အမျိုးသမီးတွေဆိုရင် တစ်နေ့ကို ၃ယူနစ်၊ တစ်ပတ်ကို ၁၄ယူနစ်ထက် ပိုမသောက်ပါနဲ့။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ လုံးဝမသောက်ပါနဲ့။ သောက်နေသေးတယ်ဆိုရင်လည်း တစ်ပတ်ကို ၁-၂ယူနစ်အောက်ပဲ သောက်ပြီး မမူးပါစေနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။