အယ်ဇိုင်းမားဆိုတာ လူတိုင်းလိုလိုနားထဲမစိမ်းတဲ့ရောဂါအမည်တစ်ခု။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး သိထားကြတဲ့ဗဟုသုတအကြောင်းအရာတွေက မှန်ကန်မှုရှိရဲ့လားဆိုတာ အရေးကြီးပါတယ်။ ငယ်မူပြန်လည်း အယ်ဇိုင်းမား၊မေ့တတ်တယ်ဆို အယ်ဇိုင်းမား၊ အသက်ကြီးလို့ နဝေတိမ်တောင်ဖြစ်လာရင် အယ်ဇိုင်းမားပဲ လို့ သိထားကြပါရဲ့။ အဲဒီအသိတွေက မှန်မမှန်သိရအောင် အယ်ဇိုင်းမားနဲ့ပတ်သက်ပြီး မှားယွင်းနေတတ်တဲ့ အယူအဆအလွဲတွေကို ရှင်းပြချင်လို့ပါ။
တကယ်တော့ Dementia ဆိုတာရောဂါတစ်ခုမဟုတ်ပါဘူး။ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေအများကြီးအကျုံးဝင်တဲ့ရောဂါလက္ခဏာစုဖြစ်ပါတယ်။ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဘာသာစကားအသုံးပြုရခက်ခဲခြင်း၊ သိမြင်နားလည်နိုင်စွမ်းလျော့နည်းခြင်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းချို့ယွင်းလာခြင်းတို့လို ဦးနှောက်ဉာဏ်ရည်ပိုင်းလုပ်ဆောင်ချက်တွေယိုယွင်းလာတာဖြစ်ပါတယ်။ Alzheimer’s (အယ်ဇိုင်းမား)ကတော့dementiaဖြစ်ပွားမှု ၆၀% ကနေ ၈၀% မှာ ပါဝင်နေတာဖြစ်ပေမယ့်dementia အမျိုးအစားတွေအများကြီးထဲက တစ်ခုသာဖြစ်ပါတယ်။Dementiaြဖစ်စေတဲ့အကြောင်းရင်းများစွာထဲမှာ အယ်ဇိုင်းမားရောဂါကလည်း အဖြစ်များဆုံးနေရာက ပါဝင်နေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။