backup og meta

မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။  ။

    ဘာကြောင့် မူးယစ်ဆေးစွဲရတာလည်းလို့ မပြောခင် မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြတဲ့အတွက် မူးယစ်ဆေးသုံးရတာ၊ ဆေးစွဲသွားတာတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် မူးယစ်ဆေးကို စသုံးဖြစ်၊ စွဲသွားစေတဲ့ ထိပ်ဆုံး အကြောင်းအရင်း ၈ ချက်ကို ပြောပြပေးချင်ပါတယ်။ ။

    မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့် ။ ။

    ၁။ စူးစမ်းကြတာ။ 

    ဆယ်ကျော်သက် အရွယ်ရောက်လာပြီဆိုတာနဲ့ စူးစမ်းချင်စိတ်ရှိကြတာ လူငယ်တိုင်းပါ။ မကောင်းဘူး၊ မလုပ်ရဘူးလို့ ပြောလေ ပိုလုပ်ချင်လေပါပဲ။ မူးယစ်ဆေးဆိုတာကလည်း ငယ်ငယ်တည်းက မသုံးကောင်းဘူး၊ ဆေးစွဲသွားလိမ့်မယ်လို့ပြောကြတော့ ဘာများပါလိမ့်၊ တစ်ခါလောက်စမ်းကြည့်တာ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး လက်တည့် စမ်းရာကနေ ဆေးစွဲသွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ။

    ၂။ အတုမြင် အတတ်သင်။

    ကလေးတွေဆိုတာ အတုမြင်အတတ်သင် အရွယ်ဖြစ်တဲ့အတွက် မိသားစုထဲ ဆေးစွဲနေတဲ့သူ ရှိခဲ့ရင် သူတို့အတွက် မူးယစ်ဆေးဆိုတာ မစိမ်းတော့တဲ့ အရာ တစ်ခုဖြစ်သွားပါလိမ့်မယ်။ ဘာတွေ ကောင်းလို့ လူကြီးတွေ ဒီလောက်တောင် စွဲနေရတာလဲဆိုပြီး လိုက်လုပ်ကြည့်လို့ကတော့ ဆေးစွဲသွားမှာ အသေအချာပါ။

    ၃ ။ ဆရာဝန်ပေးတဲ့ဆေးတွေကို အလွဲသုံးစားလုပ်တာ။ 

    ဆေးစွဲတယ်ဆိုလို့ ဘိန်းဖြူ ဆေးခြောက်ကိုကင်းတို့ကိုပဲ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရောဂါ အခြေအနေအတွက် သောက်ရတဲ့ ဆေးတွေကို အလွဲသုံးစားလုပ်မိရင်လည်း ဆေးစွဲသွားတတ်လို့ ကျန်းမာရေးကို ထိခိုက်စေမှာပါ။။

    အထူးသဖြင့် အနာသက်သာအောင် လုပ်ပေးတဲ့ မော်ဖင်းလိုဆေးမျိုး၊ မူးယစ်ဆေးနည်းနည်းပါတဲ့ ချောင်းဆိုးပျောက်ဆေးလိုမျိုး၊ မှိန်းလို့ကောင်းတဲ့ အိပ်ဆေးတွေကို အများအားဖြင့် စွဲတတ်ကြပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွန်ကြားတဲ့ အချိန်တစ်ခု အထိပဲသောက်ပါ။ ပိုသောက်မိရင် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရသလို ဆေးလည်း စွဲသွားစေတတ်ပါတယ်။

    ၄။ အထီးကျန် ဝေဒနာခံစားရတဲ့သူတွေက ဆေးစွဲလွယ်ကြပါတယ်။ 

    အထီးကျန်တယ်ဆိုတည်းက အပေါင်းအသင်းလည်း မရှိ၊ မကောင်းတာတွေလုပ်နေရင်လည်း တားပေးမယ့်သူမရှိဆိုတော့ သူ့အတွက် အရက်တို့၊ မူးယစ်ဆေးတို့ကသာ အဖော်တွေလို ဖြစ်နေပါတော့တယ်။

    ၅ ။ စိတ်ဖိစီးမှုများတာ။ 

    စိတ်ဖိစီးမှု များလွန်းရင် ဖြစ်လာတဲ့ စိတ်ကျဉ်းကျပ်မှုကို ထွက်ပေါက်ရှာဖို့အတွက် အရက်တို့၊ မူးယစ်ဆေးတို့ကို ပစ်မှတ်ထားလာကြပါတယ်။ ဆေးသုံးလိုက်ရင်၊ အရက်မူးသွားရင် ဖြစ်နေတဲ့ ပြဿနာတွေကို ခဏမေ့သွားတယ်လို့ ယူဆတာကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေဟာ အရက်တို့ မူးယစ်ဆေးတို့ ပိုစွဲလွယ်ကြပါတယ်။

    ၆ ။ မူးယစ်ဆေးတို့ အရက်တို့ရဲ့ အာနိသင်ကိုကြိုက်လို့ကို စွဲကြတာ။

    အရက် နည်းနည်းသောက်လိုက်ရင် စိတ်ပျော်တယ်။ များများသောက်မိလို့ မူးသွားရင် ရီဝေဝေလေးနဲ့ လောကကြီးကို ခဏ မေ့သွားတယ်။ စိတ်ကြွဆေးတွေကြောင့် တက်ကြွပြီး အလုပ်တွေ ပိုလုပ်လို့ကောင်းလာတယ်။

    ဆေးခြောက်တွေ၊ ဘိန်းတွေကကျတော့ သုံးပြီးသွားရင် ငြိမ့်ငြိမ့်လေးနဲ့ ဖီးလ်လို့ကောင်းစေတယ်။ နောက်ဆက်တွဲ ဆက်ဖြစ်တဲ့ဆိုးကျိုးတွေကသာ မကောင်းတာ။ သုံးနေတဲ့အချိန်မှာတော့ ခံစားလို့အရမ်းကောင်းတဲ့အတွက် မူးယစ်ဆေးစွဲရတယ်ဆိုတာ ဖြစ်လာကြတာပါ။

    ၇ ။ ကိုယ်အလေးချိန်လျှော့ချချင်လို့ မူးယစ်ဆေးသုံးကြတာ။

    ဆေးသုံးနေတဲ့အချိန်ဆို ထမင်းလည်း မစားချင်၊ မစားဘဲနဲ့လည်း နေနိုင်တဲ့အတွက် ပိန်ချင်တဲ့ ကောင်မလေးတော်တော်များများက မူးယစ်ဆေးကို ဝိတ်ချတဲ့နေရာမှာ အလွဲသုံးစားလုပ်ပြီး ဆေးစွဲသွားတတ်ကြပါတယ်။

    ၈ ။ အပေါင်းအသင်းမှားတာ။ 

    အပေါင်းအသင်းမရှိလို့၊ အထီးကျန်လို့ပဲ ဆေးစွဲနိုင်တာ မဟုတ်ပါဘူး။ ဆေးသမား တွေကို အပေါင်းအသင်းလုပ်မိရင်လည်း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်ပြီး ကိုယ်လည်း ဆေးစွဲသွားနိုင်ပါတယ်။

    ဒါတွေကတော့ မူးယစ်ဆေးစွဲရတဲ့ အကြောင်းရင်းပါ။ လူငယ်တွေနဲ့ ဒီအချက်တွေကို ဆင်ခြင်ပြီး မူးယစ်ဆေးရဲ့ သားကောင် မဖြစ်အောင်  သတိထားဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement