Alzheimer’s (အယ်လ်ဇိုင်းမား) ဦးနှောက်လုပ်ဆောင်ပုံများ ချို့ယွင်းလာသည့်ရောဂါအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ခန္ဓါကိုယ်မှာရောဂါတစ်ခုခုခံစားရပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ရောဂါတွေကို မဖြစ်အောင်ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ရောဂါတစ်ခုကို ကာကွယ်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါဖြစ်စေနိုင်တဲ့ အနေအထားတွေနဲ့ရောဂါလက္ခဏာတွေကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့Alzheimer’sရောဂါအကြောင်းလေးဖော်ပြပေးပါရစေနော်။

Alzheimer’s (ဦးနှောက်လုပ်ဆောင်ပုံများ ချို့ယွင်းလာသည့်ရောဂါ) ဆိုတာ

အယ်လ်ဇိုင်းမားရောဂါဆိုတာက မှတ်ဉာဏ်နဲ့အခြားစိတ်ပိုင်းဆိုင်ရာအရေးပါတဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာတော့ အယ်လ်ဇိုင်းမားရောဂါလက္ခဏာတွေက အရမ်းမပြင်းထန်ပါဘူး။ သိပြီးသားအရာတစ်ခုခုကို မှတ်မိဖို့ခက်ခဲတာလောက်ပဲဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ အနေအထိုင်အပြုအမူက အရင်ကနဲ့မတူဘဲပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဘဝရဲ့ အရေးပါတဲ့နေ့တွေ၊ အရေးပါတဲ့သူတွေကိုမေ့လျော့သွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါက အသိဉာဏ်ပညာပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်တွေကိုလျော့နည်းလာစေတဲ့ ဦးနှောက်ထိခိုက် ချို့ယွင်းမှုဖြစ်စေတဲ့Dementiaရောဂါစုရဲ့ အဖြစ်အများဆုံးသောရောဂါတစ်မျိုးပါ။ အယ်လ်ဇိုင်းမားရောဂါ ခံစားရတဲ့အခါ ဦးနှောက်တွင်းဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေကျဆင်းလာစေပြီး ပျက်စီးသွားတာပါ။ ဒီလိုအခြေအနေကြောင့် မှတ်ဉာဏ် ​တွေပျောက်ဆုံးပျက်စီးလာပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်လာတာပါ။

အယ်လ်ဇိုင်းမားရောဂါက မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း နဲ့ အပြုအမူတွေမှာ ထိခိုက်လာစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာရောဂါလက္ခဏာတွေကဖြည်းဖြည်းချင်းဖြစ်လာတာဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှပိုဆိုးလာနိုင်ပါတယ်။နေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ ထိခိုက်လာပြီဆိုရင်တော့ရောဂါအခြေအနေကတော်တော်လေးဆိုးနေပြီလို့ပြောပါရစေ။

အစောပိုင်းလက္ခဏာတွေက

အယ်လ်ဇိုင်းမားရောဂါဖြစ်လာတဲ့အခါ –

အယ်လ်ဇိုင်းမားဖြစ်စေနိုင်တဲ့အချက်တွေက

အခုလက်ရှိအချိန်အထိ အယ်လ်ဇိုင်းမားရောဂါကို ကုသနိုင်တဲ့ နည်းလမ်းမရှိပါဘူး။ရောဂါအခြေအနေကို ထိန်းသိမ်းထားရုံပဲလုပ်ဆောင်နိုင်သေးတာပါ။ ဒါကြောင့်နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်စားသုံးပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်လိုက်ပါ။ အားလုံးကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

ရင်းမြစ်များ

Alzheimer's disease https://www.mayoclinic.org/diseases-conditions/alzheimers-disease/symptoms-causes/syc-20350447 Accessed Date 21 June 2018

What Is Alzheimer's? https://www.alz.org/alzheimers_disease_what_is_alzheimers.asp Accessed Date 21 June 2018

Dementia and Alzheimer's Disease Health Center https://www.webmd.com/alzheimers/default.htm Accessed Date 21 June 2018

When a Loved One Has Alzheimer's Disease https://www.webmd.com/alzheimers/ss/slideshow-alzheimers-overview Accessed Date 21 June 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ချစ်သူအပေါ် သဝန်တိုစိတ်တွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းချုပ်ပါ

ချစ်သူ သဝန်တိုစိတ် ရီးစား အိမ်ထောင်ရေး စိတ်ကျန်းမာရေး စိတ်မလုံခြုံ ဖွင့်ဟတိုင်ပင် တန်ဖိုးထားစိတ် သံသယ ယုံကြည်မှု သူငယ်ချင်း ယောဂ တရားထိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ပိန်ပြီးညှက်လွန်းနေတဲ့ ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ပိန်ညှက် ကလေး အရပ်ပု ကျန်းမာရေး အာဟာရ မိဘ ပရိုတင်းဓာတ် ကိုယ်ခံအား အားကစား ပညာရေး ရောဂါအခံ မိဘမျိုးရိုး အစားရွေး မုန့်ပဲသရေစာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

အစားရွေး ကလေး အာဟာရ မိဘ မိခင်နို့ ဖိအားပေး အသား အရွက် နွားနို့ ကြီးထွားဖွံ့ဖြိုးမှု ရောဂါ ဖျားနာ မုန့်ပဲသရေစာ အချို အားဆေး ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

စိုးရိမ်ပူပန်ခြင်းနဲ့ ညအိပ်မပျော်ခြင်း ဘယ်လိုဆက်စပ်နေနိုင်လဲ

စိုးရိမ်ပူပန် ညအိပ်မပျော် စိတ်ကျန်းမာရေး အိပ်ချိန် အိပ်ရေးမဝ အားမရှိ ကိုယ်ခံအား စိတ်ဖိစီးမှု အိပ်မက်ဆိုး တရားထိုင် ယောဂ စာဖတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ခြေ၊လက်တွေ ထုံကျဉ် ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ

Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020