မိုးအေးရင် အဆစ်အမြစ်တွေကိုက်တယ်ဆိုတာ အမှန်ပဲလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 5, 2020 . 1 min read
Share now

အဆစ်အမြစ် ကိုက်ခဲတာကို ကြည့်ပြီး မိုးရွာတာကို ခန့်မှန်းနိုင်တယ် ဆိုတာရော တကယ်လား။

အဆစ်အမြစ် ကိုက်ခဲတတ်တဲ့ သူတွေက မိုးရွာရင် မိုးအေးရင် သူတို့ အဆစ်အမြစ်တွေ ပိုပြီး ကိုက်ခဲတယ်လို့ ပြောတဲ့အခါ လူကောင်းတွေအဖို့ ယုံရခက်တယ်။ ဘယ်လို ဆက်စပ်မှု ရှိနေတာလဲပေါ့။
နောက်တစ်ခါ အဲဒီလူတွေက သူတို့ အဆစ်အမြစ်တွေ ကိုက်ခဲလာတာကို ကြည့်ပြီး မိုးရွာတာကိုတောင် ခန့်မှန်းနိုင်တယ်လို့ ပြောတာကျတော့ အလွန်အကျွံဖြစ်သွားပြီလို့ မထင်ဘူးလား။
သဘာဝလွန် ကိစ္စရပ်လို့တောင် ထင်စရာ ကောင်းပေမယ့် လေ့လာချက်တွေ အရတော့ ရာသီဥတုနဲ့ အဆစ်အမြစ် ရောင်ရမ်းမှုတွေ ဆက်စပ်မှုရှိတာ မှန်ကန်ပါတယ်တဲ့။
အဆစ်အမြစ် ကိုက်ခဲတတ်တဲ့သူတွေကို ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက် တစ်ခုမှာ အဆစ်အမြစ်ရောင် ဝေဒနာ ခံစားရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်က မိုးရွာမှာကို ကြိုတင်ခန့်မှန်းတာ မှန်ကန် ပါတယ်တဲ့။

အဆစ်အမြစ်ရောင် ရောဂါရှိသွားရင် မိုးလေဝသ ကျွမ်းကျင်ပညာရှင်များ ဖြစ်သွားတာလား ဒါမှမဟုတ် မိုးရွာတာကို ခန့်မှန်းနိုင်တဲ့ မှော်ပညာရှင်များ ဖြစ်သွားတာလား။

သိပ္ပံနည်းကျ ရှင်းလင်းမှုအရတော့ ဒီလိုပါ။

လူတွေရဲ့ ခန္ဓာကိုယ် ဝန်းကျင်မှာ လေထုဖိအား ဆိုတာ ရှိပါတယ်။ အဲဒီ ဖိအားက အဆစ်အမြစ်တွေ အပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးမှာ သက်ရောက်မှု ရှိတယ်။

မိုးရွာခါနီး အချိန်အခါတွေမှာတော့ လေထုအပူချိန် လျော့ပြီး အေးသွားတယ်။ လေထုဖိအားလည်း ပုံမှန် ရှိနေကျထက် နည်းသွားတယ်။ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတာလည်း နည်းသွားတယ်ပေါ့။

ဒီလို လေထုဖိအား နည်းသွားတာက လူကောင်းတွေအဖို့မှာတော့ ထူးခြားပြီး မသိသာပါဘူး။ ဒါပေမယ့် အဆစ်အမြစ်ရောင် ရောဂါ အခံရှိတဲ့သူတွေ မှာတော့ ကာလကြာရှည် နာကျင်ရောင်ရမ်းမှုတွေ ဖြစ်ထားတဲ့ အဆစ်တွေရဲ့ အာရုံကြောတွေဟာ အရမ်း ထိလွယ်ရှလွယ်နေပြီး အပြောင်းအလဲကို သိသိသာသာ ခံစားသိရှိနိုင်ပါတယ်။

အစတုန်းက အပြင်ကနေ လေထုဖိအားနဲ့ ဖိပေးထားသလို ဖြစ်နေတဲ့ အဆစ်အမြစ်တွေက အခုလို ဖိအား လျော့သွားတဲ့အချိန်မှာ ပိုပြီး ဖောင်းကြွရောင်ရမ်းလာသလို နာကျင်ကိုက်ခဲမှုတွေကိုလည်း ခံစားရပါတယ်။

ဒါကြောင့် မိုးအေးရင် အဆစ်အမြစ်တွေ ကိုက်ခဲတယ်ဆိုတာနဲ့ မိုးရွာတာကို ခန့်မှန်းနိုင်တယ်ဆိုတာ တကယ်ပါတဲ့။

နာကျင်မှုတွေ သက်သာဖို့အတွက် ကြပ်ထုပ်ထိုးတာပတ်တီး ဒူးစွပ် အစရှိတဲ့ ဖိထားပေးနိုင်တဲ့ အရာတွေကို အသုံးပြုနိုင်ပါတယ်။ သဘောကတော့ လျော့သွားတဲ့ လေထုဖိအားကို တခြားအရာတွေနဲ့ ပြန်ဖိပေးထားတယ်ဆိုတဲ့ သဘောပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ

အလုပ်ခွင်တွေထဲမှာ အလုပ်မှအလုပ်ဆိုတဲ့ အလုပ်သရဲလေးတွေ ရှိတတ်ပါတယ်။ အလုပ်တွေ ပြီးတာက ပျော်စရာအတိဆိုပေမယ့် ထိခိုက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသက်ကြီးချိန်တိုင်အောင် အဆစ်အမြစ်တွေ ကျန်းမာစေဖို့ စားသင့်တဲ့ အစားအစာများ

အရိုး၊ အဆစ်အမြစ်၊ ယိုယွင်း၊ anthocyanins၊ ကြက်သွေးရောင်၊ ငရုပ်သီးများ၊ ဗီတာမင် C၊ ဆန်လုံးညို၊ ဘာလီ၊ အရိုးနာကျင်မှု၊ သစ်ကြံ့ပိုး၊ ဂျင်း၊ omega-3 fatty acids

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘိုးဘိုး ဘွားဘွား အရွယ် အရိုးအဆစ် နာကျင်လွယ်တာ ဒါတွေကြောင့်ပါ

ဘိုးဘိုးဘွားဘွားတွေ၊ ဖေဖေ၊မေမေ တွေရဲ့ အရိုးအဆစ် နာကျင်မှုပြဿနာကို ဖြစ်လာစေတဲ့အကြောင်းရင်း၊နေထိုင်သင့်တဲ့အနေအထား၊ပြုစုကုသပေးပုံတွေကို လေ့လာသိရှိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon

စိတ်ဓာတ်ကျခြင်းကို သက်သာစေမယ့် နနွင်း

ဟင်းခတ် ဟင်းချက် ခန္ဓာကိုယ် မီးဖိုချောင် စိတ်ကျန်းမာရေး နနွင်း ဓာတ်တိုးဆန့်ကျင်အာနိသင် ဟင်းလျာ အသားအရေ ရောင်ရမ်းမှု စိတ်ဓာတ်ကျ curcumin

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နှင်းခူရှိသူ ကျန်းမာစေဖို့

နှင်းခူရှိသူ ကျန်းမာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 1 min read
COVID-19 နဲ့ မေးခွန်းများစွာ

COVID-19 နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read
ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2020 . 2 mins read