အရက်နာကျနေသည့်တိုင် အလုပ်ခွင်မှာ စမတ်ကျနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အရက်ဆိုတာ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော အပေါင်းအသင်းတွေနဲ့ ဆုံလာပြီဆိုရင် အနည်းဆုံးတော့ တစ်ခွက်တစ်ဖလားလောက် မော့တတ်ကြတာပဲမလား။ တစ်ခွက်ထဲပါလို့ ပြောရင်းနဲ့ အာလေးရွှင်ပြီး စိတ်ကမြူးကြွလာတာနဲ့ မမူးမချင်း တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်တွေ သောက်ကြတော့ပါပဲ။ ဒီလို ဘော်ဒါတွေနဲ့ ဆုံခိုက် သောက်တာ၊ စားတာ ပျော်ဖို့ကောင်းပေမယ့် နောက်နေ့မနက်ရောက်ပြီဆိုရင်တော့ အရက်နာကျတဲ့ ဝေဒနာကို ခံစားနေရရင်တော့ အဆင်မပြေဘူးပေါ့။ အထူးသဖြင့် ရုံးကိုလာတဲ့နေ့မှာ ညက အရှိန်နဲ့ မျက်နှာက မအီမသာဖြစ်၊ ခေါင်းကမူးပြီး အော့အန်ချင်သလို၊ အလုပ်ထဲလည်း အာရုံမရောက်ဖြစ်နေရင်တော့ အလုပ်ခွင်မှာ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကဲချင်သလို ကဲပြီး နောက်နေ့ ရုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေအောင် အရက်နာကျ ဝေဒနာကို ထိန်းဖို့နည်းလမ်းတွေကို ကိုယ့်ဘော်ဒါတွေအတွက် ဝေမျှပေးလိုက်ပါတယ်။

၁။ ရေများများသောက်ပါ။

အရက်နာကျခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာဖြစ်တဲ့ ခေါင်းတွေ ထိုးကိုက်နေတာ၊ မူးဝေနေတယ်ဆိုတာ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ကိုယ်က မနက် အိပ်ရာနိုးပြီဆိုတာနဲ့ ရေတစ်ခွက်ကို အဝသောက်ဖို့ မမေ့လိုက်ပါနဲ့။ အနည်းဆုံးတော့ ကိုယ့်ခန္ဓါကိုယ်အတွက် ရေဓါတ်ကို ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ကို ရွှင်လန်းတက်ကြွစေမှာပါ။ ရေအပြင် ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ ကိုယ်တိုင်ညြှစ်ထားတဲ့ သစ်သီးဖျော်ရည် ချဉ်ချဉ်လေးတွေ သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၂။ လှုပ်လှုပ်ရှားရှားနေပါ။

ခေါင်းမူးနေတာ လှုပ်ရှားနေရင် ပိုဆိုးမှာပေါ့လို့ ထင်ကောင်းထင်မိမှာပါ။ ဒါပေမယ့် ငြိမ်ငြိမ်နေတာထက်စာရင် လမ်းလေးဘာလေးလျှောက်၊ လေ့ကျင့်ခန်းလေး လုပ်လိုက်တာက ချွေးထွက်စေပြီး ကိုယ့်ရဲ့ ခေါင်းထဲမှာ နောက်ကျိနေတာတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ်ခန္ဓါကနေ အင်ဒိုဖင်ဟော်မုန်း (Endorphin) တွေကို ထုတ်လွှတ်ပေးလို့ စိတ်ကို ကြည်လင်စေပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်လက် လှုပ်ရှားပေးလိုက်ရင် စိတ်မကြည်မလင်ဖြစ်ပြီး အလုပ်ခွင်မှာ အာရုံမစိုက်နိုင်တာထက်စာရင် ပိုကောင်းတာပေါ့။

၃။ အာဟာရပြည့်ဝတဲ့ မနက်စာ စားပါ။

အရက်နာကျနေတဲ့ မနက်ခင်းမှာ လူတော်တော်များများက မနက်စာ မစားဘဲ နေတတ်ကြပါတယ်။ ရင်ဘတ်ထဲမှာ ခေါင်းမူးသလို၊ ပျို့အန်ချင်သလို ဖြစ်နေတာဆိုတော့ အစာဝင်သွားရင် ပိုဆိုးသွားမယ်လို့ ထင်တတ်တာကိုး။ တကယ်တော့ လုံးဝမဟုတ်ပါဘူး။ အရက်နာကျနေတဲ့အချိန်မှာ မနက်စာပေါ့ပေါ့ပါးပါးလေး စားပေးတာက ကိုယ်ခန္ဓါအတွက် အာဟာရဓါတ်ေတွ ပြန်ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ခေါင်းမူးခေါင်းကိုက် ဖြစ်နေတဲ့ ဝေဒနာကို သက်သာစေပြီး လန်းဆန်းတက်ကြွစေတယ်။ အများကြီး စားပေးစရာမလိုပါဘူး။ ပေါင်မုန့်၊ ကြက်ဥကြော်၊ နွားနို့တစ်ခွက်၊ ရေအဝသောက်ပြီး အသီးအနှံေလး နည်းနည်းစားပေးလိုက်ရင်ကို မနက်စာအတွက် လုံလောက်ပါတယ်။

၄။ ရေချိုးဖို့ မပျင်းပါနဲ့။

ယောက်ျားလေး တော်တော်များများရဲ့ အကျင့်က ရာသီဥတု အေးအေး၊ မအေးအေး ရေချိုးရမှာကို ပျင်းတာပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ရေချိုးပေးရမှာပါ။ အထူးသဖြင့် အလုပ်ကလည်း သွားရမယ်၊ အရက်ရှိန်ကလည်း မပြေသေးဘူးဆိုရင် ပိုပြီးတောင် ချိုးပေးသင့်ပါတယ်။ ရေအေးအေးလေးနဲ့ သေချာချေးတွန်းရင်း ကိုယ်ခန္ဓါကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရင် ကြွက်သားတွေကို ပြေလျော့စေတယ်။ သွေးလည်ပတ်မှုကောင်းစေတယ်။ စိတ်ကိုကြည်လင်စေတယ်။ အကောင်းဆုံးကတော့ တစ်ညလုံး သောက်ထားသမျှ ပါးစပ်နဲ့ ကိုယ်ခန္ဓါမှာ စွဲနေတဲ့ အရက်နံ့ကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။

၅။ လိုအပ်ရင် မျက်စဉ်းခတ်ပေးပါ။

အရက်ကလည်း သောက်ထားတယ်။ ညကလည်း အိပ်ရေးမဝဘူး။ ရေဓါတ်ကလည်း ခမ်းခြောက်တယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ မျက်လုံးက နီရဲပြီး မျက်ရည်တွေ ယိုနေမှာပါ။ ဒါကြောင့် အလုပ်မသွားခင် ၃မိနစ်လောက် အချိန်ပေးပြီး မျက်လုံးကို အေးမြစေဖို့ မျက်စဉ်းနည်းနည်း ခတ်ပေးပါ။ ခတ်ပြီးရင် မျက်လုံးကို ခဏမှိတ်ထားပြီး အနားပေးထားပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ရောကိုယ်ပါ ကျန်းမာမှ မွေးလာမယ့် သားသားမီးမီးလေးတွေကလည်း စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်စိတ်ဖိစီးမှုကင်းပါစေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ်

စိတ်ရောကိုယ်ပါကျန်းမာမှပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ဆိုနိုင်ပါတယ်။   စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကိုမေ့ထားလို့မဖြစ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

သာမန်အသားအရေအတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလက ဝက်ခြံဖြစ်လွယ်သူတွေအတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာ ဝက်ခြံတွေ ပိုဆိုးမလာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာရေမျိုအနာဖြစ်ခြင်း

အစာရေမျိုအနာဖြစ်ခြင်းဟာ အသက်အန္တရာယ်နဲ့ဝေးပေမယ့် ခံစားရခက်ပြီး နေ့စဉ်လူနေမှုဘဝကို ထိခိုက်နိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
shouting out loud

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 29, 2020 . 1 min read
ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 15, 2020 . 2 mins read