- ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း
သုတေသနများအရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်က ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ကင်ဆာရောဂါကုသမှု ခံယူနေရသူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကင်ဆာဖြစ်ဖို့အားပေးတဲ့ ဖရီးရယ်ဒီကယ်တွေကို လျော့ကျစေပါတယ်။ ရင်သားကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဒီအချက်ကို ခိုင်မာစေဖို့ သုတေသနတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။
သုတေသနအချို့အရ သင်္ဘောသီးမှာပါဝင်တဲ့ လိုင်ကိုပင်းနဲ့ ဗီတာမင် C ဟာ နှလုံးရောဂါကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအများစုဟာ နှလုံးကို အထောက်အကူပြုတဲ့အပြင် HDL ကိုလက်စထရောရဲ့ အာနိသင်ကိုလည်း ပိုမိုတိုးတက်စေပါတယ်။
သင်္ဘောသီးမှာပါဝင်တဲ့ papain အင်ဇိုင်းဟာ ပရိုတိန်းကို ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ သင်္ဘောသီးကို ဝမ်းမှန်စေဖို့၊ ဝမ်းချုပ်ခြင်းက ကာကွယ်ဖို့ စားသုံးကြပါတယ်။ လေပွလေထခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
သင်္ဘောသီးစားခြင်းဟာ အသားအရေကို တင်းရင်းစေပြိး အရွယ်တင်နုပျိုစေပါတယ်။ အသားအရေ ပျော့တွဲခြင်းကနေ ကာကွယ်နိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။