backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Sandar Lin မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ကဘာလဲ။

အစာချေစနစ်သည် ကိုယ်ထဲရှိ အကောက်အကွေ့များနှင့် ကျယ်ပြန့်သော ပါးစပ်မှသည် စအိုအထိ ရှည်လျားသော အစိတ်အပိုင်း ဖြစ်ပါသည်။ အစာချေလမ်းကြောင်းမှသည် ကိုယ်ခန္ဓာအတွက် လိုအပ်သော အစာဟာရများကို စုပ်ယူပြီး မလိုအပ်သော အညစ်အကြေးများကို ပြင်ပသို့ စွန့်ထုတ်ပေးပါသည်။ အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများဖြစ်လာလျှင် မကုသဘဲ ပစ်ထားပါက ပိုပြင်းထန်လာစေပြီး နာတာရှည်လာစေပါသည်။

အများအားဖြင့် အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း၊အူရောင်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ အဖြစ်များပါသည်။

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) က ဘယ်လောက်အဖြစ်များသလဲ

အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများသည် အဖြစ်များပါသည်။

သို့သော်

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ ၏ရောဂါလက္ခဏာများက ဘာလဲ။

အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း

  • ရင်ပူခြင်း
  • ချောင်းခြောက်ဆိုးခြင်း
  • ပါးစပ်ထဲတွင် ချဉ်ငံသော အရသာကို ခံစားရခြင်း
  • လည်ချောင်းနာခြင်း
  • အစာမြိုရခက်ခြင်း

အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း

  • ဗိုက်နာခြင်း၊ ဗိုက်ထဲတွင် မအီမသာဖြစ်ခြင်း
  • ပုံမှန်ဝမ်းသွားနေကျအတိုင်းမဟုတ်ဘဲ ဝမ်းသွားသော အကြိမ်အရေအတွက်များ ပြောင်းလဲသွားခြင်း
  • ဝမ်းအရောင်များ ပြောင်းသွားခြင်း

အူရောင်ခြင်း

  • ဗိုက်နာခြင်း
  • ဝမ်းလျှောခြင်း
  • နွမ်းနယ်ခြင်း
  • အူလမ်းကြောင်း လှုပ်ရှားမှုများ မကောင်းမွန်ခြင်း
  • ခံတွင်းပျက်ပြီး ကိုယ်အလေးချိန်ကျသွားခြင်း
  • ညဘက်တွင် ချွေးပြန်ခြင်း
  • စအိုမှ သွေးထွက်ခြင်း

အထက်တွင် မဖော်ပြထားသော ရောဂါ လက္ခဏာများကိုလည်း ခံစားရနိုင်ပါသည်။ သင်ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

အကြောင်းရင်းများ

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ကိုဘာတွေကဖြစ်စေသလဲ

အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်းကိုဖြစ်စေသောအကြောင်းများ

ထိုသို့ဖြစ်ခြင်းသည် အစာအိမ်ထဲတွင် ရှိသော အက်ဆစ်ဓါတ်များ သို့မဟုတ် အစာရေမြိုပြွန်ထဲရှိ အစာချေရည်များသည် အပေါ်လျှံတက်လာခြင်းကြောင့် ဖြစ်ပါသည်။

အစာကိုမြိုချလိုက်ချိန်တွင် အစာရေမြိုပြွန်အောက်ခြေတွင်ရှိသော စက်ဝိုင်းကွင်းပုံစံ ကြွက်သားသည် အစာများကို အစာအိမ်ထဲသို့ရောက်သွားစေရန် ပြေလျော့ပေးရပါသည်။ ထို့နောက် အစာများ အောက်ရောက်သွားလျှင် ထိုနေရာသည် ပြန်ပိတ်သွားပါသည်။ ရင်ပူခြင်းမှာ ထိုကြွက်သားနေရာ လုပ်ငန်းစဉ်များ မူမမှန်ခြင်းနှင့် ကြွက်သားများအားနည်းခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။ ရင်ပူခြင်းဖြစ်နေပါက နေ့စဉ်အလုပ်များလည်း ကောင်းကောင်း မလုပ်နိုင်တော့ပါ။

အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း အကြောင်းများ

ထိုရောဂါကို ဖြစ်စေသော အကြောင်းများကို ဆရာဝန်များက တိတိကျကျမရှာဖွေနိုင်သေးသော်လည်း ယင်းနှင့် ဆက်စပ်နေသော အကြောင်းများစွာရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောထားပါသည်။

  • ရုပ်ပိုင်းဆိုင်ရာ ပြသနာများ
  • ဦးနှောက်နှင့် အစာခြေစနစ် အချက်ပြမှုများ မူမမှန်ခြင်း
  • အစာခြေစနစ် လှုပ်ရှားမှုများ မူမမှန်ခြင်း
  • နာကျင်မှုကို သိနိုင်စွမ်းရည်
  • ရောဂါပိုးများ ကူးစက်ခံရခြင်း
  • အူသိမ်အတွင်း
  • ဘက်တီးရီးယားပိုးများ ကြီးထွားပွားများနေခြင်း
  • အာရုံကြောစနစ်များကို ဖြန့်လွှင့်သည့်ဓါတ်များ
  • မျိုးရိုး
  • အစားအစာများနှင့် ဓါတ်ပြုမှု
  • စိတ်ပိုင်းဆိုင်ရာ ပြသနာများ

အူရောင်ခြင်းကို ဖြစ်စေသော အကြောင်းများ

  • မျိုးရိုး
  • ကိုယ်ခံအား စနစ်

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်းကိုဖြစ်နိုင်ချေများစေသောအကြောင်းများ

  • အဝလွန်ခြင်း
  • အစာအိမ်သည် ဝမ်းတွင်းခြားမြှေးအတွင်းသို့ ကျွံတက်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ပန်းနာရင်ကျပ်ရောဂါဖြစ်ခြင်း
  • ဆီးချိုရောဂါ
  • အဆာခံနိုင်ခြင်း
  • တွယ်ဆက်ကြွက်သားများ မူမမှန်ခြင်းကြောင့် ရောဂါဖြစ်ခြင်း

အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း ကိုနိုင်ချေများစေသောအကြောင်းများ

  • အသက် ၄၅ နှစ်အောက်
  • အမျိုးသမီး
  • မိသားစုရာဇဝင်ရှိသူ
  • စိတ်ကျန်းမာရေး ပြသနာရှိသူ

အူရောင်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများ

  • အသက်
  • လူမျို၊ မျိုးနွယ်
  • မိသားစုရာဇဝင်
  • ဆေးလိပ်သောက်ခြင်း
  • Isotretinoin ဆေးသုံးစွဲခြင်း
  • NSAID အကိုက်အခဲ ပျောက်ဆေးများ (: ibuprofen, naproxen, diclofenac sodium)သုံးခြင်း
  • မြောက်ဘက်ပိုင်းရာသီဥတုတွင် နေထိုင်သူများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ကို ဘယ်လိုအတည်ပြုပါသလဲ

အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း

  • ထိုရောဂါကို လူနာ၏ ရောဂါ လက္ခဏာများကို ကြည့်ပြီး သိနိုင်ပါသည်။
  • အစာရေမြိုပြွန်ထဲရှိ အက်ဆစ်ပမာဏများကို တိုင်းခြင်း၊ pH ပမာဏကိုတိုင်သော စက်များဖြင့် ၂၄ နာရီတိုင်းပြီး သိနိုင်ပါသည်။

ထိုရောဂါကို ခွဲစိတ်မှုများခံယူရန်လိုအပ်လာလျှင်အောက်ပါ စစ်ဆေးမှုများ ခံယူရပါမည်။

  • အပေါ်ပိုင်း အူလမ်းကြောင်းကို ဓါတ်မှန်ရိုက်ခြင်း
  • အစာရြေမိုပြွန်နှင့် အစာအိမ်ထဲသို့ ပြွန်ချောင်း မှန်ပြောင်းထဲ့ကြည့်ခြင်း
  • အစာရြေမိုပြွန်၏ လှုပ်ရှားမှုများကို တိုင်းတာခြင်း

အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း

  • ပုံရိပ်ဖော်စစ်ဆေးမှုများ
  • အူသိမ် မှန်ပြောင်းကြည့်ခြင်း
  • အူမကြီး မှန်ပြောင်းကြည့်ခြင်း
  • ဓါတ်မှန်ရိုက်ခြင်း
  • ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း
  • အူလမ်းကြောင်းအောက်ပိုင်း စစ်ဆေးခြင်း
  • ဓါတ်ခွဲ စစ်ဆေးမှုများ
  • လက်တို့စ်သကြားဓါတ်ခံနိုင်ရည်ကို စစ်ဆေးခြင်း
  • အသက်ရှုငွေ့တိုင်းစက်ဖြင့် တိုင်းတာခြင်း
  • သွေးစစ်ခြင်း
  • ဝမ်းစစ်ခြင်း

အူရောင်ခြင်း

  • သွေးစစ်ခြင်း
  • မှန်ပြောင်းကြည့်ခြင်း
  • အူသိမ် မှန်ပြောင်းကြည့်ခြင်း
  • အူမကြီး မှန်ပြောင်းကြည့်ခြင်း
  • အပေါ်ပိုင်း မှန်ပြောင်းကြည့်ခြင်း
  • အစာခြေလမ်းကြောင်းရှိ အိတ်ငယ်များအတွင်းသို့ မှန်ပြောင်းကြည့်ခြင်း
  • ဘောလုံးနှစ်ထပ်ဖြင့် မှန်ပြောင်းကြည့်ခြင်း
  • ပုံရိပ်ဖော်စက်များဖြင့် စစ်ဆေးခြင်း
  • ဓါတ်မှန်ရိုက်ခြင်း
  • ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း
  • သံလိုက်ဓါတ်မှန်ရိုက်ခြင်း
  • အူသိမ်ပိုင်း ပုံရိပ်ဖော်ခြင်း

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ကို ဘယ်လိုကုသပါသလဲ

အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း

ရင်ပူခြင်းကို ခံစားရပါက ဆေးဆိုင်တွင် ဆေးဝယ်သောက်နိုင်ပါသည်။ သို့သော် ထိုဆေးများသောက်နေသော်လည်း မသက်သာပါက ဆရာဝန်ထံပြသရမည်ဖြစ်ပါသည်။

  • ဆေးဆိုင်တွင် ဝယ်ယူနိုင်သော အက်ဆစ်လျော့စေသောဆေးများ (Maalox, Mylanta, Rolaids) သည် ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။
  • H2 ပိတ်ဆေးများ (cimetidine, famotidine, nizatidine, ranitidine)
  • Proton ပိတ်ဆေးများ (esomeprazole, lansoprazole, omeprazole, pantoprazole, rabeprazole)
  • အစာအိမ် လှုပ်ရှားမှုကောင်းစေသောဆေးများ (bethanechol, metoclopramide)

ထိုဆေးများသည် အခြားဆေးများနှင့် တွဲသောက်လျှင် ဓါတ်မတည့်မှုများဖြစ်နိုင်သည့်အတွက် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်သင့်ပါသည်။

  • erythromycin အပါအဝင် အခြားသော ပိုးသတ်ဆေးများသည် ဗိုက်အဆာမြန်စေပါသည်။
  • ခွဲစိတ်ခြင်း

အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း

  • ကဖိန်းပါသော အစားအစာများကို ရှောင်ကျဉ်ခြင်း
  • စိတ်ဖိစီးမှုကင်းအောင် နေထိုင်ခြင်း
  • ဆရာဝန်ညွှန်ကြားထားသော ဆေးများကို သောက်ခြင်း

အူရောင်ခြင်း

  • အရောင်ကျဆေးများသောက်ခြင်း
  • ကိုယ်ခံအားစနစ်ကို ဖိနှိပ်ပေးသော ဆေးများကို သောက်ခြင်း
  • ပိုးသတ်ဆေးများနှင့် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသောက်ခြင်း
  • ခွဲစိတ်ကုသခြင်း

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများကို ခံစားနေရသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း

  • ကျန်းမာသော ကိုယ်အလေးချိန်ဖြင့်နေထိုင်ခြင်း
  • ကျပ်လွန်းသော အဝတ်အစားများကို ရှောင်ကျဉ်ခြင်း
  • ရင်ပူစေသော အစားအသောက်များကို ရှောင်ကျဉ်ခြင်း
  • အစာစားပြီးချိန်တွင် လှဲမအိပ်ပါနှင့်။
  • အိပ်နေစဉ် ခေါင်းဖက်ကို မြှင့်ထားပါ။
  • ဆေးလိပ်မသောက်ရ။

အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း

  • အမျှင်ဓါတ်များသော အစားအစာများ စားပါ။
  • အစားအစာများနှင့် ပတ်သက်ပြီး မတည့်သော အရာများကို ရှောင်ပါ။
  • သင်သည် လေပွတတ်သူဖြစ်ပါက ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းစိမ်း၊ အဆီများသော အစာများ ကိုရှောင်ပါ။ ပီကေဝါးခြင်းနှင့် ပိုက်ဖြင့် အရည်သောက်ခြင်းတို့ကလည်း လေပိုပွစေပါသည်။
  • အချိန်မှန်မှန်စားပါ။
  • နို့ထွက်ပစ္စည်းများကို ဂရုပြုပါ။
  • ရေမျာများသောက်ပါ။
  • လေ့ကျင့်ခန်းမှန်မှန် လုပ်ပါ။
  • ဝမ်းပိတ်ဆေးများနှင့် ဝမ်းနှုတ်ဆေးများကို သတိနှင့် သုံးပါ။

အူရောင်ခြင်း

  • စားသောက်နေထိုင်ပုံများ ပြောင်းလဲခြင်း
  • အစာနည်းနည်းချင်းစီ စားခြင်း
  • ရေများများသောက်ခြင်း
  • ဗီတာမင်ဆေးများသောက်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • စိတ်ဖိစီးမှုများလျော့နည်းစေရန် လေ့ကျင့်ခန်းများ လုပ်ခြင်း၊ အပန်းဖြေခြင်း၊ အသက်ရှုလေ့ကျင့်ခန်းများ၊ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Sandar Lin မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement