ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေမှာလဲ
စားလို့ကောင်းသလို အာဟာရကြွယ်ဝတဲ့ရေညှိလေးစားသုံးရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
သိုင်းရွိုက်ဂလင်းတွေကို ကျန်းမာစေနိုင်ပါတယ်
သိုင်းရွိုက် ဂလင်းကဟော်မုန်းတွေကို ထိန်းချုပ်ပေးတဲ့၊ ထုတ်လွှတ်ပေးတဲ့တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ခန္ဓါကိုယ်မှာ အင်အားတွေဖြစ်စေသလို ခန္ဓါကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် နဲ့ ဆဲလ်တွေပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့အတွက် အိုင်အိုဒင်းကိုလိုအပ်မှာပါ။ ကိုယ်တွင်းမှာ အိုင်အိုဒင်းနည်းတဲ့အခါ သိုင်းရွိုက်ပြဿနာတွေခံစားရနိုင်ပါတယ်။ ဒီတော့ အဖြေက သိုင်းရွိုက်ပြဿနာကင်းချင်ရင် အိုင်အိုဒင်းပြည့်ဝရမယ်ဆိုတဲ့သဘောပေါ့။ရေညှိလေးက သဘာဝကပေးတဲ့ အိုင်အိုဒင်းပြည့်ဝတဲ့ စားစရာတစ်ခုဖြစ်တာကြောင့် သိုင်းရွိုက်ကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။
ဆီးချိုသမားတွေအတွက် သင့်တော်တယ်
ရေညှိက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးသလို အင်ဆူလင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့သွေးချိုထိန်းရာမှာ အထောက်အကူပြုတဲ့ အမျှင်ဓါတ်ကို ကျန်းမာတဲ့ အစားအသောက်အရင်းအမြစ်ကရရှိချင်တယ်ဆိုရင်တော့ ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ကဲတဲ့ရေညှိကို စားသုံးပေးပါ။
အစာခြေစနစ် ကျန်းမာစေနိုင်တယ်
စားသုံးလိုက်တဲ့ အစားအစာတွေကိုဖြိုခွဲဖို့ နဲ့ အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက်ရော ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက်ပါ အရေးပါတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့ ဇာတ်လိုက်လေးတွေက အစာခြေစနစ်ထဲက ဘက်တီးရီးယားတွေပါ။ ဒီတော့ အပေါ်မှာပြောခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်နိုင်စေဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးဖို့လိုမှာပါ။ သူတို့ကို အားဖြည့်ပေးနိုင်တဲ့ အမျှင်ဓါတ်တွေကရေညှိမှာပါဝင်နေပါတယ်။ ဒါကြောင့်ရေညှိစားသုံးပေးမယ်ဆိုရင် အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်မှာပါ။ရေညှိစားသုံးပေးမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်သလို ဝမ်းသွားနေတာကိုလည်း သက်သာစေနိုင်ပါတယ်။
ဝိတ်ကျစေနိုင်တယ်
ရေညှိမှာပါတဲ့ အမျှင်ဓါတ်တွေက ကိုယ်အလေးချိန်ချဖို့ကြိုးစားနေသူတွေအတွက်တော်တော်လေးအထောက်အကူဖြစ်စေမှာပါ။ရေညှိက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ပေးပါတယ်။
နှလုံးကျန်းမာစေနိုင်တယ်
ရေညှိအပါအဝင် အမျှင်ဓါတ်များစွာပါဝင်တဲ့ အစားအစာတွေကသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ရေညှိမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေတာကြောင့်သွေးတွင်းကိုလက်စရောကို ကျစေတဲ့အပြင် နှလုံးကိုပါ ကျန်းမာစေနိုင်ပါတယ်။
ရေညှိစားရင်း အခုလို အကျိုးထူးတွေရစေနိုင်တယ်ဆိုမှတော့ရေညှိကြိုက်သူလေးတွေကို စားသာစား၊လို့ပြောပါရစေနော်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။