backup og meta

နှလုံးရောဂါရှိသူကို စောင့်ရှောက်ခြင်း


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးရောဂါရှိသူကို စောင့်ရှောက်ခြင်း

    နှလုံးဝေဒနာရှင်များကိုစောင့်ရှောက်ရသည်မှာစိန်ခေါ်မှုတစ်ခု ပင်ဖြစ်ပါတယ်။ လူနာနေ့စဉ်လုပ်ငန်းများ၊ ဆေးဝါးများကို စီမံပေးရုံမျှမက စိတ်ဓါတ်ခွန်အားဖြစ်စေရန်လည်းလိုအပ် ပါတယ်။ နှလုံးလူနာများအတွက်အထောက်အကူပေးနိုင်ရန် သိသင့်သည်များကိုအောက်တွင်ဖော်ပြထားပါတယ်။

    ၁။ ညီညွှတ်မျှတသောအစားအစာကိုစားသုံးပါ။

    ဆီကြော်မှုန့်နှင့်အဆီများသောအစားအစာများကိုရှောင်ကြဉ် သင့်ပါတယ်။ ထို့ပြင် အသားဓါတ်ရရန်အဆီမပါသောအသားများကိုစားသင့်ပါတယ်။ ဆားစားသုံးမှုပမာဏကိုလည်း ဂရုစိုက်သင့်ပါတယ်။ အလွန်ငန်သောဟင်းပွဲများသည်နှလုံး လူနာများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်ပါ သည်။ ဆားဓါတ်သည်သွေးကိုပျစ်စေပြီး နှလုံးကိုအလုပ်ပိုစေပါတယ်။ သူတို့အတွက် အစားအသောက်စီစဉ်ရသည်မှာ ခက်ခဲလျှင်အစားအသောက်ပညာရှင်နှင့်တိုင်ပင်ဆွေး နွေးနိုင်ပါသည်။

    ၂။ လေ့ကျင့်ခန်းလုပ်ရန်အကြံပေးပါ။

    နှလုံးရောဂါရှိသူများသည် ရောဂါပိုဆိုးမည်ကိုကြောက်ရွံသဖြင့်လေ့ကျင့်ခန်းလုပ်ရမည်ကိုရှောင်ကြဉ်တတ်ကြသည်။ အမှန်စင်စစ်လှုပ်လှုပ်ရှားရှားနေခြင်းသည်နှလုံးကိုပို၍ကျန်းမာစေပါတယ်။ လူနာအတွက် သင့်တော်သော လေ့ကျင့်ခန်းအစီအစဉ်ကို ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ အပေါ့ပါးဆုံးကိုယ်လက်လှုပ်ရှားမှုနှင့်စတင်၍ တဖြည်းဖြည်းသတ်မှတ်ထားသောအဆင့်ထိအားကစားပြုလုပ်သွားရန်ဖြစ်ပါတယ်။ သင်လည်းသူတို့နှင့်အတူတူကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းဖြင့်ကျန်းမာကြံ့ခိုင်လာမှာပါ။

    ၃။ ဆေးဝါးများမှန်ကန်စွာသောက်နိုင်ရန်ကူညီပါ။

    လူနာကိုယ်တိုင်ဆေးကိုကိုင်တွယ်သင့်ပါတယ်။ ဆေး သောက်ရာတွင်မမှားအောင်ဆေးထည့်သောဘူးများဝယ် ထားသင့်ပါတယ်။ ဆရာဝန်နှင့်ပြတိုင်းသောက်ရမည့်ဆေးစာရင်း ကိုရေးမှတ်ထားသင့်သည်။ လူနာတစ်ဦးတွင်အထူးကုများစွာနှင့်ပြထားသော ကျန်းမာရေး ကိစ္စများစွာ ရှိနိုင်ပါ သည်။ လူနာသုံးစွဲနေသော ဆေးဝါးများကို သိခြင်းအားဖြင့် ဆရာဝန်၏ကုသမှုကို များစွာအထောက်အကူ ပြုနိုင်ပါ သည်။ အဘယ်ကြောင့်ဆိုသော် အချို့သောဆေးများ သည် အတူတွဲသောက်ပါက အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ် သည်။

    ၄။ အန္တရာယ်ရှိသောလက္ခဏာများကိုသတိပြုပါ။

    လူနာရှင်များသည်အရေးပေါ်လက္ခဏာများကိုသိရှိရန်အရေးကြီးပါတယ်။ ပုံမှန်ဖြစ်နေကျပုံစံနှင့်မတူဘဲအသက်ရှူရခက်ခဲခြင်း၊ ဗိုက်ထဲကမအီမသာဖြစ်ခြင်းပခုံးကိုက်ခြင်းစ သည်တို့သည်အရေးကြီးသောလက္ခဏာများဖြစ်ပါတယ်။ စောလျင်စွာကုလေလူနာအတွက်ကောင်းလေဖြစ်ပါတယ်။

    လူနာရှင်အနေနှင့် စိတ်ဖိစီးမှုများသည်မှာ ဓမ္မတာပင် ဖြစ် သည်။ ယင်းတာဝန်ကပင် သင့်ကိုပင်ပန်းစေနိုင်ပါ သည်။ လူနာရှင် တော်တော်များများသည် သူများကို ဂရုစိုက်နေရသော ကြောင့် မိမိကိုယ်ကိုဂရုမစိုက်နိုင် ကြပါဘူး။ သင်နေထိုင်ကောင်းရန် အရေးကြီးသည်ကို နားလည်ဖို့လိုအပ်ပါသည်။ သင်ပင်ပန်းသည်ဆိုလျှင် ခဏအနားယူလိုက်ပါ။ သင်လိုအပ် သောအခါတွင် တခြားသူများ ကို အကူအညီတောင်းရန် မစိုးရွံ့ပါနှင့်။ လူနာကိုကြာရှည်စွာဂရုစိုက်နိုင်ရန် ကျန်းမာနေစေရန်အရေးကြီးပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement