backup og meta

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

    ဆီးချိုရှိနေလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်အားငယ်နေတဲ့သူများရှိလား။ ဆီးချိုရှိပေမယ့် အနေအထိုင် အာဟာရစားသုံးမှုတွေကို သေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်လို သက်တမ်းစေ့စေ့ နေလို့ရပါတယ်နော်။ ဆီးချိုဝေဒနာရှိသူအတွက် အရေးအကြီးဆုံးကတော့ နေထိုင်မှုပုံစံနဲ့ နေ့စဉ်စားသောက်မှုပုံစံပါ။ ဒီအချက်တွေကို ဟန်ချက်ညီအောင်ထိန်းနိုင်မယ်ဆိုရင် ဆီးချိုသမားတွေဟာလည်း သာမန်လူတွေလိုပဲ သက်တမ်းစေ့စေ့နေနိုင်မှာပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ က ဘာတွေများ ဖြစ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ

    ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံဆိုတာ ဘာလဲ။

    ဆီးချိုရှိတာနဲ့ လူဖြစ်ရှုံးသလိုကြီး မတွေးစေချင်ပါဘူး။ ဆီးချိုက ကုသလို့မရပေမယ့် အကောင်းဆုံးဂရုစိုက်မယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်မှာ အသေအချာပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကိုပြောပြပေးပါရစေနော်။

    ဒီအချက်က ဆီးချိုရှိသူတွေအတွက်တော်တော်လေးအရေးပါတဲ့ အချက်ပါ။ အစားအသောက်က သွေးချိုအပေါ်မှာ အဓိကသက်ရောက်နေတာပါ။ အစားစားတဲ့အခါ စားကောင်းတယ်ဆိုပြီး အများကြီးတစ်ခါတည်း စားလိုက်တာမျိုးမလုပ်ပါနဲ့။ အစားစားတဲ့အခါ အာဟာရမျှတအောင် စားပေးပါ။ စားတိုင်းမှာလည်း ဟင်းသီးဟင်းရွက်များများပါအောင်စားပြီး သကြားနဲ့ အဆီဓာတ်ပါတဲ့ အစားအစာတွေကို နည်းနည်းလောက်ပဲစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေကိုလည်း အကန့်အသတ်နဲ့စားပါ။

    • အစားပုံမှန်စားပါ

    အစား စားတဲ့အချိန်ကို တိတိကျကျလေးသတ်မှတ်ပြီး စားပေးပါ။ မနက်စာ၊ ညစာပေါင်းစားတာမျိုး မလုပ်ပါနဲ့။သွေးတွင်းသကြားဓာတ်အပေါ်မှာ ထိခိုက်မှုရှိနိုင်တာကြောင့် မနက်စာ၊ နေ့လယ်စာနဲ့ ညနေစာတို့ကို အချိန်အတိအကျလေးသတ်မှတ်ပြီးစားပေးပါ။

    အရင်ကကိုယ်လက်လှုပ်ရှားမှု မလုပ်ခဲ့ဘူးဆိုရင်တောင်မှာ အခုချိန်မှာ လှုပ်လှုပ်ရှားရှားလေးနေဖို့ပြောပါရစေ။ ဆီးချိုထိန်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့က မဖြစ်မနေနေအပ်တာပါ။ မနက်ခင်းမှာ လမ်းလျှောက်တာဖြစ်ဖြစ်၊ စက်ဘီးစီးတာမျိုးဖြစ်ဖြစ် သက်သောင့်သက်သာလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို တစ်နေ့ကို ၁၅ မိနစ်လောက်လုပ်ပေးပါ။ ခန္ဓာကိုယ်ကျန်းမာစေပြီး သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပြီးသားဖြစ်မှာပါ ဒီလိုလုပ်ပေးတာက နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်အနေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ ကျဆင်းစေပါတယ်။

    စိတ်ဖိစီးတဲ့အခါ သွေးတွင်းသကြားဓာတ်က မြင့်တက်လာတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆီးချိုရောဂါခံစားနေရတယ်ဆိုရင် စိတ်ဖိစီးစေမယ့်အရာတွေကို တတ်နိုင်သမျှရှောင်ပါ။ယောဂကစားတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာလိုမျိုး စိတ်တည်ငြိမ်စေမယ့် အရာတွေကိုလုပ်ပြီး စိတ်ဖိစီးမှုတွေကိုရှောင်ရှားပေးပါ။

    ဆီးချိုရှိသူတွေက အခြားသူတွေထက်နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်တာ၊ ကျောက်ကပ်ရောဂါနဲ့ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြောတွေ ထိခိုက်တာ၊ ခြေထောက်ပြဿနာတွေခံစားရနိုင်ခြေ ပိုများပါတယ်။ ဆေးလိပ်သောက်မယ်ဆိုရင် ဒီဖြစ်နိုင်ခြေတွေကို ပိုဆိုးသွားစေမျာ အသေအချာပါ။ ဒါကြောင့် ဆေးလိပ်ဖြတ်လိုက်တာက ကျန်းမာစေဖို့ အထောက်အကူပြုနိုင်မှာပါ။

    အရက်၊ဘီယာနဲ့ ဝိုင်တွေသောက်မထားဘူးဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရတာ ပိုမိုလွယ်ကူပါတယ်။ ဆီးချိုရှိသူတွေအနေနဲ့ အရက်ကို ကြိုက်လို့သောက်မယ်ဆိုရင်တောင်မှ အလွန်အကျွံ မသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက သွေးတွင်းသကြားဓာတ်ကို အရမ်းမြင့်သွားစေနိုင်သလို အရမ်းကျသွားတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ မသောက်တာကတော့ အကောင်းဆုံးပါပဲ။

    • ဆေးပုံမှန်သောက်ပါ

    ဆီးချိုရောဂါအတွက် ဆရာဝန်က ညွှန်ကြားထားတဲ့ဆေးတွေကို ဆေးညွှန်းအတိုင်း အတိအကျလိုက်နာသောက်သုံးဖို့လိုအပ်ပါမယ်။ ဒါကလည်း ဆီးချိုသမားတစ်ယောက် ကျန်းမာနေစေဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တစ်ချက်ပါ။

    • သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပါ
    ဆီးချိုရှိသူတွေအနေနဲ့ ပုံမှန်သွေးတွင်းသကြားဓာတ်စစ်ဆေးမှုလုပ်ဖို့ လိုပါမယ်။ ဒါမှ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ခံယူနိုင်မှာဖြစ်သလို ဆင်ခြင်နေထိုင်နိုင်မှ ာဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်တဲ့အတိုင်း သွေးချိုတိုင်းတာမျိုးကို သတိထားပြီးလုပ်ပေးပါ။
  • ပုံမှန်စစ်ဆေးမှုလုပ်ပေးပါ
  • ဆီးချိုရှိသူတွေအနေနဲ့ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ် ဆရာဝန်နဲ့ပြသပြီး ဆေးစစ်မှုကို ခံယူပေးပါ။ သွေးတွင်းကိုလက်စထရော၊ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်တို့ကို လပိုင်း တစ်ကြိမ်လောက်စစ်ရပါမယ်။ မျက်လုံးကိုတော့ တစ်နှစ်တစ်ကြိမ်စစ်ရမှာပါ။ခြေထောက်မှာ အနာတွေရှိလားဆိုတာနဲ့ အာရုံကြောတွေထိခိုက်ထားလားဆိုတာကိုတော့ မကြာမကြာစစ်ဆေးပေးပါ။
    ခြေထောက်မှာ အနာတွေဖြစ်တာကလည်း အမျိုးအစား -၂ ဆီးချိုရောဂါသမားတွေ အများဆုံးကြုံတွေ့ရတဲ့ ကျန်းမာရေးပြဿနာပါ။ တစ်ခါတလေ ခြေထောက်အနာတွေ အရမ်းဆိုးလာတဲ့အခါ ခြေထောက်ဖြတ်ပစ်ရတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခြေထောက်မှာ အနာတွေဖြစ်နေလား၊ အရည်ကြည်ဖုတွေဖြစ်နေလား၊ ပြတ်ရှဒဏ်ရာတွေများရှိနေလားဆိုတာကို စစ်ဆေးကြည့်ပါ။ ခြေထောက်မှာ ထိခိုက်ထားတာရှိမယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
    ကဲ ဆီးချိုရှိလို့ဆိုပြီး အားငယ်မနေပါနဲ့။ အခု နည်းလမ်းလေးတွေအတိုင်း ကျန်းကျန်းမာမာနေထိုင်လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement