home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါတယ်။ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝမှ ကျန်းမာမှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ဗီတာမင် B ပြည့်ဝဖို့ ဘာတွေစားရမလဲဆိုတာ ပြောပြပေးသွားမှာပါ။

ဗီတာမင် B ဘာတွေ လုပ်ပေးလဲ။

ဗီတာမင် ​B က ပျော်ဝင်လွယ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ခန္ဓာကိုယ် အတွက်

  • ကိုယ်ခံအားကို အားဖြည့်ပေးတယ်
  • ဆဲလ်တွေ ကျန်းမာစေတယ်
  • မျိုးဗီဇဆဲလ်တွေကို လုပ်ဆောင်မှု ကောင်းစေတယ်
  • အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ်
  • ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ် စတာတွေကို လုပ်ဆောင်ပေးပါတယ်။

ဗီတာမင် B ပြည့်ဝစေဖို့ ဘာတွေ စားရမလဲ။

ခန္ဓာကိုယ်က ဗီတာမင် B ကို မထုတ်လုပ်နိုင်ပါဘူး။ ဒီတော့ ဗီတာမင် B ပြည့်ဝစေဖို့ ဆိုရင်

ဆယ်လ်မွန်

ဆယ်လ်မွန်မှာ ဗီတာမင် ​ B အမျိုးအစား တော်တော်လေး စုံပါတယ်။ ဆယ်လ်မွန်ငါး ၁၀၀ ဂရမ်မှာ

  • Thiamine (ဗီတာမင် B1)
  • Riboflavin (ဗီတာမင် B2)
  • Niacin (ဗီတာမင် B3)
  • Pantothenic acid (ဗီတာမင် B5)
  • Pyridoxine (ဗီတာမင် B6)
  • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်မှာ ဖောလိတ် (ဗီတာမင် B9) ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်၊ ဆလတ်ရွက်၊ ကိုက်လန် စတာတွေမှာ ပါဝင်နေပါတယ်။

အသည်း နဲ့ ကလီစာ

အသည်းက ဗီတာမင် B ပြည့်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ကြက်အသည်း၊ အမဲ အသည်း၊ ဝက် အသည်း၊ ဆိတ်ကလီစာတို့မှာ

  • Thiamine (ဗီတာမင် B1)
  • Riboflavin (ဗီတာမင် B2)
  • Niacin (ဗီတာမင် B3)
  • Pantothenic acid (ဗီတာမင် B5)
  • Pyridoxine (ဗီတာမင် B6)
  • Biotin (ဗီတာမင် B7)
  • Folate (ဗီတာမင် B9)
  • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာလည်း ဗီတာမင် B ပါဝင်မှုက မနည်းပါဘူး။ ကြက်ဥ အရွယ်တော် တစ်လုံးမှာ

  • Riboflavin (ဗီတာမင် B2)
  • Pantothenic acid (ဗီတာမင် B5)
  • Biotin (ဗီတာမင် B7)
  • Folate (ဗီတာမင် B9)
  • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

နို့

နွားနို့ ၈ အောင်စစာ တစ်ခွက်မှာ

  • Thiamine (ဗီတာမင် B1)
  • Riboflavin (ဗီတာမင် B2)
  • Pantothenic acid (ဗီတာမင် B5)
  • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

အမဲသား

အမဲသားမှာ ဗီတာမင် အမျိုးအစား တော်တော်လေး စုံစုံလင်လင် ပါဝင်နေပါတယ်။

  • Thiamine (ဗီတာမင် B1)
  • Riboflavin (ဗီတာမင် B2)
  • Niacin (ဗီတာမင် B3)
  • Pantothenic acid (ဗီတာမင် B5)
  • Pyridoxine (ဗီတာမင် B6)
  • Cobalamin (ဗီတာမင် B12) တို့ ပါဝင်နေပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

15 Healthy Foods High in B Vitamins https://www.healthline.com/nutrition/vitamin-b-foods Accessed Date 26 June 2020

​​Vitamin B: Best Food Sources and Signs of Deficiency​ https://www.healthxchange.sg/food-nutrition/food-tips/vitamin-b-best-food-sources-signs-deficiency Accessed Date 26 June 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 26/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။