ဘယ်လိုချက်ချက် ကြိုက်ကြတဲ့ မြန်မာ့မုန့်ဟင်းခါး ဘာအာဟာရတွေပေးနေသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မုန့်ဟင်းခါးဆိုတာ လူကြိုက်အများဆုံးမြန်မာ့အစားအစာတွေထဲမှာ ထိပ်ဆုံးကပါဝင်နေတာပါ။ မနက်စာဆိုပြီးကြည့်လိုက် မုန့်ဟင်းခါးက မပါမဖြစ်၊ မုန့်ဟင်းခါးဆိုင်ဆိုတာနေရာတိုင်းမှာ ပစ်မလွဲပဲ။နေရာဒေသကိုမူတည်ပြီး ချက်နည်းအမျိုးမျိုး၊ နာမည်အမျိုးမျိုးနဲ့ ကွဲပြားကြပေမယ့် ငါးကိုအခြေခံတာချင်း တူတူပါပဲ။ ပရိုတင်းပြည့်ဝစေတဲ့ ပဲ၊ ကယ်လိုရီအတွက် ဆန်မှုန့်တို့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြည့်စွက်ကြပေမယ့် ငါးမပါလို့တော့မရဘူးလေနော်။

မုန့်ဟင်းခါးဆိုတာ

မုန့်ဟင်းခါးက ရိုးရိုးသရေစာမဟုတ်ပါဘူး။ ထမင်းမစားဘဲ သူ့ချည်းစားရင်တောင် တစ်နပ်စာအာဟာရအပြည့်အဝပေးနိုင်တဲ့ စားစရာတစ်မျိုးပါ။ ထည့်စားရတဲ့ မုန့်ဖတ်ကိုသာကြည့်ပါ၊ ဆန်နဲ့လုပ်တဲ့မုန့်ဖတ်ရယ်၊ ပဲရယ်၊ ဆန်မှုန့်ရယ်၊ ငါးငံပြာရည်ရယ်၊ ငါးအသား၊ ငါးအရိုးပြုတ်ရည်တွေနဲ့တင် ထမင်းနဲ့ဟင်းစားရသလိုပြည့်စုံသွားစေပါတယ်။
အဲဒီမှာမှ ချင်း၊ စပါးလင်၊ ကြက်သွန်ဖြူနီ၊ ငရုတ်ကောင်း စတဲ့ အမွှေးအကြိုင်တွေကို နိုင်နိုင်ထည့်ပြီးချက်ပြုတ်ရတဲ့အတွက် သူတို့ရဲ့အာဟာရအကျိုးကျေးဇူးတွေကိုပါ တပေါင်းတည်းရနိုင်ပါတယ်။ မုန့်ပွဲပြင်ဆင်တဲ့အခါလည်း အိုးဘဲဥနဲ့ အကြော်တွေပါမယ်၊ဆေးဖက်ဝင်တဲ့ နံနံပင်ပါရင်ပါမယ်၊ဒေသစာ မုန့်ဟင်းခါးတွေ ဥပမာ-မော်လမြိုင်မုန့်ဟင်းခါးဆို ပဲသီး၊ပဲပင်ပေါက်တွေကိုပါ များများထည့်စားတတ်ကြတာမျိုး ဆိုတော့ ရရှိမယ့်အာဟာရက မနည်းမနောပါပဲ။
ဒါ့ကြောင့်နေမကောင်းတဲ့သူတွေ နာလန်ထချိန်တောင်မှ ဆီမပါတဲ့ ငါးပြုတ်ငရုတ်ကောင်းမုန့်ဟင်းခါးလေးနဲ့ ခံတွင်းပြန်လိုက်ကြတာဖြစ်ပါတယ်။

ဘာအာဟာရတွေ ရနိုင်လို့လဲ

အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ငါးက အရည်အသွေးမြင့်ပရိုတင်းတွေပါဝင်တယ်၊ အိုင်အိုဒင်းအပြင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေအမျိုးစုံလည်း ပါဝင်ပါတယ်။ အသားတွေမှာတောင် အဆီကြောင့်ဘာကြောင့် စိုးရိမ်နေရသေးတယ်၊ ငါးကတော့ဘေးကင်းကင်းနဲ့ စားလို့သင့်တဲ့ ပရိုတင်းအာဟာရတစ်ခုဖြစ်ပါတယ်။ ငါးစားသုံးတာနဲ့ ငါးအရိုးပြုတ်ရည်ရဲ့ အာဟာရဓါတ်တွေကြောင့် –
နှလုံးသွေးကြောရောဂါနဲ့လေဖြတ်ကာကွယ်နိုင်တယ်
တစ်ပတ်ကို ငါးတစ်ကြိမ်ပဲစားဦးတော့ နှလုံးရုတ်တရက်ရပ်ဆိုင်းတာလိုမျိုး နှလုံးရောဂါအန္တရာယ်နဲ့လေဖြတ်ခြင်းတွေဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။
ခန္ဓါကိုယ်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရတွေပါတယ်
ငါးကနေရနိုင်မယ့်omega-3 fatty acidsတွေက ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကိုတောင်omega-3 fatty acidsပြည့်ဝအောင်စားသုံးဖို့ အကြံပေးကြတာပါ။
အသက်ကြီးလည်း ဦးနှောက်မအိုအောင် ကာကွယ်ပေးတယ်
ငါးစားသုံးခြင်းက အသက်ကြီးချိန်မှာဖြစ်ကြတဲ့ ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းမှုကိုလျှော့ချပေးတယ်။ ငါးပုံမှန်စားလေ့ရှိသူတွေဟာ မှတ်ဉာဏ်နဲ့ စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့ ဦးနှောက်အပိုင်းကို ပိုကျန်းမာစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
နေရောင်ခြည်သိပ်မရဘူး၊ ငါးလည်းမစားဘူးဆိုရင် ဗီတာမင်ဒီကိုရဖို့ဖြည့်စွက်အားဆေးသောက်မှပဲဖြစ်မှာပါ။ အဆီများတဲ့ငါးတွေဟာ အစားအစာကနေရခဲတဲ့ ဗီတာမင်ဒီအတွက် အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။
ဟော်မုန်းနည်းသိုင်းရွိုက်ရောဂါကာကွယ်ပေးတယ်

သိုင်းရွိုက်ဟော်မုန်းတွေကို ဂလင်းက အလုံအလောက်ထုတ်မပေးနိုင်တဲ့ ဒီရောဂါဟာ လည်ပင်းကြီးရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ ငါးအရိုးပြုတ်ရည်မှာပါတဲ့ အိုင်အိုဒင်းက ခန္ဓါကိုယ်ကို သိုင်းရွိုက်ဟော်မုန်းအပါအဝင်ဟော်မုန်းတွေထုတ်ပေးနိုင်အောင် ကူညီပေးပါတယ်။

ဉာဏ်ကောင်းစေတယ်

ငါးစားရင် ဉာဏ်ကောင်းတယ်လို့ပြောကြတာအမှန်ပါပဲ။ ငါးမှာပါတဲ့ သဘာဝအိုင်အိုဒင်းနဲ့omega-3 fatty acidsတွေကြောင့် ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေနိုင်ပါတယ်။

ကြွက်သားကျုံ့ဆန့်နိုင်အားကောင်းစေတယ်

အရိုးပြုတ်ရည်မှန်သမျှမှာ အဓိကအကျိုးပြုတာက ကယ်လ်စီယမ်ပါ။ ခန္ဓါကိုယ်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ဓါတ်ဖြစ်တဲ့အပြင် ကြွက်သားတွေရဲ့ကျုံ့ဆန့်နိုင်စွမ်းမှာလည်း အကူအညီပေးနိုင်ပါတယ်။

ဒါတောင် ငါးစားသုံးခြင်းရဲ့အကျိုးကျေးဇူးအကုန်မဟုတ်သေးဘူးနော်။ ငါးတစ်မျိုးတည်းနဲ့တင် ဒီလောက်အကျိုးကျေးဇူးများနေတာ၊ တခြားပါဝင်ပစ္စည်းတွေရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေပါတွက်လိုက်ရင် မုန့်ဟင်းခါးက တကယ့်ရတနာပါပဲ။

တစ်ခုပဲသတိပေးချင်တာက အပြင်မှာရောင်းကြတဲ့ မုန့်ဟင်းခါးမှာပါတဲ့ အငန်ဓါတ်ကိုသတိထားဖို့ပါ။ သွေးတိုးရောဂါရှိသူတွေအတွက်တော့ အငန်ပေါ့တာလေးကို ရွေးစားဖို့သတိပေးချင်ပါတယ်။ အိမ်မှာချက်စားတာဘေးအကင်းဆုံးပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ငရုတ်သီးက ကိုဗစ် ကာကွယ်သတဲ့လား။

ငရုတ်သီးမှာ ဗီတာမင် C ပါဝင်တာကြောင့်  ကိုယ်ခံအားကိုကောင်းစေတယ်။ ဖျားနာတာနဲ့ ရာသီတုပ်ကွေးကိုသက်သာစေတယ်။ ကိုဗစ်ကိုရော ကာကွယ်ပေးနိုင်မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေး သွေးအားမနည်းစေဖို့ ဘာတွေ ပြင်ဆင်ကျွေးမွေးမလဲ။

သွေးအားနည်းတာက လူကြီးတွေမှာမှ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းရတဲ့ အဓိက အကြောင်းအရင်းကတော့ စားသုံးမှုမှာသံဓာတ် ပါဝင်မှု နည်းနေလို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

endocrine system က ခန္ဓာကိုယ်မှာရှိတဲ့ လုပ်ဆောင်မှု အားလုံးနဲ့ ဆက်စပ်နေပါတယ်။ ကျန်းမာနေစေဖို့အတွက် endocrine system ရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ အာဟာရစုံလင်အောင် ပြင်ဆင်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 3 mins read
ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

နှင်းခူရှိသူတွေအတွက် စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read