ကြက်သွန်ဖြူမှာ ဘက်တီးရီးယားတွေနဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တဲ့allicin ပါဝင်နေပါတယ်။ ကြက်သွန်ဖြူ ပုံမှန်စားသုံးသူတွေက မစားသုံးသူတွေထက် အအေးမိဖျားနာနိုင်ခြေ ၂ ဆ ကနေ ၃ ဆလောက်အထိလျော့နည်းနေနိုင်တယ်၊ လို့လေ့လာမှု အရသိရပါတယ်။ တစ်ပတ်ကို ကြက်သွန်ဖြူ ၆ မွှာလောက်စားသုံးပေးမယ်ဆိုရင် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းလျော့ကျစေနိုင်ပြီး အစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။
(၉) သင်္ဘောသီး
သင်္ဘောသီးကလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ အသီးတစ်မျိုးပါ။ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် Cပြည့်ဝစေဖို့အတွက်နေ့စဉ် သင်္ဘောသီးမှည့် တစ်စိတ်စားပေးပါ။ သင်္ဘောသီးမှာpapain လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်ခုပါဝင်နေပါတယ်။ ဒီ အင်ဇိုင်းကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပါတယ်။ သင်္ဘောသီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် B၊ folate တို့လိုမျိုး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေပါဝင်နေပါတယ်။
(၁၀) ကီဝီသီး
ကီဝီသီးကလည်း သင်္ဘောသီးလိုပဲfolate၊ ပိုတက်ဆီယမ်၊ ဗီတာမင် K နဲ့ ဗီတာမင် C တို့လိုမျိုး ခန္ဓာကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် C ကခန္ဓာကိုယ်ရဲ့သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါတင်မကပါဘူ။ ကီဝီသီးမှာပါတဲ့ အခြားအာဟာရဓာတ်တွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကောင်းစွာအလုပ်လုပ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။