ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

သိုင်းရွိုက်ဂလင်း တစ်ခုခုဖြစ်ရင် ဘယ်လိုထိခိုက်လာနိုင်သလဲ

သိုင်းရွိုက်ဂလင်း က သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းသွားသလဲ၊ ဦးနှောက်၊နှလုံး၊အသည်းနဲ့တခြား ကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုအနှေးအမြန်ကို ထိန်းချုပ်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေမယ့်ဟော်မုန်းတွေထုတ်ပေးပါတယ်။ အသံအိုးနဲ့ ညှပ်ရိုးကြားမှာရှိပြီး လက်မအရွယ်အစားလောက်တောင်မရှိတဲ့ ဒီဂလင်းလေးကပဲ သင့်ရဲ့စိတ်ခံစားချက်ကျန်းမာရေးကအစ အမျိုးသမီးရာသီသွေးကျန်းမာရေး၊ အရိုးကျန်းမာရေးတွေအထိ အရာရာတိုင်းမှာ အရေးပါတဲ့နေရာကပါဝင်နေတာဖြစ်ပါတယ်။ သိုင်းရွိုက်ကြောင့် ခန္ဓာကိုယ်မှာ ဘယ်လို သက်ရောက်နိုင်သလဲ သိုင်းရွိုက်ပြဿနာရှိနေတဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေက - ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း ဝမ်းချုပ်ခြင်း အအိပ်များလွန်းခြင်း ပင်ပန်းနွမ်းနယ်နေခြင်း ရာသီမမှန်ဖြစ်ခြင်း သားသမီးရဖို့ခက်ခြင်း ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း လိင်စိတ်ဆန္ဒလျော့ခြင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း ရင်တလှပ်လှပ်ခုန်ခြင်း အာရုံဝေဝါးခြင်း သွေးတိုးခြင်း ခံတွင်းပျက်လာခြင်း လည်ပင်း သို့မဟုတ် ဇက်ကြောမှာ နေရအဆင်မပြေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံး  သိုင်းရွိုက်ဟော်မုန်းက သွေးကြောနံရံတွေရဲ့ကြွက်သားတွေကိုဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကိုထိန်းချုပ်ကာ နှလုံးခုန်နှုန်းကိုလွှမ်းမိုးနိုင်ပါတယ်။ သန္ဓေအောင်နိုင်စွမ်း  သိုင်းရွိုက်ဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကိုလည်း သက်ရောက်မှုပေးနိုင်ပါတယ်။ဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် မျိုးဥကြွေခြင်းနဲ့ဓမ္မတာလာချိန်တွေ မမှန်တော့ဘဲဖြစ်တတ်ပါတယ်။ အရိုး  အသက်ကြီးသူတွေမှာအရိုးကျိုးတဲ့နှုန်းက […]


ရောဂါလက္ခဏာများ

ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု

ရေသောက်ပါ၊ ရေသောက်ပါလို့ အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းက ရှိပါတယ်နော်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လောက် ရေမသောက်ဘဲနေလိုက်ရင်ကို နေလို့မကောင်းတာ သတိထားမိတယ်မလား။ ဒီတစ်ခေါက်တော့ ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။ တစ်နေ့ကို ရေဘယ်လောက်သောက်ရမလဲ တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်တော့ သောက်သုံးသင့်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အလုပ်မအားလို့၊ မေ့နေလို့၊ ရေမဟုတ်တဲ့ တခြားသောက်စရာတွေ သောက်နေလို့ (ရေသောက်စရာမလိုဘူးထင်နေတာ) ဆိုရင် ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူး။ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး နုံးတာ၊ နေလို့ မကောင်းတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ ဆီးလမ်းကြောင်း ကျောက်တည်တာ စတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ ကိုယ့်မှာ ဒီလက္ခဏာတွေဖြစ်လာရင်တော့ […]


အခြေခံကျန်းမာရေး

ချွေး ကပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

လူတိုင်းချွေးထွက်တတ်ကြပါတယ်။ အပြင်လေး မထွက်လိုက်နဲ့။ ချွေး တွေပြန်လာတာ ရေချိုးထားတဲ့အတိုင်း။ တစ်ချို့ကျတော့လည်း ဘယ်လောက်ပူပူ ချွေးလုံးဝမထွက်။ ဒီ ချွေးထွက်များတာ ချွေးလုံးမထွက်တာ တွေအပြင် ကိုယ်ခန္ဓါက ထွက်တဲ့ ချွေးတွေက ကိုယ့်ကျန်းမာရေးအကြောင်း ပြောပြနေတဲ့ အရာတွေပါ။ ချွေးထဲမှာ ရေဓါတ် ဓါတ်ဆားဓါတ်တွေပါတဲ့အတွက် သူတို့ကနေ ကိုယ့်ကျန်းမာရေးအကြောင်း အများကြီး သိနိုင်မှာပါ။ ဒီတော့ ချွေး ကနေ သိနိုင်တဲ့ ကျန်းမာရေးအကြောင်းတွေ ဘာတွေဖြစ်မလဲ။ ။ ( ၁ ) စိတ်ဖိစီးမှုများနေတာ စိတ်ဖိစီးမှုများနေ စိတ်လှုပ်ရှားနေပြီဆိုရင် ချွေးစေးတွေပြန်လာတာ လူတိုင်းကြုံဖူးကြမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ချွေးဂလင်း ၂ မျိုးရှိတဲ့အထဲ Eccrine glands ကတော့ အနံမရှိကြည်လင်တဲ့ ချွေးတွေကိုထုတ်ပေးပြီး ချိုင်းကြားပေါင်ကြားမှာရှိတဲ့ Apocrine glands ကတော့ အနံ့ပြင်းပြီး စေးကပ်တဲ့ ချွေးတွေ ထုတ်ပေးလေ့ရှိပါတယ်။ […]


ရောဂါလက္ခဏာများ

ကိုယ်ပေါ်က အဖြစ်အများဆုံး ကိုက်ခဲခြင်းပြဿနာတွေကို ဒီလို ဖြေရှင်းကြည့်ပါ။

တစ်နေ့တစ်နေ့လှုပ်ရှားသွားလာနေရတဲ့ ကျွန်တော်တို့ဟာ ခေါင်းကိုက်၊ ခါးနာ၊ ခြေလက်ကိုက်ခဲတဲ့ ပြဿနာတွေကို တစ်ချိန်မဟုတ် တစ်ချိန် ကြုံကို ကြုံရတတ်ပါတယ်။ တစ်ချို့သူ့ဘာသာ ပြန်ကောင်းသွားတာ ရှိသလို တစ်ချို့လည်း ဆေးသောက်လိုက်မှ တစ်ခုခု လုပ်လိုက်မှ သက်သာသွားတာတွေ ရှိပါတယ်။ ဒီဆောင်းပါးထဲမှာတော့ လူတိုင်းနီးပါး ကြုံတတ်တဲ့ အဖြစ်များတဲ့ ကိုက်ခဲခြင်းတွေကို သက်သာစေမယ့် နည်းတွေ အကြောင်း ပြောပြပေးမှာပါ။ ( ၁ ) ခြေလက်အရွတ်စုတ်ပြဲ ကိုက်ခဲခြင်း အားကစားသမားတွေ လှုပ်လှုပ်ရှုားရှားလုပ်ရတဲ့သူတွေအတွက် ခြေလက်ကိုက်ခဲ အရွတ်တွေ ဒဏ်ရာရတဲ့ပြဿနာဟာ မဆန်းဘူးလို့တောင် ပြောလို့ရပါတယ်။ ကိုက်ခဲတာကတစ်မျိုး၊ ရောင်ကလည်းရောင်နေသေး အညိုမဲကလည်းစွဲနေသေးတယ်ဆိုရင် ဒီတိုင် းထားလိုက်လို့ မဖြစ်တော့ဘူးလေ။ ဒါ့ကြောင့် ဒီလိုလေး လုပ်ကြည့်လို့ရပါတယ်။ ဒဏ်ဖြစ်ဖြစ်ချင်း အနားယူလိုက်ပါ၊ ဖြစ်တဲ့နေရာကို ရေခဲကပ်ပါ။ ဖိကပ်ပါ။ လှဲပြီး ခြေထောက်အောက် ခေါင်းအုံးထားပြီး […]


အခြေခံကျန်းမာရေး

အိုင်အိုဒင်းချို့တဲ့နေရင် ဒီလက္ခဏာတွေဖြစ်နေနိုင်ပါတယ်

အိုင်အိုဒင်းဓါတ်ဆိုတာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်တဲ့ သတ္တုဓါတ်တစ်မျိုးပါ။ သိုင်းရွိုက်ဂလင်းတွေကဟော်မုန်းထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်းကိုအသုံးပြုကြပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေက ဖွံ့ဖြိုးကြီးထွားမှုအပေါ်သက်ရောက်နိုင်သလို ထိခိုက်ပျက်စီးနေတဲ့ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးနိုင်တယ်၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးပြုတယ်။ ဒီလိုအရေးပါတဲ့အိုင်အိုဒင်းဓါတ်ကို ခန္ဓါကိုယ်ထဲမှာချို့တဲ့နေမယ်ဆိုရင် ကျန်းမာရေးမှာပြဿနာတွေရှိလာနိုင်တယ်။ ဒီလိုချို့တဲ့နိုင်တဲ့အန္တရာယ်က ဒီလူတွေမှာ ပိုများပါတယ် - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ အရှေ့တောင်အာရှ၊ တောင်အာရှ၊ နယူးဇီလန်၊ ဥရောပနိုင်ငံတွေလို မြေဆီလွှာမှာ အိုင်အိုဒင်းနည်းပါးတဲ့နေရာတွေမှာနေထိုင်သူတွေ၊ အိုင်အိုဒင်းဆား မသုံးသူတွေ၊ သက်သတ်လွတ်စားသူတွေဖြစ်ပါတယ်။ အိုင်အိုဒင်းချို့တဲ့တာက သိုင်းရွိုက်ဟော်မုန်းနည်းရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေထုတ်ပေးဖို့အတွက် အိုင်အိုဒင်းကိုသုံးရတာမို့ အိုင်အိုဒင်းချို့တဲ့တဲ့အခါဟော်မုန်းနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ အများအားဖြင့်တွေ့ရတတ်တဲ့ သိသာထင်ရှားတဲ့လက္ခဏာတွေကတော့ - (၁) ကိုယ်အလေးချိန်တိုးလာတာ လူတစ်ယောက်မှာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကောင်းမွန်တယ်ဆိုရင် ခွန်အားဖြစ်လာဖို့ ကယ်လိုရီတွေလောင်ကျွမ်းပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့Hypothyroidism ဆိုရင်တော့ ဇီဝဖြစ်စဉ်ကိုနှေးကွေးစေတာဖြစ်ပါတယ်။ ဒီလိုနှေးကွေးတဲ့အခါ ကယ်လိုရီတွေကို အဆီအဖြစ်ကျန်ရစ်စေလို့ ကိုယ်အလေးချိန်ကိုတိုးစေပါတယ်။ (၂) အားမရှိသလို ခံစားရတာ အိုင်အိုဒင်းချို့တဲ့သူတစ်ယောက်က အားမရှိသလိုခံစားနေရနိုင်ပါတယ်။ အရင်က အလွယ်တကူ မ နိုင်နေတဲ့အရာဝတ္တုတွေကိုတောင် မ ရတာလေးလံသလိုခံစားနေရတာမျိုး။ ကယ်လိုရီလောင်ကျွမ်းမှုအားနည်းလာတဲ့အခါ ခွန်အားနည်းလာပြီး […]


ရောဂါလက္ခဏာများ

အသက်ရှူကျပ်ခြင်းကို ဖြစ်စေမယ်လို့ လုံးဝကို မထင်မှတ်ရတဲ့ အကြောင်းအရင်းတွေနဲ့ သက်သာစေမယ့်နည်းတွေ။

အသက်ရှုရကျပ်တာ၊ အသက်ရှူမဝတာ၊ အသက်ရှူရခက်တာ စတဲ့ ပြဿနာတွေကို ကောင်းကောင်းသိတာ အဆုတ်ရောဂါသည်တွေနဲ့ နှလုံးရောဂါသည်တွေပါ။ ဒါပေမယ့် သူတို့ မဟုတ်ဘဲ အခြား ထင်မှတ်စရာ မရှိတဲ့ ကျန်းမာရေးအခြေအနေတချို့ကလည်း အသက်ရှူရကျပ်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ကိုယ့်မှာ အဆုတ်နဲ့ နှလုံးရောဂါလည်း မရှိပါဘဲနဲ့ အသက်ရှိုက်ရှူတာတောင် မဝသလိုဖြစ်နေရတာ ဘာ့ကြောင့်လဲ။ ကြည့်လိုက်ရင် မဆက်စပ်သလိုလိုနဲ့ အသက်ရှူရကျပ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ။ ( ၁ ) သွေးအားနည်းခြင်း ။ ကိုယ်တွင်းက ကလီစာတွေဆီကို အောက်ဆီဂျင်တွေ သယ်ယူပို့ဆောင်ပေးနေတဲ့တာဝန်ကို အဓိကယူရတဲ့ သွေးနီဥဆဲလ် လေးတွေ နည်းသွားတဲ့အခါ ၊ အောက်ဆီဂျင်တွေ သွေးနီဥဆဲလ်တွေဆီကပ်နေအောင် တာဝန်ယူပေးရတဲ့ သံဓါတ်နည်းတဲ့အခါ( သံဓါတ်ချို့တဲ့ သွေးအားနည်းခြင်း) မျိုးတွေမှာ အသက်ရှူရကျပ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာချင်ရင်တော့ သံဓါတ်များတဲ့ အစားအစာတွေ၊ သွေးအားဖြည့်ပေးမယ့် […]


အခြေခံကျန်းမာရေး

လက်သည်းတွေ ဘာ့ကြောင့် ပြာနေရတာလဲ။

ပုံမှန်ဆို လက်သည်း လေးတွေက ကြည့်ပြီးပန်းနုရောင်လေးသန်းနေရမှာပါ။ လက်သည်းမျက်နှာပြင်လေးက ချောနေသင့်ပြီးခုံးနေဖောင်းနေတာမျိုးတွေလည်း ရှိမနေသင့်ပါဘူး။ ဒါပေမယ့် တစ်ချို့ ရောဂါတွေရဲ့ လက္ခဏာဟာ လက်သည်းမှာ လာပြနေတတ်တာမျိုးရှိပါတယ်။ အထင်ရှားဆုံးကတော့ လက်သည်းတွေပြာတာပေါ့။ လက်သည်းတွေ ပြာနေတယ်ဆိုတာ ပုံမှန်မဟုတ်ဘဲ ကိုယ့်မှာ ရောဂါတစ်ခုခုရှိနေပြီဆိုတာကို ပြောတာဖြစ်နေတတ်ပါတယ် ။ ဒီတော့ လက်သည်းပြာခြင်းကို ဖြစ်စေတဲ့ ရောဂါ အရင်းခံတွေကို သိထားဖို့ လိုလာပါပြီ ။ ။ ကြည်ကြည်လေးဖြစ်ပြီး ပန်းရောင်သန်းနေရမယ့် လက်သည်းဟာ ဘာ့ကြောင့် ပြာနေရတာလဲ ။ ဒီလို လက်သည်းတွေပြာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကိုယ်တွင်းလှည့်နေတဲ့သွေးတွေထဲမှာ ေအာက်ဆီဂျင်နည်းနေလို့ ဖြစ်ရတာပါ။ သွေးဆဲလ်တွေထဲမှာ အောက်ဆီဂျင်ကိုသယ်တဲ့သွေးဆဲလ် သွေးနီဥြဖစ်ပြီး သွေးနီဥပုံမှန်မဟုတ်တဲ့ ပြဿနာတွေမှာလည်း ခုလို လက်သည်းတွေ ပြာနှမ်းခြင်းဖြစ်နိုင်ပါတယ်။ အေးတဲ့ရာသီဥတုမှာလည်း လက်သည်တွေ ပြာတတ်တယ်ဆိုပေမယ့် ကိုယ်တွင်းအပူချိန် ပုံမှန်ပြန်ရောက်သွားရင်တော့ လက်သည်းပန်းရောင်ပြန်သန်းသွားတတ်ပါတယ်။ ဒါပေမယ့် […]


ရောဂါလက္ခဏာများ

အသေးအဖွဲလို့ ထင်ရပေမယ့် ကြီးကျယ်သွားတတ်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု

သင်ရယ်လိုက်တဲ့အခါ ဆီးအနည်းငယ်ထွက်ကျဖူးပါသလား။ သင့်လက်တွဲဖော်နဲ့ သိပ်အစေးမကပ်သလို ဖြစ်နေပါသလား။ မကြာခဏ မေ့နေတတ်ပါသလား။ဒီအကြောင်းအရာတွေကို ဆရာဝန်နဲ့ ဆွေးနွေးဖူးပါသလား။ ဒါမှမဟုတ် အသက်ကြီးလာရင် ဖြစ်တတ်တာပဲဆိုပြီး မေ့မေ့ပျောက်ပျောက် နေဖူးပါသလား။ တကယ်တော့ ကျွန်တော်တို့ ခန္ဓါကိုယ်ဟာ အတော်လေး စမတ်ကျပါတယ်။ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံမလာခင်မှာ ရှေ့ပြေးလက္ခဏာအနည်းငယ်နဲ့ ကြိုတင်ပြီး သတိပေးလေ့ရှိပါတယ်။ သတိအနည်းငယ်ထားပြီးလေ့လာကြည့်ရင် စောစီးစွာသိပြီး ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သိပ်ပြီးအရေးမကြီးလှဘူးလို့ လူအများက ထင်မြင်တတ်ပေမယ့် လက်တွေ့မှာ ပြဿနာကြီးကျယ်သွားတတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ ဆီးမထိန်းနိုင်ခြင်း လက္ခဏာများ။ နှာချေရင်၊ ရယ်ရင်၊ အလေးအပင်မရင်၊ လေ့ကျင့်ခန်းလုပ်ရင် ဆီးထွက်ကျတတ်ပါတယ်။ ဒါမှမဟုတ် ဆီးသွားချင်စိတ်အရမ်းများနေပြီး အိမ်သာကို အချိန်မီမရောက်နိုင်ရင် အရေးပေါ် ကြုံရတတ်ပါတယ်။ ဘာကြောင့်အရေးကြီးသလဲ။ ဆီးမထိန်းနိုင်ခြင်းဟာ ဘဝရဲ့အရည်အသွေးကို ထိခိုက်တဲ့ကိစ္စဖြစ်ပါတယ်။ နေ့စဉ်ဘဝကို အကန့်အသတ်ဖြစ်သွားစေပါတယ်။ အနီးအနားမှာ အိမ်သာအလွယ်ဝင်နိုင်တဲ့ […]


ရောဂါလက္ခဏာများ

ရေဖျဉ်းရှိသူတွေအတွက် သတိထားသင့်တဲ့အချက်တွေ

ရေဖျဉ်းဆွဲတယ်ဆိုတာက ဝမ်းဗိုက်မှာအရည်တွေစုပုံလာတဲ့အခြေအနေတစ်ရပ်ပါ။ရောဂါအခြေအနေတစ်ရပ်ရပ်ရဲ့နောကဆက်တွဲအနေနဲ့ ခံစားရတဲ့ အနေအထားတစ်ရပ်ပေါ့။ အခုတစ်ခေါက်တော့ရေဖျဉ်းဆွဲတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုတာလေးကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ။ ဘာကြောင့်ရေဖျဉ်းဆွဲရတာလဲ....... ဒီအချက်တွေကြောင့်ရေဖျဉ်းဆွဲရတာပါ။ အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံထားရတာ အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံထားရတာ အရက်သောက်တာေကြာင့် အသည်းထိခိုက်ပျက်စီးနေတာတွေရဲ့နောက်ဆက်တွဲအနေနဲ့ရေဖျဉ်းဆွဲတာကို ခံစားရနိုင်ပါတယ်။ ရေဖျဉ်းဆွဲတာကိုမြင့်တက်စေနိုင်တဲ့အကြောင်းအရင်းတွေကဘာတွေများဖြစ်မလဲ........... ရေဖျဉ်းဆွဲခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သားဥအိမ်ကင်ဆာရှိတာ ပန်ကရိယကင်ဆာရှိတာ အသည်းကင်ဆာရှိတာ သားအိမ်ကင်ဆာရှိတာ နှလုံးရောဂါရှိတာ ကျောက်ကပ်ရောဂါရှိတာ ပန်ကရိယ ရောင်ရမ်းနေတာ တီဘီရောဂါခံစားနေရတာ သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ရောဂါတွေခံစားနေရတာတွေကရေဖျဉ်းဖြစ်နိုင်ခြေကို များစေတဲ့အချက်တွေပါ။ ရေဖျဉ်းစွဲနေသူတွေသတိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံကဘာတွေဖြစ်မလဲ............ ရေဖျဉ်းစွဲနေသူအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်။ ဆားလျှော့စားပါ ရေဖျဉ်းစွဲနေသူတစ်ယောက်အနေနဲ့ ဆားစားသုံးမှုကိုလျှော့ချသင့်ပါတယ်။ ဆားစားသုံးမှုများတာကရေတွေကိုပိုပြီး စုစေနိုင်တာကြောင့်ရေဖျဉ်းစွဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသောက်မှုမှာ ဆားကို တတ်နိုင်သမျှလျှော့စားပေးပါ။ အငန်ကဲတဲ့အစားအစာတွေကိုလျှော့စားဖို့လည်း မမေ့ပါနဲ့။ နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ ရေဖျဉ်းစွဲသူတစ်ယောက်အနေနဲ့ ပုံမှန်ထက်စားချင်စိတ်နည်းနေနိုင်ပါတယ်။ ဒါပေမယ့် အစားစားမှ အာဟာရပြည့်ဝမှာဖြစ်တာကြေင့် တစ်နေ့ကို နည်းနည်းချင်းစီနဲ့ ၇ ကြိမ်၈ ကြိမ်လောက် အစားစားပေးပါ။ ပရိုတင်းကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ […]


အခြေခံကျန်းမာရေး

လက်သည်းကြီးတွေ ခုံးပြီးဖောင်းနေတာ ဘာ့ကြောင့်လဲ ။

ပုံမှန်ဆို လက်သည်း တွေက ရေပြင်ညီအတိုင်း ပြေပြေလေးပဲရှိနေရမှာပါ။ ဒါပေမယ့် လက်သည်းတွေ ခုံးပြီး ဖောင်းနေတယ်ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ပြဿနာတစ်ခုခုဖြစ်နေပါပြီ။ ဒီတော့ ဆေးပညာအရ clubbing လို့ခေါ်တဲ့ ဒီလက်သည်းခုံးတဲ့ ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ ။ ။ ပုံမှန်မဟုတ်တဲ့ လက်သည်းခုံးခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။ လက်သည်းခုံးခြင်း clubbing ကိုဖြစ်စေတဲ့အကြောင်းအရင်းအများကြီးရှိပါတယ်။ ဆက်ကြည့်လိုက်ရအောင်။ လက်သည်းခုံးခြင်းကို primary နဲ့ secondary ဆိုပြီး ၂ မျိုးခွဲခြားလို့ရပါတယ်။ primary ဆိုတာ လက်သည်းကိုယ်တိုင်က ဖြစ်တာကို ပြောတာဖြစ်ပြီး secondary ကတော့ အခြားကျန်းမာရေး အခြေအနေတွေကြောင့် လက်သည်းခုံးလာတာကို ပြောဖြစ်ပါတယ်။ Primary clubbing… မိသားစု မျိုးရိုးမှာကိုတည်းက ဒီလို လက်သည်းခုံးနေတဲ့ ပြဿနာရှိရင် အခြား ကျန်းမာရေးဘာပြဿနာမှ မရှိဘဲ လက်သည်းခုံးနေနိုင်ပါတယ်။ secondary clubbing… အပေါ်မှာပြောထားတဲ့အတိုင်း ကျန်းမာရေး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်