ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ခန္ဓာကိုယ်ထဲမှာ ဘာ ကျောက် တွေ တည်နိုင်လဲ

ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ (၁) ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ် အပါအဝင် သတ္တုဓာတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါး နဲ့ နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီး သွားရင် သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ ကျောက်က သေးရင် ဆီးထဲမှာ သူ့အလိုလို ပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။ (၂) လည်ချောင်း အာသီးဆိုတာ ရောဂါပိုးမွှားတွေကို စစ်ထုတ်ဖယ်ရှားဖို့ ကူညီပေးတဲ့ လည်ချောင်း အနောက်ဘက်က တစ်ရှူးအစု နှစ်ခု ဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာ ကပ်ကျန်နေနိုင်ပြီး tonsilloliths လို့ ခေါ်တဲ့ ကျောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေ […]


အခြေခံကျန်းမာရေး

မျက်ဝန်းကတဆင့် သိနိုင်တဲ့ ကျန်းမာရေး လက္ခဏာ (၉) မျိုး

မျက်ဝန်း ထဲက အဓိပ္ပါယ် ဘာညာနဲ့ ကဗျာဆန်တဲ့တင်စားမှုတွေကြားဖူးကြမှာပေါ့။ အခုပြောမယ့် မျက်ဝန်းထဲက သင်္ကေတတွေကတော့ ကဗျာမဆန်လောက်ပါဘူး။ ကိုယ့်မှာရောဂါတစ်ခုခုဖြစ်နေပြီဆိုတာ မျက်ဝန်းကတဆင့်ဖော်ပြလာတဲ့ လက္ခဏာ တွေအကြောင်းမို့လို့ပါ။ ဒီလက္ခဏာတွေ ကိုယ့်မျက်ဝန်းမှာဖြစ်နေပြီဆို ဘာကြောင့်ဖြစ်တာလဲသိရှိပြီး ကြိုတင်သတိထားနိုင်ဖို့၊စောစောကုသနိုင်ဖို့ဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဘယ်လိုလက္ခဏာတွေဖြစ်မလဲ ကြည့်ရအောင် – မျက်စိနီတာ ဒေါသအရမ်းထွက်တဲ့အခါ ဒါမှမဟုတ် ရောဂါပိုးဝင်တဲ့အခါ မျက်လုံးထဲကသွေးကြောမျှင်လေးတွေကပြန့်ကားလာ၊ပေါက်သွားနိုင်ပါတယ်။ ဒါက အဖြစ်များကြပြီး ကုသစရာမလိုဘဲပြန်ကောင်းသွားတတ်ပါတယ်။ ထိခိုက်မှု၊ရေတိမ်၊ ကွဲရှ၊ခြစ်မိ၊ မျက်ကြည်လွှာမှာဖြစ်တဲ့အနာကြောင့်ဆိုရင်တော့ ပိုပြင်းထန်နိုင်လို့ သတိထားသင့်ပါတယ်။ မျက်စိနီရဲနေတာ တစ်ရက်၊နှစ်ရက်နဲ့မသက်သာဘူးဆိုရင်တော့ ဆရာဝန်အမြန်ပြသင့်ပါတယ်။ မျက်စိကျိန်းစပ်နေတာ အသုံးပြုတာများလို့ မျက်စိညောင်းလာတာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်တွေ မီးခိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitis လို့ခေါ်တဲ့ မျက်ခွံရောင်ရမ်းမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ blepharitis ဆိုတာ ဘက်တီးရီးယားပိုးဝင်လို့ မျက်ခွံမှာ အဖတ်အဖတ်လေးတွေလန်ပြီးရောင်ရမ်းစေတဲ့ရောဂါပါ။ မျက်လုံးက မျက်ရည်အလုံအလောက်မထုတ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်လာနိုင်ပါတယ်။ မျက်ဝတ်တွေထွက်နေတာ မျက်ဝတ်တွေ/မျက်ချေးတွေက မနက်အိပ်ရာထချိန်မှာ နည်းနည်းထွက်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ မျက်ဝတ်က […]


ရောဂါလက္ခဏာများ

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ ..... အဖြေရှာကြည့်ရအောင်နော်။ ဗိုက်ဆာတယ်ဆိုတာက ခန္ဓာကိုယ်ထဲကို လောင်စာဖြည့်တင်းဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြတာဖြစ်ပါတယ်။ ဦးနှောက်နဲ့ အစာအိမ်တို့က ဒီခံစားချက်ဖြစ်ပေါ်လာအောင် ပူးပေါင်း ဖန်တီးတာပါ။ တကယ်လို့ သင့်မှာ အစာအစားချင်စိတ် မရှိဘဲ ဘယ်လို အစားအစာမျိုးတွေကိုမှ စိတ်ဝင်စားမှုမပြသဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ တစ်စုံတစ်ရာ မှားယွင်းမှုရှိနေပါပြီ။ အခြေအနေအမျိုးမျိုးကြောင့် အစာစားချင်စိတ် ပျောက်ဆုံးတာမျိုးဖြစ်နေနိုင်ပြီးတော့ အထူးသဖြင့်တော့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်တာများပါတယ်။ အစာစားချင်စိတ်လျော့ကျတာဟာ ကိုယ်တွင်းက ဗီတာမင်ဓာတ်တွေ၊ သက်စောင့်ဓာတ်တွေ လျော့ကျလာတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ အစာစားချင်စိတ် ပျောက်ဆုံးနေစေတဲ့ အကြောင်းပြချက် အမျိုးမျိုးထဲမှာမှ အဓိက ဖြစ်စေတဲ့ အချက် ၅ ချက်ရှိပါတယ်။ ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ အစာစားချင်စိတ်ကို ပျောက်ဆုံးနေစေတဲ့ အချက် ၅ ချက် အဖျား၊ တုပ်ကွေးနဲ့ ကူးစက်ရောဂါများ ဖျားချိန်၊ နာချိန်တွေမှာ […]


ရောဂါလက္ခဏာများ

ကိုယ်ခံအားကို အားဖြည့်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ

လူတစ်ယောက်ကို ကျန်းမာစေဖို့ ဘာကများ ထောက်ပံ့ထားတာလဲ....... ကိုယ်ခံအားစနစ်ပါ။ ကိုယ်ခံအားစနစ်က နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးထားတဲ့ အရာပါ။ ဒီတော့ ကိုယ်ခံအားကောင်းဖို့က တကယ်ကို လိုအပ်တာဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် မလိုအောင်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားက သူ့အတွက် အကူအညီလိုအပ်တဲ့အခါ ဘယ်လိုအချက်ပြတတ်လဲ... ဆိုတာကို နည်းနည်းလောက် ပြောပြပေးပါရစေလား....... ကိုယ်ခံအား ဆိုတာ ကိုယ်ခံအားဆိုတာ ခန္ဓာကိုယ်အတွက် ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို ရောဂါတွေမဝင်ရောက်လာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် ကိုယ်ခံအားဆိုတဲ့ ခံတပ်ကြီး တောင့်တင်းနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကိုယ်ခံအားကို အားဖြည့်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ........... ကိုယ်ခံအားကောင်းမှ သက်ရှည်ကျန်းမာမှာပါ။ တကယ်လို့ ဒီလက္ခဏာတွေထဲက တစ်မျိုးမျိုး ဒါမှမဟုတ် တစ်မျိုးနဲ့အထက် ခံစားနေရပြီဆိုရင် ကိုယ်ခံအားကို ပြန်လည် […]


ရောဂါလက္ခဏာများ

ဗီတာမင် စီ အားနည်းနေတာ သိသာတဲ့ လက္ခဏာ (၇) ခု

ချိုချဉ်ဖန်ခါး အစားတွေစုံအောင်စားတိုင်း အာဟာရမပြည့်ပါဘူးနော်။ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေကို လုံလောက်တဲ့ပမာဏနဲ့ ညီညီမျှမျှ ရရှိနိုင်မှ ဖြစ်မှာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးထဲကမှ ဗီတာမင် စီ အကြောင်း သင်ဘယ်လောက်သိထားပြီးပြီလဲ။ ဟိုရောဂါ၊ ဒီရောဂါတွေကူးစက်ခံရမှာ စိုးရိမ်နေကြတဲ့ ခုလိုချိန်မျိုးမှာ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ ဗီတာမင် စီကို ကိုယ့်မှာ အလုံအလောက်ရရှိနေရဲ့လားဆိုတာ သိထားဖို့လိုပါတယ်။ လုံလောက်ပြီလား အရွယ်ရောက်ပြီးသား (ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မဟုတ်တဲ့) အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ဗီတာမင်စီ ၇၅ မီလီဂရမ် ၊ အမျိုးသားတွေက ၉၀ မီလီဂရမ် လိုအပ်ပါတယ်။ ဗီတာမင် စီကို ခန္ဓာကိုယ်က ကြာရှည်ထိန်းသိမ်းမထားနိုင်တာကြောင့် အစားအသောက်ကနေ နေ့တိုင်းရရှိဖို့ လိုအပ်ပါတယ်။ ဗီတာမင် စီ ဘယ်သူတွေမှာ ချို့တဲ့နိုင်လဲ ဗီတာမင်စီ ချို့တဲ့မှု ဖြစ်နိုင်ခြေအများဆုံးသူတွေကတော့ အစားရွေးသူတွေ၊ ကျန်းမာရေးနဲ့ညီအောင် မစားသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ အရက်သောက်တာများသူတွေနဲ့ ဆေးလိပ်သောက်သူတွေ […]


ရောဂါလက္ခဏာများ

အဖျားတာရှည်ခြင်း ရဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ

နေလို့မကောင်းဘူး၊ မကောင်းဘူးနဲ့ တငွေ့ငွေ့ဖြစ်နေတဲ့ အဖျားတာရှည်ခြင်း မျိုး ဖြစ်ဖူးကြမှာပါ။ ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့သာမကောင်းတာ ကိုယ်အပူကြီးတာလည်းမဟုတ်၊ အိပ်ရာထဲလဲနေတာလည်းမဟုတ်၊ ဒါပေမယ့် ပျောက်လည်းမပျောက်ဘူး။ ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာလို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ခြင်း ရဲ့အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ အဖျားတာရှည်ခြင်း ဘာတွေကြောင့် ဖြစ်နိုင်လဲ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံးဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်တာ ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ ကိုယ်အပူချိန်မြင့်လာပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့ လေပြွန်ရောင်ခြင်းတို့ကလည်း အဖျားငွေ့ငွေ့ရှိစေတဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ ဖြစ်ပါတယ်။ ရက်သီတင်းပတ်ချီအောင် […]


အခြေခံကျန်းမာရေး

ခွေးရူးရောဂါ အကြောင်း သင်သိသင့်သမျှ

ခွေးရူးရောဂါ ဆိုတာ ဖြစ်သူ၁၀၀မှာ ၉၉ယောက်သေတဲ့အထိ ပြင်းထန်ပါတယ်။ ဒါပေမယ့် ကံကောင်းတာက သူက ကာကွယ်ဆေးရှိပါတယ်။ သူက ခွေးရူးရောဂါ ပိုး (rabies virus)ရှိတဲ့ တိရစ္ဆာန်ရဲ့ ကိုက်တာ၊ ကုတ်တာ ခံရရင်ကူးပါတယ်။ တောရိုင်းတိရစ္ဆာန်တွေထဲမှာဆိုရင် လင်းနို့၊ ရှဉ့်၊ မြေခွေးစတဲ့ အကောင်တွေက ခွေးရူးပိုးကို သယ်ဆောင်ထားကြတာပါ။ လူနဲ့အနေနီးတဲ့ တိရစ္ဆာန်တွေထဲမှာဆိုရင် ခွေး၊ကြောင်၊ နွား၊ ဆိတ်စတဲ့ အကောင်တွေပါ။ ဒီထဲမှာ ခွေးကတစ်ဆင့်ကူးတာအများဆုံးပါ။ ဒါကြောင့်လည်း ခွေးရူးရောဂါ လို့ခေါ်တာပါ။ သေနှုန်း၉၉ရာခိုင်နှုန်းရှိတဲ့ ဒီ ခွေးရူးရောဂါ က ဘယ်လောက်ဆိုးလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘယ်လိုကူးတာလဲ။ ဒီမှာ ကူးနိုင်တဲ့နည်းလမ်း၊ ရှားရှားပါးပါးကူးနိုင်တဲ့နည်းလမ်း၊ မကူးနိုင်တဲ့နည်းလမ်းဆိုပြီးခွဲပြောသွားပါမယ်။ ကူးနိုင်တဲ့နည်းလမ်း အဓိကကူးနိုင်တဲ့နည်းလမ်းကတော့ ကိုယ့်ရဲ့ ပေါက်ပြဲနေတဲ့အနာ ဒါမှမဟုတ် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ ရောဂါပိုးပါတဲ့ တံတွေးတိုက်ရိုက်ထိမိရင် ကူးနိုင်ပါတယ်။ ဒါကြောင့် […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်လက္ခဏာ မပေါ့ဆသင့်ပါ

သိုင်းရွိုက်ရောဂါဆိုရင် လည်ပင်းကြီးရောဂါလို့ပဲ လူသိများပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ဟော်မုန်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေက လည်ပင်းကြီးတာချည်းပဲမဟုတ်ဘဲ လက္ခဏာအမျိုးမျိုးရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်အမှုမဲ့အမှတ်မဲ့ ဖြစ်နေကျ လက္ခဏာတွေက ခန္ဓာကိုယ်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာကို ဖော်ပြနေတတ်ပါတယ်။ ဒီအချက်တွေထဲက အတော်များများဖြစ်တယ်ဆိုရင်၊ နေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါ့ကြောင့် အရေးပါတဲ့ လက္ခဏာတွေကို သိထားသင့်တာပေါ့နော်။ ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊များခြင်းက စိတ်ခံစားချက်ကို လုံးဝပြောင်းလဲသွားစေနိုင်တယ်လို့ Mayo Clinic ကဖော်ပြထားပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းလွန်းရင် ဦးနှောက်ထဲကပျော်ရွှင်မှုပေးတဲ့ serotoninဟော်မုန်းကိုထိခိုက်စေပြီး သင့်စိတ်ကိုပုံမှန်နဲ့မတူ ညှိုးငယ်တဲ့ခံစားချက်တွေဖြစ်စေပြီး စိတ်ကျဝေဒနာအထိဖြစ်စေနိုင်ပါတယ်။ တစ်ဖက်မှာလည်း သိုင်းရွိုက်ဟော်မုန်းများလွန်းရင် စိတ်ပူပန်မှု၊စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဆတ်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်း ဝမ်းချုပ်ခြင်းကိုခံစားနေရရင်လည်း ဒီလက္ခဏာကိုသတိရပါ။ သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုမူမမှန်ရင် အစာချေဖျက်မှုမှာနှေးကွေးစေတတ်လို့ပါ။ ဒါဟာhypothyroidism ရဲ့အဖြစ်များဆုံးလက္ခဏာတစ်ခုဖြစ်တယ်လို့လည်း ပညာရှင်တွေကပြောပါတယ်။ အအိပ်များလွန်းခြင်း မနက်ဆို အိပ်ရာကမထနိုင်ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်အိပ်ရေးကမဝသလိုခံစားရပါတယ်။ အိပ်ခဲ့ရပေမယ့် မအိပ်ရသလို ခံစားချက်မျိုး။ သိုင်းရွိုက်လုပ်ဆောင်ချက်နှေးကွေးမှုက သင့်ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို လိပ်လိုနှေးစေနိုင်တာကြောင့်နေ့အချိန်မှာတောင် အိပ်ငိုက်နေစေတာဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်နေခြင်း အားမရှိသလို၊ နုံးချိနေသလို […]


အခြေခံကျန်းမာရေး

ခွေးအမွေး၊ ကြောင်အမွေးလား…ပြုစားခံရတာလား…ဆေးပညာနဲ့အဖြေထုတ်တဲ့အခါ

ရုပ်ရှင်ဇာတ်လမ်းတချို့မှာ မြင်တွေ့ရဖူးသလို အပြင်လောကမှာလည်း ဖြစ်လေ့ရှိတဲ့ မိန်းကလေးတွေရဲ့ ကျန်းမာရေးပြဿနာတစ်ခုရှိတယ်။ သားဥအိမ်တွင်းအလုံးတည်လို့ ကိုယ်ဝန်လိုလိုအထင်လွဲခံရ၊ ပစ်ပယ်ခံရတာမျိုးပေါ့။ ဒါတွေက သားဥအိမ်မှာဖြစ်တဲ့ အရည်အိတ် ။ ဒီတစ်ခါတော့ လူပြုစားတာတဲ့။ ခွေးတွေ၊ကြောင်တွေရဲ့အမွေးတွေစုပြီး ပိတ်ခဲနေတာတဲ့။ ဒီလိုအရပ်ပြောစကားတွေနဲ့ အရည်အိတ်ပြဿနာဟာ ဆရာဝန်တွေရဲ့ ခွဲစိတ်ကုသမှုနဲ့ ခွဲထုတ်လိုက်တဲ့အရည်အိတ်ထဲမှာ အမွေးလိုလို ဆံပင်လိုလိုတွေ ပါနေတဲ့အကြောင်းနဲ့ လူမှုမီဒီယာမှာပျံ့နှံ့လာပါတယ်။ ဒါတွေ ဟုတ်မဟုတ်ကို ဆေးပညာအရ အဖြေရှာကြည့်ရင် Dermoid Cyst လို့ခေါ်တဲ့ အရည်အိတ် က အဓိကတရားခံပါ။ Dermoid Cyst ထဲမှာ အမွေး၊ အရည်၊ သွား၊ အရေပြားဂလင်းတွေ‌ပါဝင်နေတတ်ပြီး ခန္ဓာကိုယ် တစ်နေရာရာမှာ ဖြစ်လာတတ်ပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲ မိန်းကလေးတွေမှာဖြစ်တတ်တဲ့ သားဥအိမ်ရေအိတ်တွေက အမျိုးမျိုးရှိပေမယ့် Dermoid Cyst ကတော့ တခြားနေရာတွေမှာလည်း ဖြစ်တတ်ပါတယ် - မျက်နှာ လည်ပင်း […]


အခြေခံကျန်းမာရေး

ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ

ဗီတာမင် D ဟာ ကိုယ်ခန္ဓာရဲ့စနစ်အတော်များများကို အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ တခြားဗီတာမင်တွေနဲ့ မတူတာက ဗီတာမင် D ဟာ ဟော်မုန်းကဲ့သို့ အလုပ်လုပ်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ဆဲလ်တစ်ခုချင်းစီမှာ သူ့အတွက် လက်ခံတဲ့နေရာ တစ်ခုစီရှိပါတယ်။ ကျွန်တော်တို့အရေပြားဟာ နေရောင်နဲ့ထိတွေ့ချိန်မှာ ကိုလက်စထရောကနေဗီတာမင် D ကို ထုတ်လုပ်နိုင်ပါတယ်။ အဆီဓာတ်များတဲ့ငါးနဲ့ အားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ တစ်နေ့တာ စားသုံးသင့်တဲ့ ဗီတာမင် D ပမာဏကတော့ ၄၀၀ မှ ၈၀၀ IU ဖြစ်ပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းဟာလည်း တွေ့ရများတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ ဗီတာမင် D ချို့တဲ့သူပေါင်း တစ်ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်