Boils (အနာစိမ်း/သွေးစုနာ) ဆိုတဲ့ အရေပြား ပြဿနာ အကြောင်းကို လေ့လာလိုက်ရအောင်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon
Boils (အနာစိမ်း/သွေးစုနာ) ဆိုတဲ့ အရေပြား ပြဿနာ အကြောင်းကို လေ့လာလိုက်ရအောင်နော်။
အနာစိမ်းဆိုတာ ပြည်ပုပ်တွေပြည့်နေတဲ့ အရေပြားပေါ်က အနာဖုတစ်ခုဖြစ်ပါတယ်။ စင်စစ် တွင် အရေပြားပေါ်ရှိ အမွေးအိတ်ကလေးများ ပိုးဝင်ရာမှဖြစ်တယ်။ အနာစိမ်းသည် မျက်နှာ၊ လည်ပင်း၊ ချိုင်း၊ တင်ပါးနဲ့ပေါင်ကဲ့သို့သော ခန္ဓါကိုယ်အနှံ့အပြားတွင် ဖြစ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာ အနာစိမ်း တစ်ခုထက်ပို၍ ပေါက်နိုင်ပါတယ်။ ကြောက်စရာကောင်းသောရောဂါမဟုတ်ပါ။ ကုသပျောက်ကင်းနိုင် ပါတယ်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားရော အမျိုးသမီးမှာဖြစ်နိုင်ပါတယ်။ အများအားဖြင့် တခြားရောဂါအရင်းခံတစ်ခုနဲ့ ဆက်စပ်နေတတ်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့ အတွက် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
အနာစိမ်းသည် ၁.၅မှ ၅ စင်တီမီတာအချင်းရှိသော သေးငယ်၊ နာကျင်သော အဖုကလေး တစ်ခုမှစ ဖြစ်တယ်။ မျက်နှာ၊ လည်ပင်း၊ ခါး၊ ပေါင်ခြံ၊ ချိုင်းနဲ့ တင်ပါးဆုံကြားတို့တွင် ဖြစ်နိုင်တယ်။ သေးငယ်သော အဖုကလေးမှ တဖြည်းဖြည်းပိုကြီး ပိုနာသောအဖုကြီးအဖြစ်ရောင်လာနိုင်ပါတယ်။
တချို့အနာစိမ်းများသည် အရေပြားအောက်နက်နက်တွင် မြှုပ်နေရာမှ ပေါ်ထွက်လာပြီး သွေးနဲ့ အဖြူအရည်များ ပေါက်ထွက်နိုင်ပါတယ်။ ပြည်ပေါက် ထွက်သွားပြီးနောက်တွင် နီရဲရောင်ရမ်း နာကျင်ခြင်းများ သက်သာသွားသော်လည်း ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ ရှိနေနိုင်ပါသေး တယ်။ နောက်ဆုံးအမာရွတ်ပင် ကျန်နေခဲ့နိုင်ပါတယ်။
စောစီးစွာမကုသရင် အနာစိမ်းသည် သွေးကြောမှတစ်ဆင့် နီးစပ်ရာ ကိုယ်တွင်းအင်္ဂါများသို့ ပိုးမွှားများ ကူးစက်စေနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင် ပင်သင့်ပါတယ်။
သင့်ဆီမှာ အောက်ပါလက္ခဏာများရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အရေပြားပေါ်ရှိ အမွေးအိတ်လေးများ ဘတ်တီးရီးယား ပိုးဝင်သောအခါ အနာစိမ်းဖြစ်တတ်ပါ တယ်။ အဖြစ်အများဆုံး ဘတ်တီးရီးယားပိုးကတော့ Staphylococus aureus (အရေပြားနဲ့ နှာခေါင်း ထဲတွင် အတွေ့များသည်) ဟုခေါ်သော ပိုးမွှားပဲဖြစ်တယ်။ အနာစိမ်းသည် အမွေးအိတ်လေးမှ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ အရေပြားတွင်း ပိုနက်သောအလွှာထဲသို့ ကူးစက်စေပါတယ်။ ပိုးဝင်နေသော အနာစိမ်း ပြည်ပုပ်များနဲ့ ထိတွေ့မိသော သူများကိုရောဂါကူးစက်နိုင်ပါတယ်။ တချို့အခြေအနေများတွင်ကုတ်ခြစ် ရာသို့မဟုတ် အင်းဆက်အကိုက်ခံရသော အရေပြားပေါက်ပြဲအနာလေးမှ အလွယ်တကူ ဘက်တီးရီး ယားပိုးဝင်ကာ အနာစိမ်းဖြစ်လာတတ်ပါတယ်။
အခြားအကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အနာစိမ်းသည် ပိုမိုဆိုးဝါးလာရင် သွေးတွင်း ဘက်တီးရီးယားပိုးဝင်ကာ ဆိုးဝါးသောအခြေအနေ များပင် ဖြစ်စေနိုင်ပါတယ်။
အနာစိမ်းသည် ကျန်းမာနေသော လူအပါအဝင် မည်သူမဆိုတွင် ဖြစ်နိုင်ပါတယ်။ သို့သော် အောက်ဖော်ပြပါ အချက်များကတော့ ရောဂါဖြစ်ပွားနိုင်ချေကို မြင့်စေပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်သည် ပိုးဝင်နေသောအရေပြားကို စမ်းသပ်ပြီး ပြည်အရည်နမူနာယူ၍ ဓါတ်ခွဲ စစ်ဆေးခြင်းဖြင့် ရောဂါအတည်ပြုပါလိမ့်မယ်။
အနာစိမ်းသည် အချိန်ခဏတာ ယားယံ၊ နာကျင်ပြီး အလိုအလျောက် ပျောက်သွားတာလည်းရှိ တတ်ပါတယ်။ ဆိုးဝါးသော ကိစ္စများတွင်တော့ အောက်ဖော်ပြပါ ကုသနည်းများကို ရွေးချယ်ရပါမယ်။
မပြင်းထန်သော အခြေအနေများအတွက် အိမ်တွင် သင်ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အခြေအနေချင်း မတူညီနိုင်ပါ။ သင့်အတွက် အကောင်းဆုံးနည်း လမ်းကို ရွေးချယ်နိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
• ဆရာဝန် ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးသောက်ပါ။
• အနာကောင်းကောင်း ကျက်သွားတဲ့အထိ ကိုယ်လက်လှုပ်ရှား အားကစားကို လျှော့လုပ်ပါ။ တတ်နိုင်သလောက် ချွေးမထွက်အောင်နေပါ။
• အရေပြားကို သန့်ရှင်းအောင်ထားပါ။
• ရေနွေးပတ် ကပ်ပေးပါ။ အနာစိမ်းပေါက်အောင် ကူညီပါလိမ့်မယ်။
• ဘယ်သောအခါမှ အနာစိမ်းကို မညှစ်ပါနဲ့။ ပိုးဝင်တတ်တယ်။
• အဝတ်အစားများနဲ့ အိမ်ရာခင်းများကို နေ့စဉ်လဲပြီး ရေနွေးနဲ့လျှော်ပါ။
• ဖျားနာလျှင် သို့မဟုတ် ဆေးကုသမှုခံယူပြီး (၃)၊ (၄)ရက်ကြာသော်လည်း မသက်သာလျှင် ဆရာဝန်နဲ့ ပြပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Aye Thi Mon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။